"မဟာဘာရတ" ၏ တည်းဖြတ်မှု မူကွဲများ

၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
→‎လင်္ကာရှည်ကြီး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
(→‎လင်္ကာရှည်ကြီး: စာလုံးပေါင်း ပြင်ခဲ့သည်)
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
မဟာဘာရတ ထွန်းကားရာ အရပ်သော်ကား [[အိန္ဒိယနိုင်ငံ]] အနောက်မြောက်ပိုင်း ဖြစ်သည်။ မဟာဘာရတတွင် အသုံးပြုသော မတြာမှာ ရှေးဟောင်း သက္ကတလင်္ကာတို့တွင် အသုံးပြုလေ့ရှိသည့် သိလောကမတြာမျိုးပင် ဖြစ်သည်။ သို့သော် ဥပဇာတိနှင့် ဝံသဋ္ဌမတြာမျိုးဖြင့် ရှိသည့် ပေါရာဏပဒများ သာမက ရှေးက စကားပြေဖြင့် ရှိခဲ့သည့် ပုံဝတ္ထုများလည်း ပါဝင်သည်။ အဓိကအားဖြင့် မဟာဘာရတသည် ဇာတ်ကြောင်းနှင့် အဆိုအမိန့်များ တွဲဖက်လျက် ရှိသည်။
 
ထို့ကြောင့် မဟာဘာရတသည် တသွင်တည်း စီကာစဉ်ကာ ဖော်ပြရာမရောက်ပဲ လင်္ကာပုံဝတ္ထုများကို စုပေါင်းထားသည်သို့ ရှိလေသည်။ ထိုလင်္ကာစု၊ ပုံဝတ္ထုတို့ တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေခြင်းကြောင့်သာ မဟာဘာရတသည် လင်္ကာရှည် တစောင်တဖွဲ့အနေဖြင့် စည်းစည်းလုံးလုံး တည်ရှိနေခြင်း ဖြစ်သည်။ ဇာတ်ကြောင်းမှာ လင်္ကာတစောင်လုံး၏ ၅ ပုံ ၁ ပုံခန့် ရှိ၍ ဩဝါဒကထာများနှင့် ရောပြွမ်းကြီးထွားလာခဲ့ခြင်း ဖြစ်သောကြောင့် လက်ရှအသွင်မှာလက်ရှိအသွင်မှာ မဟာဘာရတသည် ဇာတ်ကြောင်းဖော်ပြရာ လင်္ကာရှည်နှင့်မတူ နီတိစွယ်စုံကျမ်းနှင့် ပိုတူနေတော့သည်ဟု ပညာရှင် မက္ကဒေါ်နယ်က ဆိုသည်။
 
လက်ရှိအသွင်အားဖြင့် မဟာဘာရတသည် သိလောကပေါင်း တသိန်းကျော်မျှ ပါဝင်လေရာ အစ်လယက်နှင့် အော့ဒီဆီ ဂရိလင်္ကာရှည် နှစ်ရပ်ပေါင်းသည်ထက်ပင် ၈ ဆမျှ ရှည်လျားလေသည်။ ကမ္ဘာ့စာပေ သမိုင်းတွင် ယခုသိရသမျှ အရှည်လျားဆုံးသော ဇာတ်လင်္ကာကြီးပင် ဖြစ်သည်။ ဤဇာတ်လင်္ကာကြီးကို ပဗ္ဗခေါ် အတွဲအားဖြင့် ၁၈ တွဲခွဲထားသည်။ ၁၉ ခုမြောက် အတွဲသော်ကား ဟရိဝံသခေါ် နောက်ဆက်တွဲမျှ ဖြစ်သည်။ တတွဲနှင့်တတွဲလည်း ပမာဏခြင်းမတူ လွန်စွာခြားနားလေသည်။ အရှည်ဆုံးဖြစ်သည့် ဒွါဒသမတွဲတွင် သိလောကပေါင်း ၁၄၀၀၀ ခုပါဝင်၍ အတိုဆုံးဖြစ်သည့် သတ္တမတွဲတွင် သိလောကပေါင်း ၃၁၂ ခု ပါဝင်လေသည်။ ထို ၁၈ တွဲတွင်လည်း အဋ္ဌမတွဲနှင့် နောက်ဆုံး ၃ တွဲမှအပ ကျန်အတွဲအားလုံးကို တတွဲလျှင် အက္ခာနခေါ် အခန်းများ ထပ်မံပိုင်းခြားထားပြန်သည်။
အမည်မသိ အသုံးပြုသူ