ကပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
→‎ကပ်ကြီးငါးပါး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၀၂ -
 
====(၁) သတ္ထန္တရာယ်ကပ်====
ဓား၊ လှံ သေနတ် အစရှိသည့် လက်နက်များအတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်ာသည်ကိုအသက်အန္တရာယ်ဖြစ်ပေါ်သည်ကို သတ္ထန္တရာယ်ကပ် ဟု ဆိုသည်။ အဓမ္မရာဂ, ဝိသမလောဘ, မိစ္ဆာဓမ္မ ဟူသည့် တရားဆိုးကြီးသုံးမျိုးတို့သည် လောက၌ ဖိစီးတိုက်ခိုက်လာသည့်အခါ လူတို့သည် တရားလက်လွတ်ကြကုန်၏။ ကိုယ်အမူအရာ နှုတ်အမူအရာတို့သည် ကြမ်းတမ်းရက်ရောစွာ ဖြစ်လာကြကုန်၏။ အမျိုးမျိုးသော လက်နက်တို့သည် ပေါ်လာကြကုန်၏။ ထိုလက်နက်တို့သည် လူတို့၏ အလိုသို့လိုက်၍ အဖော်သလဲကြီးများ ဖြစ်ကြလေကုန်၏။ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခြင်း၊ ထိုးခုတ်ခြင်း တို့သည် လောက၌ ဖြစ်ပေါ်ကုန်၏။ လုယက်ခြင်း, သူခိုး ခိုးခြင်း, ဓားပြတိုက်ခြင်း စသည်တို့သည်လည်း ဖြစ်ပေါ်လာကုန်၏။ မြို့ရွာနိဂုံးတို့ကိုလည်း မီးရှို့ခြင်းတို့လည်း ဖြစ်ပေါ်ကုန်၏။ မီးသည် တရားဆိုးသုံးပါးထွန်းကားသောအခါ လောက၏ လက်နက်ကြီးတစ်ပါး ဖြစ်၏။ ထိုသို့ဖြစ်သည့်အခါတွင် လူတို့သည် သေကျေပျက်စီးခြင်း၊ ပစ္စည်းဥစ္စာကုန်ဆုံးခြင်း၊ မြို့ပြပြည်ရွာတို့၌ မီးလောင်ခြင်းတို့ ဖြစ်ကုန်၏။<ref name="depani"/>
 
နိုင်ငံအချင်းချင်း စစ်ဖြစ်ကြလျှင် ကြီးစွာသော သတ္ထန္တရာယ်ကပ်ကြီး ဆိုက်သည်မည်၏။ ထိုအခါ စစ်တိုက်မှုကြောင့် လူများစွာတို့ သေကျေပျက်စီးကြရ၏၊ မြို့ရွာတို့သည်လည်း ပျက်စီးပြုန်းတီးကြရကုန်၏။ ထိုစစ်ပွဲများသည် အချို့သည် နှစ်နှစ် သုံးနှစ်ကြာ၏။အချို့သည် လေးငါးခြောက်နှစ် ကြာမြင်၏။ အချို့မှာမူ ဆယ်နှစ်, ဆယ့်နှစ်နှစ်ကြာမြင့်၏။ စစ်ပွဲကြာသည်နှင့်အမျှ လူသတ္တဝါများ သေကျေပျက်စီးကြရလေ ဖြစ်၏။ ထိုသတ္ထန္တရာယ်ကပ်ကြီး တိုက်ခိုက်သည့်အခါ သတ္တဝါတို့သည် နည်းပါးယုတ်လျော့ကြကုန်၏။ဤသတ္ထန္တရာယ်ကပ်သည် လူနည်းပါးကြောင်း မြို့ရွာပျက်ကြောင်းပင် ဖြစ်သည်။<ref name="depani"/>
စာကြောင်း ၁၁၂ -
ရောဂါဆိုး ဥပဒ်ဆိုး ဖြစ်ပေါ်လာသည့်အတွက်နှင့် အသက်အန္တရာယ်ဖြစ်ပေါ်လာသည်ကို ရောဂန္တရာယ်ကပ်ဟု ဆိုသည်။ လောက၌ အလွန်ကြမ်းတမ်းသည့် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အုပ်စုနယ်တွင် အပါအဝင်ဖြစ်သည့် သူရဲသံဘက်၊ မြေဘီလူး၊ ရေဘီလူး၊ ကုန်းဘီလူး၊ ကောင်းကင်ဘီလူးတို့မည်သည် ရှိ၏။ ထိုဘီလူး စသည့် အဆိုးအဝါးတို့သည် လူတို့၏ အသွေးအသားကို သောက်စားတတ်ကြ၏။ ထိုဘီဘူး သံဘကတ်တို့သည် အလွန်ဆိုးသွမ်းကြမ်းတမ်းသည့်အတွက် အခါခပ်သိမ်း သူတို့သဘောအားဖြင့် မထားကြကုန်ဘဲ စတုမဟာရာဇ်နတ်မင်းကြီးတို့သည် ဩဇာအာဏာဖြင့် ထိန်းသိမ်းစောင့်ရှောက်ထား၏။ <ref name="depani"/>
 
လောက၌ လူတို့သည် တရားပျက်ယွင်းသည့်အခါ စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အမိန့်နှင့် ထိုသူရဲသံဘက် ရက္ခိုသ်ဘီလူးများကို လူ့ပြည်သို့ စေလွှတ်ကြ၏။ ထိုအခါ ထိုဘီလူးစသည်တို့သည် လူ့ပြည်လောကသို့ ချဉ်းနင်းဝင်ရောက်ကြ၍ အခွင့်ရရှိတိုင်း လူတို့၏ အသွေးအသားကို စားသောက်ကြ၏။ ထိုသို့ ဘီလူးတို့ လူ့လောကနယ်သို့ ရောက်လာသည့်အခါတွင် လူတို့၌ များစွာသော အန္တရာယ်ရောဂါတို့ ဖြစ်ကြ၏။ လျင်မြန်စွာ သေဆုံးကြ၏။ အဖျားရိုးရိုး အနာရိုးရိုး မဟုတဘဲမဟုတ်ဘဲ ထူးဆန်းကြမ်းတမ်းသော အဖျားအနာရောဂါဆိုးတို့သည် ဖြစ်ကြ၏။ ဝမ်းသက်လျှော၍ မြန်စွာသေဆုံးခြင်း၊ မူးမေ့၍ အမြန်သေဆုံးခြင်း စသော ရောဂါဆိုးတို့ ဖြစ်ကုန်၏။ ထိုရောဂါဆိုးတို့ကိုပင် ရောဂန္တရာယ်ကပ်ဟူ၍ ဆိုသည်။ <ref name="depani"/>
 
အဓမ္မရာဂ၊ ဝိသမလောဘ၊ မိစ္ဆာဓမ္မတရားဆိုး သုံးပါးတို့သည်ပင် ကပ်ဆိုးကြီး သုံးပါးဖြစ်အောင် ထူထောင်သော အကြောင်းအရင်း ဖြစ်သည်။<ref name="depani"/>
"https://my.wikipedia.org/wiki/ကပ်" မှ ရယူရန်