ပင်လယ်ဓားပြမှု: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး [r2.5.2] robot Adding: ar, ast, az, be, bg, br, bs, ca, co, cs, cv, cy, da, de, el, eo, es, eu, fa, fi, fr, ga, gl, he, hr, id, io, it, ja, ka, ko, la, lt, mk, nl, nn, no, oc, pl, pt, ro, ru, sh, sk, sl, sr, sv, sw, th, tr, uk, vi, zh; cosmetic chang
စာကြောင်း ၅ -
ထို အသုံးအနှုန်းတွင် ရေမျက်နှာပြင် ကျယ်ပြန့်သော နေရာ သို့မဟုတ် ကမ်းစပ်ပေါ်တွင် ပြုမူခြင်းများ ပါဝင်သည်။ သို့သော် သင်္ဘော တစ်စင်းထဲ ပေါ်တွင် အတူတူ သွားလာနေသူ အချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုကို မူ ပင်လယ်ဓားပြမှုဟု ခေါ်ဆိုသုံးနှုန်းခြင်း မရှိပေ။ (ဥပမာ သင်္ဘောတစ်စင်းတည်း အတူတူ သွားနေသူ အချင်းချင်း ပစ္စည်းခိုးခြင်း။) ထို အသုံးအနှုန်းမှာ နိုင်ငံ၏ နယ်စပ်တွင် အစိုးရ မဟုတ်သော အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုများကို ရည်ညွှန်းသည်။
 
== အဓိပ္ပာယ်ဖွင့်ဆိုချက် ==
၁၉၈၂ခုနှစ် ကုလသမ္မဂ္ဂ ပင်လယ်ပြင် ဥပဒေ သဘောတူညီချက် အရ ပင်လယ်ဓားပြမှု ဆိုသည်မှာ ပုဂ္ဂလိကပိုင် သင်္ဘောတစ်စင်း သို့မဟုတ် လေယာဉ်ပျံတစ်စင်းမှ မှ ယာဉ်ဝန်ထမ်း သို့မဟုတ် ခရီးသည် မှနေ၍ ပင်လယ်ပြင်တွင် အခြားသင်္ဘောတစ်စင်း သို့မဟုတ် လေယာဉ်တစ်စင်း နှင့် ယာဉ်ပေါ်တွင် ပါရှိသော လူ သို့မဟုတ် ပစ္စည်းဥစ္စာကို ကြမ်းတမ်းစွာ ပြုမူခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ လိုက်လံဖမ်းဆီးခြင်း ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ပင်လယ်ဓားပြမှု ကို သင်္ဘော၊ လေယာဉ်၊ လူ သို့မဟုတ် ပစ္စည်းကို နိုင်ငံတနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှု ပြင်ပတွင် ကျူးလွန်နိုင်သည်။ အမှန်တကယ်တွင် ပင်လယ်ဓားပြမှုသည် နိုင်ငံတကာနှင့် ဆိုင်သော ပထမဆုံး ဥပဒေပင် ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် ယနေ့ခေတ်တွင် ပင်လယ်ဓားပြများအား တရားဥပဒေ လမ်းကြောင်းဖြင့် တရားစွဲဆိုရန် အတွက် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင် နေရသည်။
 
== သမိုင်းကြောင်း ==
[[File:Romtrireme.jpg|thumb|left|250px|တူနီးရှား နိုင်ငံရှိ ရောမ ထရိုင်ရင်းမ် စစ်သင်္ဘော၏ ပုံတူ ကြွေပန်းပု]]
သမုဒ္ဒရာများကို ကုန်သွယ်ရန် အတွက် စတင် အသုံးပြုချိန် ကပင် ပင်လယ်ဓားပြမှု စတင်ဖြစ်ပေါ်ခဲ့သည်ဟု သဘာဝကျစွာပင် ယူဆနိုင်သည်။ ပထမဆုံး မှတ်တမ်းတင်ထားသော ဓားပြမှုမှာ [[အေဂျင်ပင်လယ်]]နှင့် [[မြေထဲပင်လယ်]]တွင် ဘီစီ ၁၃ ရာစုက ပင်လယ်ပျော်များက စတင်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သမိုင်းကြောင်းအရ အီလီရီယန် နှင့် တိုင်ရီနီယန်တို့ကို ပင်လယ်ဓားပြများ အဖြစ်သတ်မှတ်ခဲ့ပြီး ရောမသားများနှင့် ဂရိတို့လည်း ပါဝင်သည်။ လမ်နော့စ်ကျွန်းသည် ဂရိတို့၏ လွှမ်းမိုးမှု ကို နှစ်ပေါင်းများစွာ တွန်းလှန်ခဲ့ပြီး သယာရှန် ပင်လယ်ဓားပြများ အတွက် ကွန်းခိုရာ ဖြစ်ခဲ့သည်။ ဖိုနီးရှန်းများသည် သူတို့၏ ပင်လယ်ရွက်လွှင့် ခရီးစဉ်များတွင် ပင်လယ်ဓားပြမှုကို ကျူးလွန်ခဲ့ပြီး အထူးသဖြင့် ကောင်လေးနှင့် ကောင်မလေးများကို ကျွန်အဖြစ် ရောင်းစားရန် အတွက် ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့ကြသည်။
 
