မကန်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး စာလုံးပေါင်း စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ် |
||
စာကြောင်း ၃ -
မကန်း ။ ။
အော်-ဆွေမစုံဖက်၊ ဖြေပုံခက်အောင်၊
မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲ၊ လက်ပုစွန်ရိုး အစ ချီသည့် ဦးကြင်ဥရေး ပဒေသာသီချင်းမှ တန်ခူးလဘွဲ့တွင် တိမ်များသည် မကန်းကောင်၏ အကြေးကွက်များသဖွယ် အထပ်ထပ် အကွက်ကွက် ထနေသည်ဟု ဆိုထားသည် တစ်ကြောင်း၊ မင်းပူးဆရာတော် ဦးဩဘာသရေး မဟာဇနကဇာတ်တော်ကြီးတွင် သင်္ဘောသား ခုနှစ်ရာတို့သည် ငါးလိပ် မကန်းတို့၏ အစာဖြစ်လေကုန်၏ဟု ဆိုထားသည် တစ်ကြောင်း၊ ပြာသိုလ မကာရရာသီခွင်တွင် မကန်းကောင်
အရုပ်ရှိသည်ဟု ဆိုထားသည် တစ်ကြောင်းတို့ကြောင့် မကန်းသည် ရေသတ္တဝါ တစ်ကောင်ဖြစ်ကြောင်း သိနိုင်လေသည်။ မကန်းသည် ပါဠိ မကရ၊ သံသကြိုဋ် မကရ၊ မြန်မာ မကာရ ဟူသောစကားမှလာသည်။ ပေါရာဏ ကထာ အဘိဓာန်တွင် ပင်လယ်
ငါးကြီးတစ်မျိုးဟု ဖော်ပြထား၍ အဘိဓာန်ဋီကာ ပါဌ်တွင် လက်နှင့်ဖမ်းလျှင် ပါးစပ်ဟတတ်သော ငါးဟူ၍လည်း ဖော်ပြထားသည်။
အချို့သော ဟိန္ဒူဘာသာ ကျမ်းများ၌ မကန်းကို
ဝါရုဏမည်သော နတ်မင်း၏ စီးတော်ယာဉ်ဟု ဆိုထား၏။ အချို့ကျမ်းများတွင် ဂင်္ဂါမြစ်စောင့် နတ်သမီး၏ စီးတော်ယာဉ်ဟူ၍ ဆိုထားပြန်သည်။ ပုံသဏ္ဌာန်ကို ဖော်ပြရာ၌ ခြေလက်တို့သည် မြင်း၏ ခြေလက်ကဲ့သို့ရှိပြီးလျှင် ခွာမှာ ကွဲသောခွာရှိသည်။ သွားများသည် ကျား ခြင်္သေ့ကဲ့သို့ချွန်ထက်သည်။
ဆင်၏ နှာမောင်းရှိသည်။ ကိုယ်၏အမြီးပိုင်းသည် ငါး၏ ကိုယ်ကာယကဲ့သို့ရှိ၍ အမြီးမှာ ငါး၏ အမြီးကဲ့သို့ဖြစ်သည်။
ဝက်နားရွက်ရှိသည်။ ပါးစပ်အမြဲဖြဲထားသည်ဟု ဖော်ပြထားသည်။ အချို့က မကန်းကောင်၏ ဦးခေါင်းနှင့် နှာမောင်းမှာ ဆင်၏ နှာမောင်းနှင့် ဆင်၏ ဦးခေါင်းဖြစ်ပြီးလျှင် မျောက်၏
သွားကဲ့သို့သော သွားရှိသည်။ ခြင်္သေ့၏ ခြေလက်ကဲ့သို့သော ခြေလက်နှင့် ခြေသည်း လက်သည်းများရှိသည်။ ကိုယ်ကာယမှာ ငါး၏ ကိုယ်ကာယဖြစ်၍ အမြီးမှာ ဥဒေါင်း၏ အမြီး
ကဲ့သို့ဖြစ်သည်ဟု ဖော်ပြထားပြန်သည်။ ထို့ကြောင့် အချို့က မကန်းကောင်သည် အကယ်ရှိသော သတ္တဝါမဟုတ်၊ ဒဏ္ဍာရီ
ပုံပြင် စကားတွင်ပါသော စိတ်ကူးယဉ် ဖန်တီးယူသည့် ရေသတ္တဝါမျိုးသာ ဖြစ်သည်ဟု ယူဆကြသည်။
