ပြည်ထောင်စုစနစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီးNo edit summary
စာကြောင်း ၂၅ -
ပြည်ထောင်စုစနစ်အတွင်းရှိ အာဏာပိုင်များသည် ဘာမဟုတ်သည့်ကိစ္စလေးတခုအပေါ်မှာပင် မလိုအပ်ပဲလွှမ်းမိုးမှုရှိနေနိုင်ပြီး ဒေသခံအစိုးရမှာ မီးပွိုင့်လေးတခုထားဖို့၊ဘတ်စ်ကားမှတ်တိုင်တခုသတ်မှတ်ဖို့ကိုပင် ဗဟိုမှအတည်ပြုချက်မရပဲ လုပ်ပိုင်ခွင့်မရှိဖြစ်နေနိုင်သလို ဤသို့အခြေအနေမျိုးကြောင့်ပင် ဒေသခံများက ပြောရေးဆိုခွင့်မဲ့သည်ဟုခံစားလာရပြီး ဒေသခံပြဿနာများကို လျှစ်လျှူရှုလာကာ နိုင်ငံရေးစိတ်ဝင်စားမှုကင်းမဲ့လာသော အန္တာရာယ်ရှိ၏(political alienation)။ ဗဟိုချုပ်ကိုင်မှုသည် ယနေ့ခေတ်ပေါ်ပြဿနာများကို ဖြေရှင်းရာတွင် အားသာသောအချက်များလည်းရှိသည်။ ပြည်ထောင်စုစနစ်တွင် ရှင်းလင်းပြတ်သားသော တခုတည်းသောလမ်းညွှန်မှုအောက်တွင် စီးပွားရေးအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချကာ တိုးတက်မှုအတွက်အတူတကွ တပြိုင်တည်းပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဖက်ဒရယ်အခွင့်အရေးအတန်ငယ်ရရှိသောဒေသခံအစိုးရငယ်များအကြားဖြစ်လေ့ရှိသော ဘာမဟုတ်သောကိစ္စငယ်များဖြင့် ပွစိပွစိငြင်းခုန်မှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အခွန်ငွေကောက်ခံမှုမှာလည်း တနိုင်ငံလုံးနှုန်းထားတမျိုးတည်း ဖြစ်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုများမှာကဲ့သို့ အခွန်ငွေသက်သာသော ပြည်နယ်များသို့ရှောင်ပြေးမှုများ မဖြစ်နိုင်တော့ပါ။ ပညာရေးအဆင့်အတန်းမှာလည်း ဂျပန်နိုင်ငံတွင်ကျင့်သုံးသကဲ့သို့ တမျိုးတည်းဖြစ်ပြီး အဆင့်အတန်းအမျိုးမျိုးကွဲပြားနေမှုများ မဖြစ်နိုင်တော့ပါ။သို့ရာတွင် ဂျပန်နိုင်ငံသည်လည်း တရားဝင်ဖက်ဒရယ်နိုင်ငံမဟုတ်သော်လည်း ၁၈၇၁ပြင်သစ်ပြည်ထောင်စုမှပုံစံယူထားသောစနစ်ဖြစ်သည့် ဒေသနယ် ၄၃သုံးခုနှင့် အကြီးဆုံးမြို့သုံးမြို့နှင့် မြောက်ပိုင်းအကျဆုံးကျွန်းများတွင်ရှိသော လူမျိုးစုငယ်များအသီးသီးကို ရွေးကောက်တင်မြှောက်ခံအုပ်ချုပ်သူနှင့် လွှတ်တော်ငယ်တရပ်စီထားခွင့်ပြုထားရသည်။ ထိုအစိုးရငယ်များ၏လုပ်ဆောင်ချက်များမှာ ဗဟိုတိုကျိုအစိုးရရုံးများ၏ ကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီး ဒေသအစိုးရသည် ဒေသတွင်းကောက်ခံရသော အခွန်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းသာ ကောက်ခံခွင့်ရရှိထားသဖြင့် ဂျပန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၃၀ရာခိုင်နှုန်းပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးဟုလည်းခေါ်ကြသည်။ ဤဒေသငယ်များအတွင်းရှိပြည်နယ်အုပ်ချုပ်ရေးမှူးများသည်လည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးများကို တိုးမြင့်တောင်းဆိုနေကြဆဲဖြစ်သည်။
 
တိုင်းပြည်ဖွဲ့စည်းပုံအဆောက်အအုံအကြောင်းအစဦး၌ တင်ပြခဲ့သလို လူမျိုးစုတခုထက်ပို၍ရှိနေနိုင်သော နိုင်ငံတနိုင်ငံအတွင်းရှိ နယ်မြေအသီးသိီးကိုနယ်မြေအသီးသီးကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ရေးအတွက် လုံးဝဗဟိုချုပ်ကိုင်ရေးကို ကျင့်သုံးခြင်းအားဖြင့် တည်ငြိမ်မှုမရနိုင်ပဲ ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တစိတ်အပိုင်းမှသည် လုံးဝနီးပါးအထိ ခွဲဝေပေးနိုင်မှသာလျှင် နိုင်ငံတော်တည်ငြိမ်မှုရနိုင်ကြောင်း ကောက်ချက်စွဲနိုင်သည့်အခြေအနေများကို လက်တွေ့လောကတွင် တွေ့မြင်နေရ၏။