ဘီစီ ၃ရာစုတွင် ပင်လယ်ဓားပြတို့က အိုလမ်ပို့စ် (အနာတိုလီးယားရှိမြို့) ကို တိုက်ခိုက်ခြင်းဖြင့် ထိုမြို့ကို မွဲပြာကျသွားစေခဲ့သည်။ ရှေးခေတ် ပင်လယ်ဓားပြများတွင် အထင်ရှားဆုံးမှာ အီလီရီယန်များ ဖြစ်ကြပြီး သူတို့သည် အနောက် ဘော်လ်ကန်ကျွန်းဆွယ်တွင် ကျက်စားခဲ့ကြသည်။ အေဒရီယားတစ် ပင်လယ်ကို အမြဲတစေ တိုက်ခိုက်ခြင်းဖြင့် အီလီရီယန်တို့သည် ရောမနိုင်ငံနှင့် ပဋိပက္ခများစွာ ဖြစ်ခဲ့သည်။ ဘီစီ ၁၆၈ ခုနှစ်တွင် ရောမတို့က အီလီရီးယားကို အောင်မြင်နိုင်ခဲ့ပြီး သူတို့နိုင်ငံအတွင်း သွတ်သွင်းခဲ့ခြင်းအားဖြင့် တိုက်ခိုက်မှုများ အဆုံးသတ်သွားခဲ့သည်။
စာကြောင်း ၂၆ -
အစောပိုင်း ပိုလီနီးရှန်း စစ်သူရဲတို့သည် ပင်လယ်ကမ်းစပ်နှင့် မြစ်ကမ်းစပ်ရှိ ရွာများကို တိုက်ခိုက်လေ့ ရှိသည်။ သူတို့သည် သူတို့ အရေးမလှပါက ဆုတ်ခွာနိုင်ရန် တိုက်ပြီးလျှင် ပြေးသည့် စနစ်ကို ကျင့်သုံးခဲ့သည်။
 
=== အလယ်ခေတ်မှ ၁၉ရာစု အထိ ===
အလယ်ခေတ် ဥရောပတွင် အထင်ရှားဆုံးနှင့် ကျက်စားရာ နယ်မြေ အကျယ်ပြန့်ဆုံး ပင်လယ် ဓားပြများမှာ ဗိုက်ကင်းခေတ်နှင့် အလယ်ခေတ် အစောပိုင်း ၇၈၃ မှ ၁၀၆၆ အထိ တိုက်ခိုက်ကျက်စားခဲ့သော စကင်ဒီနေဗီးယားမှ ဗိုက်ကင်းဟု ခေါ်သော လုယုစစ်တိုက်သူများ ဖြစ်သည်။ သူတို့သည် ကမ်းရိုးတန်းများ၊ မြစ်များနှင့် အနောက် ဥရောပရှိ ကုန်းတွင်းပိုင်းမြို့များကို ဆီဗေးသို့ ရောက်သည် အထိ တိုက်ခိုက်ခဲ့ကြပြီး ၈၄၄ ခုနှစ်တွင် နော့စ်တို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဗိုက်ကင်းတို့သည် မြောက်အာဖရိက ကမ်းရိုးတန်းနှင့် အီတလီ ကမ်းရိုးတန်းများကိုပင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့သည် ဘောလတစ်ပင်လယ်၏ ကမ်းရိုးတန်းများကို တိုက်ခိုက်လုယူခဲ့ကြပြီး အရှေ့ဥရောပ၏ မြစ်များတလျှောက် ပင်လယ်နက်နှင့် ပါရှား အထိပင် သက်ဆင်းခဲ့ကြသည်။ အလယ်ခေတ်တွင် ဥရောပ၌ အုပ်ချုပ်ရေး အာဏာ တကွဲတပြား ဖြစ်နေခြင်းက ပင်လယ်ဓားပြတို့ကို အားသာမှု ဖြစ်စေခဲ့သည်။
 