မည်သို့ပင် အမျိုးမျိုးတွေးသော ရေးသားကြစေကာမူ မကန်းဟုခေါ်သည့် ရေသတ္တဝါမျိုး ရှိနေသည်မှာ အမှန်ပင်ဖြစ်၏။ မကန်းများသည် ပငလယ်သမုဒ္ဒရာအောက်ရှိ ရွှံ့ညွန်
မြေပျော့များအတွင်း လိုဏ်ခေါင်းကြီး တူးဖော်၍ လျှို့ဝှက်စွာ နေကြသည်။ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်မျက်နှာရှိ ဗင်္ဂလားပင်လယ်အော်ဖြစ်သော မြိတ်ခရိုင် မြိတ်ကျွန်းစု
ပင်လယ်ရွှံ့ကုန်းများ အတွင်းဝယ် ၃ လက်မ အရွယ်မှသည် တစ်ပေထက် မကြီးလွန်းသော မကန်းများကို တံငါသည်များ
ဖမ်းယူရရှိကြသည်။ ယင်းတို့အား ပင်လယ်ကျားပါးစပ်တိုက်၌ လည်းကောင်း၊ ငါးပိလုပ်ရန်အတွက် ပုစွန်ဆိတ်ကလေးများကို
ခွဖြင့်ထိုး၍ ဖမ်းသည့်အခါ၌ လည်းကောင်း၊ တစ်ကောင်စ၊ နှစ်ကောင်စ ဖမ်းဆီးရမိတတ်သည်။ အမြောက်အမြားကိုမူ
ရွှံ့ကုန်းများအတွင်းမှ ပင်လယ်ဒီရေကျသော အချိန်တွင် လိုက်လံဖမ်းဆီးရသည်။ အလွန်ချိုသော အရသာရှိသဖြင့် သူဌေးများ ဈေးကြီးပေး၍ ဝယ်ယူစားသောက်တတ်ကြသည်။
မကန်းများသည် တစ်ကောင်ချင်း ပင်လယ်ရေအောက်၌ တွင်းဖော်နေတတ်ကြရာ ထိုတွင်းများသည် လိုဏ်ခေါင်းကြီးသဏ္ဌာန် ရှိ၏။ တွင်းပေါက်ဝမှာ တစ်ကောင်ဝင်ရုံသာ
ဖောက်လုပ်ထားလျှက် အတွင်း၌ကား အကျယ်ကြီး ထားကာ လိုဏ်ခေါင်းများနှင့် လျှို့ဝှက်ဂူများလည်း ထားရှိကြသည်။
ယင်းတို့သည် ပင်လယ်ရေ အမြဲရှိသော နေရာ၌သာ
ဒီရေကျသွားသည်တိုင်အောင် ထိုပင်လယ် ဒီရေများကို လိုဏ်ခေါင်းအတွင်း အလုံအလောက် ယူသွင်းထားကြသည်။
လိုဏ်ခေါင်းတွင်းကြီးများမှာ ၆ လက်မ အရွယ်ရှိ မကန်းလိုဏ်ခေါင်းအနက်ကို ၃ ပေမှ ၄ ပေအထိ တူးထားကြပြီးလျှင် တစ်ဖက်မှလည်း ထွက်ပေါက် လိုဏ်ခေါင်းတစ်ခုကို ဖောက်လုပ်ထားသေးသည်။ တစ်ပေ
အရွယ်မျှရှိသော မကန်းကြီးများအတွက်မူကား ၄ ပေမှသည် ၆ ပေအထိ တွင်းနက်ကြီးများကို တူးလျက် ထွက်ပေါက် ဝင်ပေါက် လုပ်ထားကြလေသည်။ တွင်း၏ အဝကို ကြည့်ကာ
အကောင်ကြီးသည် ငယ်သည်ကို ခန့်မှန်းနိုင်ကြသည့်ပြင် တွင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ကြသည်။ တွင်းထဲတွင် ယင်းတို့ရှိသည် မရှိသည်ကိုလည်း သိနိုင်ပေသည်။
ယင်းတို့ရှိသော တွင်းတွင် သွင်းထားသောရေသည် ကြည်လင် သန့်ရှင်းနေ၏။ ယင်းတို့မရှိက ရေမှာ နောက်ကျိနေသည်။ ယင်းတို့သည် တွင်းတစ်တွင်းတွင် ကြာရှည်မနေဘဲ ၁၅ ရက်မှ
