စကားဝှက်: တည်းဖြတ်မှု မူကွဲများ

KoPu
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး 210.14.97.90 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို InternetArchiveBot ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ -
[[File:Mediawiki 1.25 sign in form.png|thumb|အသုံးပြုသူ၏ အမည်နှင့် စကားဝှက်ကို တောင်းခံသည့် ဝီကီပီးဒီးယား၏ ဝင်ရောက်သည့် ပုံစံ]]
 
'''[[စစ်တွေခရိုင်|စ]]ကားဝှက်စကားဝှက်''' (password) သည် စကားလုံးတစ်ခု သို့မဟုတ် အက္ခရာအစုအဝေး ဖြစ်သည်။ စကားဝှက်ကို အသုံးပြုသူအား အရင်းအမြစ်များကို ရယူအသုံးပြုရန်အတွက် စစ်ဆေးခြင်း(authentication) ပြုလုပ်ရန်အသုံးပြုသည်။ ရင်းမြစ်များအား ခွင့်ပြုချက်မရှိသော ရယူအသုံးပြုခြင်းများမှ ကာကွယ်ရန်အသုံးပြုသည်။ စကားဝှက်များကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်။ ယခုခေတ်ကာလတွင် အသုံးပြုသူအမည် (username) နှင့် စကားဝှက် (password) ကို [[ကွန်ပျူတာ]]၊ မိုဘိုင်းဖုန်း၊ cable TV decoders, အေတီအမ်စက်များ (ATMs) အစရှိသည်တို့တွင် ကာကွယ်ထားသော စနစ်အတွင်းသို့ ဝင်ရောက်ရန် အသုံးပြုသည်။ ကွန်ပျူတာအသုံးပြုသူတစ်ယောက်သည် စကားဝှက်များကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အသုံးပြုကြသည်။ ဥပမာအားဖြင့် − [[အီးမေးလ်|အီးမေး]]များအသုံးပြုခြင်း၊ အကောင့်အတွင်းသို့ ဝင်ရောက်ခြင်း၊ အသုံးချဆော့ဖ်ဝဲများကို ရယူအသုံးပြုခြင်း၊ သိမ်းထားသည့်အချက်အလက်များ (database)၊ ကွန်ရက်များ၊ ဝဘ်ဆိုက်များ၊ မနက်ခင်းဘက် အွန်လိုင်းပေါ်တွင် သတင်းစာဖတ်ခြင်း စသည်တို့တွင် စကားဝှက်ကို အသုံးပြုကြသည်။
 
နာမည်မှလွဲ၍ စကားဝှက်သည် ယုတ္တိရှိသော စကားလုံးများ ဖြစ်ရန်မလိုပေ။ စကားဝှက်များသည် ရယူရန်ခက်ခဲသော စကားလုံးများ ဖြစ်ရန်လိုအပ်သည်။ မိမိနှစ်သက်သော စကားလုံးများကို အသုံးပြုနိုင်ပေသည်။ အချို့စကားဝှက်များသည် စကားလုံ:များစွာဖြင့် ဖွဲ့စည်းထားကြပြီး ၎င်းတို့ကို passphrase ဟုခေါ်သည်။ passcode နှင့် passkey ဟူသော ဝေါဟာရများကို လျှို့ဝှက်သော သတင်းအချက်အလက်များတွင် တစ်ခါတရံ အသုံးပြုကြသည်။ personal identification number (PIN) ကဲ့သို့ ၎င်းတို့သည် ဂဏန်းများဖြစ်ပြီး များသောအားဖြင့် အေတီအမ်စက်များတွင် အသုံးပြုကြသည်။ စကားဝှက်များသည် ပုံမှန်အားဖြင့် စာရိုက်ရသက်သာရန်၊ မှတ်ရလွယ်ကူစေရန် တိုတောင်းကြသည်။