အ.ထ.က(၂)စစ်တွေ: တည်းဖြတ်မှု မူကွဲများ

အ.ထ.က(၂) စစ်တွေ ဖြစ်ပေါ်လာပုံ
 
မြို့နယ် များနှင့် link ချိတ်ပေးခြင်း
စာကြောင်း ၂ -
 
 
[[စစ်တွေမြို့]] ဘောက်သီးစုရပ်ကွက်ရှိ ယခု အ.ထ.က(၂) စစ်တွေဟုခေါ်သော အစိုးရ အထက်တန်းကျောင်းကြီးကို မူလအမည်ရင်း '''နော်မံကျောင်း'''ဟု ရပ်ဝေးရပ်နီးတွင် ယခု တိုင် ခေါ်တွင်နေဆဲ ဖြစ်ပါသည်။ ဤအချက်က ဤကျောင်းတော်ကြီး၏ သက်တမ်း သည် မနည်းတော့ပြီဖြစ်ကြောင်းနှင့် ခေတ်သစ်ရခိုင်ပြည်နယ်ခေတ်သစ်[[ရခိုင်ပြည်နယ်]] ပညာရေးလောကတွင် လည်း သမိုင်းဝင်အရပ်တစ်ခု ဖြစ်ကြောင်းကို မီးမောင်းထိုးပြနေပါသည်။
 
ဤစစ်တွေနော်မံကျောင်းကြီးကို ၁၈၇၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကြောင်း မြန်မာနိုင်ငံပညာရေးဌာန သမိုင်း (၁၉၉၉ခုနှစ်၊ ဇွန်လ) အရသိရှိရပါသည်။ စဖွင့်စက ကိုယ်ပိုင်သီးခြားရပ်တည်ခဲ့ခြင်းမဟုတ်ဘဲ ထိုစဉ်က စစ်တွေမြို့တွင် တစ်ခုတည်း ရှိသော အစိုးရကျောင်း (နောင် အထက -၁ စစ်တွေဟု ဖြစ်လာပြီး ၁၉၇၃ခုမှစ၍ စစ်တွေကောလိပ်အဖြစ် ဖွင့်လှစ်လာသောနေရာ) ယခင် ဖေယာလမ်း (ယခု ကျောင်း ကြီးလမ်း)၊ မောလိပ်ရပ်ကွက်တောင်ပိုင်းတွင် တွဲဖက် ဖွင့်လှစ်ခဲ့ကြောင်း ဆိုပါသည်။
 
စစ်တွေအစိုးရကျောင်းသည် ၁၈၄၆ခုနှစ်တွင် (ထိုစဉ်က ရခိုင်လူဦးရေ ၃၁၀,၀၀၀ ခန့်မှန်းရှိခဲ့သည်) စတင်ဖွင့်လှစ်ခဲ့ သည်မှန်သော်လည်း ၁၈၆၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေး ဌာနဖွင့်သည်အထိ အခြားသော [[မော်လမြိုင်]] (၁၈၃၅ ခုနှစ်ဖွင့်)၊ [[ကျောက်ဖြူမြို့|ကျောက်ဖြူ]] (၁၈၃၆) ခုနှစ်ဖွင့်ပွဲနှင့် [[ပြည်မြို့|ပြည်]]မြို့ (၁၈၆၆ ခုနှစ်ဖွင့်) တို့ရှိ အစိုးရကျောင်းများနည်းတူ အလယ်တန်းအဆင့်ရှိသည့် ကျောင်းသာဖြစ်ပါသည်။
 
နော်မံကျောင်း (Normal)၏ မူလအဓိပ္ပာယ် ဖြစ်သည့် ကျောင်းနေတစ်ဖက် ဆရာအတတ်သင် တစ်ဖက်အဖြစ်သင် တန်း (တပည့်ဆရာစနစ် Pupil Teacher System) ဖြစ် သည့်အလျောက် ပညာရေးဖြန့်ဖြူးပေးသည်ကို လက်ခံယူမည့် ကျောင်းသားလူငယ်များ ရရှိရေးသည်လည်း အဓိကကျပါ သည်။ သို့ဖြစ်၍ စစ်တွေနော်မံကျောင်းသည် သီးခြားကျောင်း မဖြစ်ခင် အထက်တန်းကျောင်းနှင့် တွဲထားရခြင်း ဖြစ်ပေ သည်။ တွဲဖက်ထားသော ပင်မစစ်တွေအစိုးရကျောင်းမှာ အလယ် တန်း အဆင့်ရှိသည့် ကျောင်းသာဖြစ်သဖြင့် စစ်တွေ နော်မံကျောင်းသည် မူလတန်းဆရာဖြစ်အတွက် အောင်လက်မှတ် များကို ထုတ်ပေးခဲ့မည် ဖြစ်ပါသည်။ စာမေးပွဲကို မြန်မာနိုင်ငံ ပညာရေးဌာနမှ ကြီးမှူးကျင်းပခဲ့မည်သာ ဖြစ်ပါသည်။
စာကြောင်း ၂၁ -
ကျောက်ဖြူနှင့် စစ်တွေတို့တွင် အစိုးရကျောင်းများ ကို ဖွင့်လှစ်စဉ်အခါက ရခိုင်ဒေသတွင် ရခိုင်တို့၏ ဓလေ့ထုံးစံ နှင့်အညီ ပညာသင်ကြားမှုများ ရှိနေဆဲဖြစ်ပါသည်။ အရေး အဖတ်နှင့် သင်္ချာပညာတို့ကို သင်ကြားပေးပါသည်။ ထို ပညာများကို ဘုန်းကြီးကျောင်းများ၊ လူကျောင်းများတွင် သင် ကြားပေးပါသည်။
 
