ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

တေလေ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Beethoven.jpg|thumb|250px|<center>ဂျိုးဆက်စတိုင်လာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား- ၁၈၂၀</center>
[[File:Beethoven Signature.svg|right|250px|alt=signature written in ink in a flowing script]]]]
ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ '''လူးဝစ် ဗင် ဘီသိုဗင်''' ({{lang-en|Ludwig van Beethoven}}; {{IPAc-en|audio=En-LudwigVanBeethoven.ogg|ˈ|l|ʊ|d|v|ɪ|ɡ|_|v|æ|n|_|ˈ|b|eɪ|ˌ|t|oʊ|v|ən}}; {{IPA-de|ˈluːtvɪç fan ˈbeːtˌhoˑfn̩|lang|De-Ludwig_van_Beethoven.ogg}}; ၁၇၇၀-၁၈၂၇)အား အကြီးမားဆုံး တေးပြုဂီတစာဆိုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြသည်။ တေးဂီတများရေးစပ်သီကုံးခြင်းဖြင့်ထင်ရှားကျော်ကြားသည်။ အထူးသဖြင့် ဘီသိုဗင်၏ ဆင်ဖနီဂီတများကား ဂီတလောကတွင် အမြုတေရတနာများသဖွယ် ထူးခြားကောင်းမွန်လှ၍ ယခုခေတ်အခါထိ မှေးမှိန်ခဲ့ခြင်း မရှိပေ။ အနောက်တိုင်း ဂီလောကတွင် ဘီသိုဗင်၏ လက်ရာသီချင်းကြီး သီချင်းခန့်များကို လေးလေးစားစား လေ့လာသင်ကြား ကြရသည်။ ဘီသိုဗင်သည် ထူးခြားသော အနုပညာပါရမီရှင် တစ်ဦးဖြစ်လင့်ကစား၊ သူ၏ ဘဝတစ်သက်တာ တစ်လျှောက်လုံးတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ကောင်းစွာမခံစားရရှာသူ ဖြစ်သည်။ အခြားသူများ၏ သောတအာရုံကို သာယာကြည်နူးစေသည့် တေးဂီတများကို စပ်ဆိုစွမ်းဆောင်နိုင်ခဲ့သော်လည်း၊ သူကိုယ်တိုင်မှာမူ အရွယ် ကောင်းချိန်၊ အသက် ၃ဝ ကျော်ခန့်မှစ၍ နားမကြားသော ဝေဒနာ စွဲကပ်ခဲ့သည်မှာ ကွယ်လွန်သည့် တိုင်အောင် ဖြစ်သည်။ သို့သော် မိမိ၏ ဘဝအကျိုးပေး နုံချာမှု၊ အကုသိုလ် ဖိစီးမှုများကို အရှုံးမပေးဘဲ ကြိုးစား တွန်းလှန်ခဲ့သဖြင့် ဘဝ တိုက်ပွဲသူရဲကောင်း တစ်ဦးဟု ဆိုရပေမည်။ကြရပေမည်။
 
ဘီသိုဗင် (ဗေထော်ဗင်) ကို [[ဂျာမနီနိုင်ငံ]]၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီး[[မိုးဇက်၊ ဝူဖ်ဂန် အမာဒျု|မိုဇတ်]] ထံတွင်လည်းကောင်း၊ နောင်တွင် ဂျိုးဆက် ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတ များစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော NinthSymphony တေးဂီတသည် [[သံစုံတီးဝိုင်းကြီး|သံစုံတီးဝိုင်း]]လောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သည်။