တစ်လ အကြာဆုံးသော နေတတ်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ပြောင်းရွှေ့နေတတ်ကြသည်။ လူလောက်ကြီးသော မကန်းကြီးများနှင့် လူထက် ကြီးမားသော မကန်းကြီးများကား ပင်လယ်သမုဒ္ဒရာ နက်ကြီးအတွင်း၌ ရှိကြောင်း သိရသည်။
ထိုသတ္တဝါကြီးများသည် ပင်လယ်ထဲ၌ ငါးကလေးများ၊ ပင်လယ်ပိုးများနှင့် ပင်လယ် ရွှံ့စေးတစ်မျိုး ကို စားသောက်ကြသည်။
မကန်း၏ အသားသည် ကင်းနှင့် ပုစွန်တို့၏
ထားရာတွင် အခွံလွှာမှာ အထပ်လိုက် ဖြစ်နေ အထပ်တိုင်းတွင် ချွန်ထက်သော ဆူးများရှိ၏။ စိမ်းပြာညိုရောင်နှင့် ခရမ်းရောင်
အသွင်လည်းရှိကာ မကန်းကွက်ချွန်၊ တိမ်ရွက်ကွန်လဲဆိုသော စာဆိုအတိုင်းပင် ဖြစ်နေသည်ကို တွေ့ရသည်။
ယင်းတို့၏ အကွက်အကြေးများအတိုင်း
တွေ့ရတတ်သည်။
မကန်းကောင်၏ အခွံမှာ အဆက်လိုက် အဆက်လိုက် ပေါ်နေလျက် အမြီးပိုင်း၌ ကြီးလာသည်။ အမြီးပိုင်းမှာ ဝိုင်းပု၍ ကားနေသော ချွန်ထက်သော ဆူးများဖြင့် ဇောင်းတွန့်၍
ရှိနေသည်။ ထိုအမြီးများ၏ အနားတွင် လက်နှစ်ဖက်ကဲ့သို့သော လက်မနှစ်ခုရှိရာ ယင်းဖြင့် သွားလိုရာ ခရီးကို လှော်ခတ်သွားနိုင်သည့်ပြင် ပဲ့ကိုင်ပေးသေးသည်။ ဦးခေါင်းမှာ
ပုလင်းတစ်လုံး၏ ဘူး၏ထိပ်သဏ္ဌာန်ကဲ့သို့ရှိပြီးလျှင် ခေါင်း၏အောက်၊ ပခုံး နေရာနားတွင် တစ်ဖက်လျှင် လက် ၃ ခုစီ၊ ၆
ခုထွက်နေ၏။ ထိုလက်များသည် ရေထဲ၌ ကူးခတ်နိုင်သည့်ပြင် ရွှံ့ပြင်ပေါ်၌လည်း တွား၍ပြေးနိုင်၏။ ကိုယ်ခန္ဓာအောက်ပိုင်း ဝမ်းပိုက်နေရာတွင် တစ်ဖက်လျှင် ဆူးတောင် ၈ ခုစီ၊ ပေါင်း
၁၆ ခုစီရှိရာ ပင်လယ်ထဲ၌ အလွန် လျင်မြန်စွာ ကူးနိုင်သော သတ္တဝါဖြစ်သည်။ ဦးခေါင်းထိပ်တွင် မျက်လုံး ၂ လုံးကို ကာကွယ်ပေးသည့် လက်ကဲ့သို့သော ဆူးတောင် ၂ ခု ရှိသေး
သည်။ မျက်လုံး ၂ လုံးသည် ပုစွန်မျက်လုံးကဲ့သို့ တောက်ပြောင်ကာ ရှေ့သို့ပြူးထွက်နေသည်။ ထိုမျက်လုံးများရှေ့၌ ရန်သူကို ဖယ်ရှားနိုင်သည့် လက်သေးကလေး ၄ ချောင်းနှင့် တူသော အမွေးတန်း ၄ ပင်ရှိသည်။ ထိုအမွေးတန်း ၄ ပင်သည်လည်း မာကျော ပြီးလျှင် မျက်လုံးကိုပင် အကာအကွယ်