ထိုကာလ ၁၈၇၀ပြည့်နှစ်ဝန်းကျင်တွင် ရခိုင်ရှိ လူ ကျောင်းစာရင်းမှာ စစ်တွေခရိုင်တွင် ၇၄ကျောင်း၊ ယောက်ျား ၈၈၅ဦး၊ မိန်းကလေး ၂၇ဦး၊ ပေါင်း ၉၁၂ဦး၊ ရမ်းဗြဲခရိုင်တွင် လူကျောင်း ၁၂ကျောင်း၊ ယောက်ျားလေး ၈၀ဦးသာ ရှိပါသည်။ သံတွဲမှ[[သံတွဲမြို့|သံတွဲ]]မှ စာရင်းမှာ မရပါ။ (မြန်မာနိုင်ငံ ပညာရေး သမိုင်း စာ ၁၈၄)။ ထိုစဉ်က ရခိုင်လူဦးရေမှာ ၄၅ဝ,ဝဝဝ ဦး ရှိပါသည်။
 
လူကျောင်းများမှာ ရပ်ရွာအလိုက် အစီအစဉ်ဖြင့် ဆရာများကို ငှား၍ သင်ကြားသလို၊ ငွေကြေးတတ်နိုင်သူတို့ လည်း မိမိတို့အစီအစဉ်ဖြင့် ဆရာများကို ငှားရမ်းကာ မိမိ တို့အိမ်တွင်ပင် သင်ကြားပေးခဲ့ပါသည်။ နီးစပ်ရာအလိုက် ကျန်ကျောင်းသားများက အခမဲ့ တက်ရောက်နိုင်ကြပါသည်။ ငွေကြေးတတ်နိုင်သူတို့က ဤသင်ကြားပေးခြင်းကို ပညာဒါန ပေးလှူသည်ဟု သတ်မှတ်ကြပါသည်။ (ဤစနစ်သည် ရခိုင်ကျေးလက်များတွင် ၁၉၃၀ ပြည့်လွန်အထိ စဉ်လာမပျက် ရှိနေခဲ့ကြောင်း သိရှိရပါသည်။)
စာကြောင်း ၃၁ -
ခရစ်ယာန် သာသနာပြုလုပ်ငန်းသည် ရခိုင်တွင် ၁၈၄၀ပြည့်နှစ်၌ သံတွဲတွင် တည်ထောင်ခဲ့ပါသည်။ ထိုသို့ သာသနာပြုဖွင့်လှစ်ရခြင်းမှာ မြန်မာမင်းပိုင်နယ်ရှိ မြစ်ဝကျွန်း ပေါ်မှ ကရင်လူမျိုးများကို လှမ်း၍သိမ်းသွင်းရန် ဖြစ်ပါသည်။ (မြန်မာနိုင်ငံပညာရေးသမိုင်း စာ ၁၂၆)။
 
၁၈၇၀-၇၁ခုနှစ် ရခိုင်တိုင်းမင်းကြီး အစီရင်ခံစာ အရ ရခိုင်တိုင်းတွင် အစိုးရကျောင်း ၂ကျောင်း (စစ်တွေနှင့် ကျောက်ဖြူတွင် တစ်ကျောင်းစီ)နှင့် စစ်တွေခရိုင်တွင် လူကျောင်း၂ကျောင်း၊ [[ရမ်းဗြဲမြို့|ရမ်းဗြဲ]] (ကျောက်ဖြူ)ခရိုင်တွင် လူကျောင်း ၁ကျောင်းသာ ရှိခဲ့သည်။ သာသနာပြုကျောင်း မရှိခဲ့ပါ။ကျောင်းတက်အင်အားမှာ စစ်တွေခရိုင်တွင် ၁၆၁ ဦး၊ ရမ်းဗြဲ ခရိုင်တွင် ၁၃၅ဦးသာ ရှိခဲ့ပါသည်။ အစိုးရကျောင်းများအနေ ဖြင့် စစ်တွေတွင် ၁၅၇ ဦးနှင့် ရမ်းဗြဲတွင် ၈၅ဦး အသီးသီး ရှိခဲ့ပါသည်။ (ဤစာရင်းမှာ ပညာရေးသမိုင်းနှင့် ကွာခြား နေပါသည်။ လူကျောင်းသတ်မှတ်ပုံ အယူအဆ တူညီခြင်း၊ မရှိဟန် တူပါသည်။)
 
၁၈၇၀ပြည့်နှစ်တွင် ရခိုင်ရှိ လူကျောင်း၊ ဘုန်းကြီး ကျောင်းများမှာ စစ်တွေခရိုင်တွင် ဘုန်းကြီးကျောင်း ၂၃၂ ကျောင်း၊ ကိုရင် ၁၄၈၊ ကျောင်းသားဦးရေ ၁၉၅၅ စုစုပေါင်း တပည့်ဦးရေ ၂၁၁၃ဦး၊ ရမ်းဗြဲခရိုင်တွင် ဘုန်းကြီးကျောင်း | ၁၆၅၊ ကိုရင် ၁၅၅ဝ၊ ကျောင်းသား ၁၅၅၊ စုစုပေါင်း ၁၇၀၅ ဦး ရှိသည်။ သံတွဲခရိုင်မှ စာရင်းမရှိပါ။