မောင်ထော်လေး (စစ်ကဲ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၈ -
 
== ငယ်ဘဝ ==
စစ်ကဲ မောင်ထော်လေးအား ခရစ်သက္ကရာဇ် ၁၇၇၄ ခုနှစ် တွင် [[မုတ္တမမြို့|မုတ္တမ]]တွင် မွေးဖွားခဲ့သည်။ မွန်သုံးရပ်ရှိသည့် အနက် မောင်ထော်လေးသည် မုတ္တမ [[မွန်လူမျိုး|မွန်မျိုး]]မှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်စဉ်ကပင် သဘောဖြူစင်၍ စာပေတို့ကို အတော်လိုက်စားသည် ဆို၏။ မောင်ထော်လေး ဟူသော အမည်၌ ထော် ဆိုသော စကားသည် မွန်စကား ဖြစ်သည်။ [[မော်လမြိုင်|မော်လမြိုင်မြို့]]နယ်တွင် ထော် နှစ်ယောက်နှစ်ယောက်၈ ပေါ်ပေါက်ခဲ့သည် ဟု ဆိုစကားရှိသည်။ ယင်းမှာ စစ်ကဲ မောင်ထော်လေးနှင့် မွန်သူဌေးကြီး ဦးမွန်ထော်တို့ကို အကြောင်းပြုကာ ပေါ်ပေါက်လာသော စကားဖြစ်သည်။
မောင်ထော်လေးကို ဖွားမြင်သည့်အချိန်တွင် မြန်မာနိုင်ငံ၌ ကုန်းဘောင်ဆက်သုံးဆက်မြောက် ဆင်ဖြူရှင်ဘွဲ့ခံ မြေဒူးမင်းနန်းတက်ဆဲဖြစ်၏။ မောင်ထော်လေးအား ဖွားမြင်သော အခါ၌ [[ဆင်ဖြူရှင်မင်း]]( မြန်မာသက္ကရာဇ် ၁၁၂၅ -၁၁၃၈ ) နန်းစံသည်မှာ ၁၀ နှစ်ပြည့်ခဲ့ပေပြီ။ မောင်ထော်လေး တစ်နှစ်သား အရွယ် (မြန်မာသက္ကရာဇ် ၁၁၃၆ ခုနှစ် )တွင် ဆင်ဖြူရှင်သည် ရန်ကုန်သို့ စုန်လာကာ ရွှေတိဂုံစေတီကို ထီးတင်သည်။ ဟံသာဝတီ မွန်မင်းဟောင်း [[ဗညားဒလ]]သည် မွန်လူမျိုးများကို စည်းရုံး၍ ပုန်ကန်မည် စိုးကာ မွန်မင်းဟောင်း ဗညားဒလ၊ ညီ အိမ်ရှေ့မင်းသားဟောင်းနှင့် တကွ ရဲမက်အချို့ကို ရန်ကုန်မြို့တွင် ကွပ်မျက်လိုက်လေသည်။
 
== ဒလမြို့စား ==