နိကာယ် ငါးရပ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၁ -
== ခုဒ္ဒကနိကာယ (Collections of Minor Texts) ==
{{main|ခုဒ္ဒကနိကာယ်}}
ပထမ သံဂါယနာတင်ရာတွင် အရှင်ဥပါလိမထေရ်က ဝိနည်းဒေသနာတော်အား ဖြေဆို၍ စုပေါင်း ရွတ်ဆိုတော်မူခဲ့၏။ ထို့နောက် ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်နှင့် အင်္ဂုတ္တရနိကာယ်တို့ကို ရှင်အာနန္ဒာမထေရ်က[[အရှင်အာနန္ဒာ]]မထေရ်က ဖြေဆို၍ သံဂါယနာတင်ခဲ့သည်။ ဤသို့ သုတ္တန်ဒေသနာ၏ နိကာယ်ကြီးလေးရပ်အားတင်ပြီးနောက် အဘိဓမ္မာဒေသနာတော်ကို ဆက်လက် တင်တော်မူကြသည်။ ထို့နောက်မှ ကြွင်းသောသုတ္တန်ဒေသနာ အတိုအထွာတို့အား ခုဒ္ဒကနိကာယ်အဖြစ် သံဂါယနာ တင်တော်မူခဲ့ကြသည်။ အချို့သောကျမ်းများ (ဥပမာ မိလိန္ဒပဉှာ)သည် ပထမသံဂါယနာတင်စဉ်တွင် မပါဝင်ပဲ နောက်မှ ထည့်သွင်းထားသော ကျမ်းများဖြစ်၍ အချို့က သံဂါယနာတင်ကျမ်းအဖြစ် အသိမှတ်မပြုကြပေ။ ခုဒ္ဒကနိကာယ်တွင်ပါဝင်သော သုတ္တန်ကျမ်း အရေအတွက်သည် မြန်မာနိုင်ငံမူအရ ၁၈-ကျမ်း၊ သီရိလင်္ကာမူအရ ၁၇-ကျမ်း၊ ထိုင်းနိုင်ငံမူ ၁၅-ကျမ်းပါဝင်သည်။ မြန်မာနိုင်ငံမူအရ ဤသုတ္တန်ကျမ်း ၁၈-ကျမ်းကိုသာမက၊ ဝိနည်းနှင့် အဘိဓမ္မာ ဒေသနာတို့ကိုလည်း ခုဒ္ဒနိကာယ်တွင် ထည့်သွင်း ဖော်ပြလေ့ရှိသည်။
 
# ခုဒ္ဒကပါဌ (ခုဒ္ဒကပါဌ်)