ဘီသိုဗင်: တည်းဖြတ်မှု မူကွဲများ

တေလေ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
→‎ဘဝနိဂုံး: တေလေပါရော
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၄ -
 
==ဘဝနိဂုံး==
အသက် ၅ဝအရွယ်တွင် နားအကြားအာရုံ လုံးဝပျက်စီးယိုယွင်းသွားပြီဖြစ်၍ လူထုပရိသတ်ရှေ့သို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ပွဲလမ်းသဘင်များနှင့် ဝေးကွာရာတွင် တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်သွားခဲ့ရရှာသည်။ ထိုအချိန်မှစကာ တေးသီချင်းကောင်းများကို ယခင်ကဲ့သို့ သွက်လက်စွာ ရေးစပ်နိုင်ခြင်းမရှိတော့ပေ။ မိမိစိတ်ကြိုက် ဂီတပုံစံများကိုသာ ရေးစပ်တော့သဖြင့် ထိုခေတ်လူတို့အဖို့ အဆန်းတကြယ်ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် အချို့ကပင် ''ဒါမင်းတို့အတွက် မဟုတ်၊ နောက်တစ်ခေတ်အတွက် ဖြစ်သည်'' ဟုပင် ဝေဖန်ခဲ့ကြသည်။
 
ရေးစပ်ခဲ့လေသမျှသော ဂီတသံစဉ်တို့မှာ အထူးကောင်းမွန်သည်။ အထူးသဖြင့် သောတာရုံ ဆုံးရှုံးသည့်နောက် ရေးစပ်ခဲ့သည်များမှာ နားအကြားအာရုံကောင်းမွန်စဉ်က ရေးစပ်ခဲ့သည်များထက် သာလွန်သည်ဟု ဆိုကြသည်။ မကွယ်လွန်မီ နောက်ဆုံးအချိန်များက ရေးစပ်ခဲ့သည်များမှာ အကောင်းဆုံးဖြစ်သည်ဟုပင် ချီးမွမ်းကြသည်။ ဘီသိုဗင်သည် ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ အသက် ၅၇ နှစ်အရွယ် ၁၈၂၇ ခုနှစ်တွင် ညီဖြစ်သူထံ အလည်သွားရင်း ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ သို့သော် သူကွယ်လွန်ပြီးနောက်တွင် ပေါ်ထွန်းလာကြသည့် တေးဂီတပညာရှင် အများအပြားကို ဩဇာလွှမ်းမိုးထားနိုင်ကြောင်းမှာ ထင်ရှားလှပေသည်။
 
ဘီသိုဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိဖြစ်သော ဗွန်းမြို့တွင်လည်းကောင်း၊ သူ၏ သင်္ချိုင်းရှိရာ ဗီယင်နာမြို့၌လည်းကောင်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဘီသိုဗင်မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>
 
== ဘီသိုဗင်၏ ထင်ရှားသောလက်ရာများ ==