မီးသတ်ဦးစီးဌာန: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သမိုင်းကြောင်း: split article as လှကျော်
အရေးမကြီး →‎သမိုင်းကြောင်း: +link
စာကြောင်း ၂၇ -
၁၈၈၅ ခုနှစ်၊ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး နယ်ချဲ့အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်။ အင်္ဂလိပ်တို့သည် ၎င်းတို့၏ စီးပွားရေး၊ စစ်ရေးအရ အဓိကအချက်အခြာကျသောမြို့များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ မြို့များ၏ မီးဘေးကာကွယ်ရေးအတွက် အင်္ဂလိပ်ကပြားများ၊ စစ်တကောင်းကုလားများပါသော မီးသတ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကျန်မြို့ရွာများ၏ မီးဘေးအန္တရာယ်ကာကွယ်မှုအား လစ်လျူရှုထားသဖြင့် မြို့ရွာမီးဘေး ကာကွယ်ရေးအတွက် မြန်မာလူငယ်များပါဝင်သည့် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများကို ဒေသအလိုက် ဖွဲ့စည်းခဲ့ကြသည်။ အပျော်တမ်းမီးသတ်အဖွဲ့အစည်းများ သည် စေတနာ့မီးသတ်အသွင်သို့ တဖြည်းဖြည်းကူပြောင်းဖွဲ့စည်းကာ မြို့ရွာများ၏ မီးဘေးအန္တရာယ် သာမက နိုင်ငံ၏လွတ်လပ်ရေးအတွက် ပါဝင်လှုပ်ရှားလာကြသည်။ ကွဲပြားနေသော မီးသတ်အဖွဲ့အစည်း များကို စုစည်းရန်အတွက် ၁၉၆၄ ခုနှစ်၊ မေလ (၅) နေ့၊ တနင်္ဂနွေနေ့၊ ရန်ကုန်မြို့၊ ကန်တော်လေး၊ ဇိနတ်အစ္စလာမ်မိန်ခလေးကျောင်းခန်းမတွင် ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး ညီလာခံကိုကျင်းပခဲ့ရာ တစ်ပြည်လုံးရှိ (၁၉) ခရိုင်မှ ကိုယ်စားလှယ်ပေါင်း (၁၉၇) ဦး စုံညီစွာ တက်ရောက်ခဲ့ကြသည်။ ယင်းညီလာခံကြီးသို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုက်တက်ရောက်၍ မီးသတ်လုပ်ငန်းနှင့် ပတ်သက်၍ လမ်းညွှန်ဩဝါဒ မိန့်ကြားခဲ့သည်။
 
၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရဝန်ကြီးဌာနအောက်တွင် မီးသတ်ဦးစီးဌာနကို ထားရှိပြီး အမှုထမ်း (၂၁) ဦး ဖြင့် စတင်ခန့်ထားဆောင်ရွက်ခဲ့ရာတွင် ဦးလှကျော်အားဦး[[လှကျော်]]အား ညွှန်ကြားရေးဝန်အဖြစ် စတင်ခန့်ထားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မီးသတ်အဖွဲ့ အက်ဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့ပြီး မီးသတ်ဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွေ့ခန့်ထားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ညွှန်ကြားရေးဝန်အဖြစ် ဦးခင်မောင်လွင်အား ၁၉၅၆ ခုနှစ်အထိ ခန့်ထားခဲ့သည်။ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ယခင်ညွှန်ကြားရေးဝန် ဦးလှကျော်အား ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးကြီး၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မီးသတ်ဝန်ထမ်းနှင့် မီးသတ်အဖွဲ့အက်ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ ၁၉၆၂ ခုနှစ်၊ တော်လှန်ရေးကောင်စီ တက်လာသည့် အချိန်မှစ၍ ဒုတိယဗိုလ်မှူးကြီး စိန်လွင်မှ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရသည် မီးသတ်တပ်ဖွဲ့ဥပဒေကိုပြဋ္ဌာန်း၍ လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ စည်းကမ်းစနစ်ကျနမှု ပိုမိုရှိလာစေရေး အတွက် တပ်ဖွဲ့အသွင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
 
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကာလတွင် ၁၉၉၀ ပြည့်နှစ် မတ်လ(၁)ရက်နေ့မှစ၍ မီးသတ်ဦးစီးဌာနအား အင်အား(၇၈၃)ဦး ထပ်မံဖြည့်စွက် တိုးချဲ့ ခွင့်ပြုသဖြင့် တပ်ဖွဲ့အင်အားစုစုပေါင်း (၂၅၈၁) ဦးဖြစ်လာခဲ့ပြီး မြို့နယ်ပေါင်း (၃၇၁)မြို့နယ်ရှိသည့်အနက် မြို့နယ် ရုံးပေါင်း (၄၅)မြို့နယ်၊ မီးသတ်စခန်းပေါင်း(၁၇၃)စခန်းအဖြစ်သို့ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှစ၍ မီးသတ်ဦးစီးဌာနကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အောက်တွင် ထားရှိခဲ့ရာမှ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အောက်သို့ပြောင်းရွှေ့ထားရှိခဲ့သည်။