ထိုအချိန် အတွင်းတွင် မြေထဲပင်လယ်၌ မွတ်စလင် ပင်လယ်ဓားပြတို့ ထင်ရှားခဲ့သည်။ ၉ ရာစု ကုန်သည် အထိ မွတ်စလင် ပင်လယ်ဓားပြတို့၏ ကျက်စားရာမှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းနှင့် အီတလီနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း တလျှောက်တို့ဖြစ်သည်။ ၈၄၆ ခုနှစ်တွင် မွတ်စလင် တိုက်ခိုက်သူများသည် ရောမကို စီးနင်းတိုက်ခိုက်ခဲ့ပြီး ဗာတီကန်ကို ဖျက်ဆီးခဲ့သည်။ ၉၁၁ တွင် ဖရက်ဆီနက်မှ မွတ်စလင်များ [[အယ်လ်ပ် တောင်တန်း]] ဖြတ်သန်းသည့် နေရာများကို ချုပ်ကိုင်ထားမှုကြောင့်ဘစ်ရှော့ နာဘွန်းသည် ရောမမှ အီတလီသို့ ပြန်နိုင်ခြင်း မရှိခဲ့သည်။ မွတ်စလင် ပင်လယ်ဓားပြများသည် ၁၀ ရာစုတွင် ဘယ်လီရစ် ကျွန်းများကို အခြေပြု၍ လှုပ်ရှားခဲ့သည်။ ၈၂၄ မှ ၉၆၁ အထိ အာရပ် ပင်လယ်ဓားပြတို့သည် မြေထဲပင်လယ် တစ်ခုလုံးကို စီးနင်း တိုက်ခိုက်ခဲ့သည်။
 
=== အိန္ဒိယ ===
 
=== အရှေ့အာရှ ===
 
=== အရှေ့ဥရောပ ===
 
=== အာဖရိကမြောက်ပိုင်း ===
 
=== ကာရစ်ဘီယန် ===
 
{{Stub}}
 
[[ar:قرصنة]]
[[ast:Piratería]]
[[az:Dəniz quldurluğu]]
[[be:Пірацтва]]
[[bg:Пиратство]]
[[br:Morlaer]]
[[bs:Pirati]]
[[ca:Pirateria marítima]]
[[co:Piratu]]
[[cs:Pirát]]
[[cv:Пиратсем]]
[[cy:Môr-ladrad]]
[[da:Pirat]]
[[de:Piraterie]]
[[el:Πειρατεία]]
[[en:Piracy]]
[[eo:Pirato]]
[[es:Piratería]]
[[eu:Pirateria]]
[[fa:دزد دریایی]]
[[fi:Merirosvous]]
[[fr:Pirate]]
[[ga:Foghlaí mara]]
[[gl:Piratería]]
[[he:שודד ים]]
[[hr:Pirati]]
[[id:Perompakan]]
[[io:Pirateso]]
[[it:Pirateria]]
[[ja:海賊]]
[[ka:მეკობრეობა]]
[[ko:해적]]
[[la:Pirata]]
[[lt:Piratavimas]]
[[mk:Пиратство]]
[[nl:Zeerover]]
[[nn:Sjørøvar]]
[[no:Pirat]]
[[oc:Pirata]]
[[pl:Pirat]]
[[pt:Pirata]]
[[ro:Piraterie]]
[[ru:Пиратство]]
[[sh:Pirat]]
[[sk:Pirát (námorný lupič)]]
[[sl:Gusar]]
[[sr:Гусари]]
[[sv:Sjöröveri]]
[[sw:Haramia]]
[[th:โจรสลัด]]
[[tr:Korsan]]
[[uk:Піратство]]
[[vi:Cướp biển]]
[[zh:海盗]]