ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Modifying: id:Dewan Hak Asasi Manusia Perserikatan Bangsa-Bangsa
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
[[ImageFile:United Nations Human Rights Council logo.png|right|200px]]
'''ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ''' (United Nations Human Rights Council, UNHRC) သည် နိုင်ငံအသီးသီးမှ အစိုးရများပါဝင်သည့် ကုလသမဂ္ဂ အတွင်းရှိ အဖွဲ့အစည်းဖြစ်သည်။ UNHRC သည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့မှ ဆင်းသက်လာပြီး [[ကုလသမ္မဂ္ဂ အထွေထွေညီလာခံ|ကုလသမဂ္ဂ အထွေထွေညီလာခံ]]၏ အဖွဲ့ခွဲတရပ်ဖြစ်သည်။ ဂျနီဗာမြို့တွင် အခြေစိုက်သည့် UNHRC ၏ အဓိကရည်မှန်းချက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု အ​ခြေအနေများအား ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်ပြရန်ဖြစ်သည်။ <ref name="UNHRC">http://www.ohchr.org/EN</ref> UNHRC သည် ယင်းကဲ့သို့ တင်ပြရေးမှအပ အခြား အခွင့်အာဏာများ မရှိပါ။ UNHRC မှ တင်ပြလာသည့် အချက်များကို အထွေထွေညီလာခံမှတဆင့် [[ကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ|လုံခြုံရေးကောင်စီ]]ထံသို့ အကြံပြုရမည် ဖြစ်သည်။
 
ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၂၀၀၆ မတ်လ ၁၅ ရက်နေ့တွင် ထောက်ခံမဲ ၁၇၀ ကန့်ကွက်မဲ ၄ မဲ ကြားနေမဲ ၃ မဲဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက် (A/RES/60/251) အရ UNHRC ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
 
== ကောင်စီဖွဲ့စည်းပုံ ==
UNHRC ၏ အဖွဲ့ဝင် ၄၇ နေရာအား ကုလသမဂ္ဂ အထွေထွေညီလာခံမှ ရွေးချယ်သည်။ ကောင်စီဝင် သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး သက်တမ်းနှစ်ဆက်ထက်ပိုကာ မည်သည့်ကောင်စီဝင်မှ ထမ်းဆောင်ခွင့်မရှိပေ။ ကောင်စီဝင် ၄၇ နေရာတွင် ဒေသအလိုက် အာဖရိကအတွက် ၁၃ နေရာ၊ အာရှအတွက် ၁၃ နေရာ၊ အရှေ့ဥရောပအတွက် ၆ နေရာ၊ လက်တင်အမေရိကနှင့် ကယ်ရေဘီယံ ဒေသအတွက် ၈ နေရာ၊ အနောက်ဥရောပနှင့် အခြားအုပ်စုများအတွက် ၇ နေရာ အသီးသီး ခွဲဝေထားသည်။