ပြုထားလေသည်။ မျက်လုံး၏ အောက်အခွံရေအတွင်းဝယ် ပါးစပ်ပေါက်၊ ဦးနှောက်၊ ဦးနှောက်အိမ် စသည် အကုန်လုံးသည် ပုစွန်ဦးခေါင်းအတွင်း စုပေါင်းနေသကဲ့သို့ စုပေါင်းနေ၏။
ဦးခေါင်း၏ တစ်ဖက်တစ်ချက်တွင် အလွန်ခိုင်မာ
ထက်မြက်သော မကန်းလက်ခေါ် လက်ကြီး ၂ ခုရှိသည်။ ထိုလက်ကြီး ၂ ခုမှာ အလွန်ကြီးမား၍ အခြားလက်များထက်
ရှည်လည်းရှည်၏။ ထိုလက်ကြီး တစ်ဖက်စီတွင် မာကျောပြီးလျှင် အလွန်ထက်သန်၍ ချွန်မြနေသော ဆူးများအချောင်း ၂ဝ မျှရှိရာ၊ မကန်းတွင် ထိုလက် ကြီး ၂ ခုသည် ကြောက်မက်
ဖွယ်ရာ အကောင်းဆုံး ဖြစ်တော့သည်။ အားလည်း အလွန်ကောင်းလျက် ထိုလက် ကြီးများဖြင့် ခုတ်မိလျှင် ပြတ်ပါသွားဖွယ်ရာ အကြောင်းရှိပြီးသော် အလွန်တက်သော ရောဂါ
တစ်မျိုးကို ခံစားရ တတ်လေသည်။ မကန်းသည် ရန်ပြုမည်ဆိုလျှင် မိမိကိုယ်ကို ကွေးလိုက်ပြီးသည့်နောက်မှ တစ်ချက်တည်းဆန့်၍ ရန်သူထံ ပစ်သွင်းလိုက်လေသည်။ ထိုအကွေးကို
အထူသတိထားရသည်။ ရေသတ္တဝါတိုင်းသည် ယင်းမကန်းကို ကြောက်ကြ၏။ အော့တိုပတ်ခေး ဘဝဲကောင်ပင် ယင်းကိုကြောက်ရသည်။
မကန်းကောင်ကို အခြောက်လှန်း၍ အိမ်၌ထားလျှင် တစ္ဆေသူရဲ မိစ္ဆာ မကောင်းဆိုးဝါးများ မချဉ်းကပ်နိုင်ဟု ရှေးလူများ အယူရှိကြသည်။ ကလေးပုခက်များတွင်လည်း မကန်းကောင် အခြောက်များကို ဆွဲပေးထားတတ်ကြသည်။
မကန်း၏ ထူးခြားသော အချက်တစ်ချက်မှာ
အရွယ်နှင့် မမျှအောင် လေမှုတ်အား ကြီးခြင်းပင်ဖြစ်သည်။ မကန်းတွင်း တစ်တွင်းကို ခဏချင်းလေဖြင့်မှုတ်၍ ဖော်ပြီးသော် လိုဏ်ခေါင်းကြီးကိုလည်း လေဖြင့်ပင်မှုတ်ကာ ရွှံ့စေးများကို အပေါ်သို့မှုတ်ထုတ်လေသည်။ အတွင်းပိုင်းရှိ ရှည်လျားသော လိုဏ်ဂူ အရပ်ရပ်ကိုလည်း နာရီပိုင်းအတွင်း ဖောက်လုပ်နိုင်သော အစွမ်းသတ္တိရှိသည်။
မကန်းကို ဟင်းချိုပြုတ်၍ သောက်ရန်သာ
အသားကို စားလျှင်လည်း အလွန်ချိုမြသော ရသာထူးတစ်မျိုးကို ခံစားရသည်။ သေမှ ဟင်းချက်လျှင် အတွင်း၌ အချိုရည်ကို မရတော့သည့်ပြင် အသားလည်း မကျန်တတ်တော့ခြင်း
ကြောင့် အရှင်ချက်စားတတ်ကြသည်။ မကန်းကို ဖမ်းရာ၌ ဖမ်းယူတတ်မှ ရသည်ဖြစ်၏။ သို့မဟုတ်ပါက ဖမ်းသူ၏ လက်မှာ မကန်းတွင်းအထဲ၌ အမှန်ကျန်ရစ်ခဲ့မည် ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)</ref>
Line ၁၇၆ ⟶ ၈၀:
[[Category:ဒဏ္ဍာရီလာ သတ္တဝါများ]]
==ကိုးကား==
<references/>
|