ဗမာနွယ်ဘာသာစကားများ: တည်းဖြတ်မှု မူကွဲများ

→‎ဗမာနွယ်ဘာသာစကားများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ပါဝင်သည့်ဘာသာစကားများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၉ -
 
=== နိရှိ (၁၉၉၉) ===
နိရှိ (၁၉၉၉) က ဗမာနွယ်ဘာသာစကားတို့၏ အကြိုရှေးဦးဘာသာစကားဖြစ်သော Proto-Burmish ၏ တိုင်ဖြင့်နှင့်စသောစကားလုံးအသုံးအနှုန်းများမှ ယနေ့ခေတ်ဗမာနွယ်ဘာသာစကားအသီးသီးတို့တွင် ပြောင်းလဲလာပုံအပေါ်တွင်အခြေခံ၍ ဗမာအုပ်စုနှင့် မရူအုပ်စုဟူ၍ အုပ်စုနှစ်ခုခွဲခြားထားသည်။ ဗမာအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ ဗမာစကား၊ မိုင်းသာစကား၊ နှင့်မိုင်းသာစကားနှင့် ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်တွင်နေထိုင်သော လူဦးရေ ၁၀၀ ခန့်ကသာပြောဆိုကြသော ရှန်းတောင်စကားတို့ဖြစ်ကြသည်။  မရူအုပ်စုတွင်ပါဝင်သောဘာသာစကားများမှာ အဇီး(ဇိုင်ဝါး)၊ လရှီ(လချိတ်)၊ မရူ၊ နှင့် Pela စကားတို့ဖြစ်ကြသည်။
; ဗမာအုပ်စုဝင်ဘာသာစကားများ
ရခိုင်စကားတွင် ''ရ'' နှင့် ''ယ ''တို့သည် အသံမတူညီသော ဗျည်းအက္ခရာများဖြစ်ကြသော်လည်း ဗမာစကားတွင်မူ ထိုဗျည်းနှစ်ခုစလုံးသည် ''ယ'' ဗျည်းသံအဖြစ်သို့ ပြောင်းလဲရောနှောသွားခဲ့ပြီး အခြားဗမာအုပ်စုဝင်ဘာသာစကားအများစုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထားဝယ်စကားတွင်မူ ''ကျောင်း'' ကို ''က္လောင်း၊ မြေ ''ကို '' မ္လေ ''စသည်ဖြင့် လဆွဲသံများကို ယနေ့အချိန်အထိ တွေ့ရှိနိုင်သေးသည်။ ရှေးမြန်မာစကားတွင် တွေ့ရှိရသော ယပင့်နှင့် ရရစ် ဗျည်းတွဲကိုမူ ဗမာအုပ်စုဝင်မည်သည့်ဘာသာစကားတွင်မှ မတွေ့ရတော့ပေ။ မြိတ်(ဘိတ်) စကားမှာမူ မြန်မာဒေသိယစကားများတွင် လေ့လာမှုအနည်းငယ်သာပြုလုပ်နိုင်သေးသည့် ဘာသာစကားတစ်ခုဖြစ်သည်။