"ရှေးဟောင်းမြိုလူမျိုး" ၏ တည်းဖြတ်မှု မူကွဲများ

(ဆောင်းပါးအသစ်ထည့်သည်။)
 
[[ဟိန္ဒူဘာသာ|ဟိန္ဒူဘာသာ-]] စသည်တို့ကို နေရာဒေသ အပေါ် မှုတည်ပြီး ကိုးကွယ် ယုံကြည်ပါသည်။ ဗုဒ္ဒဘာသာ သာသနာ ရောက်သည့်ဒေသတွင် ဗုဒ္ဒဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ခရစ်ယာန် ဘာသာ သာသနာထိုးဖောက်သည့်ဒေသတွင် ခရစ်ယာန်ဘာသာကို ကိုးကွယ် ယုံကြည်ကြသည်။ ကရာမာ ဘာသာ ပေါ်ပေါက်လာချိန်မှာ ကရာမာ ဘာသာ ကို ကိုးကွယ် ယုံကြည်ကြသည်။ ဟိန္ဒူ ဒေသတွင် နေထိုင်သူများသည် ဟိန္ဒူဘာသာ ကို ကိုး ကွယ် ယုံကြည်ကြသည်။ ဘယ်ဘာသာ ရပ်မှမရာက်သည့်တောတောင် အရပ်ဒေသ တွင်ကား စုန်း၊နတ်ဘာသာ ကို ကိုးကွယ် ယုံကြပါသည်။ ဟိန္ဒူဘာသာ ကိုးကွယ် ယုံ ကြည် သူများသည် အိန္ဒိယ အရပ်ဒေသ တွင်နေထိုင်သူများဖြစ်ပါသည်။လောကတစ်ခုလုံး၌ရှိသော စုန်း၊နတ်များ ကို အုပ်ချုပ်သည့် "ထိုရိုင်း"အမည်ရှိ နတ်မင်းကြီး (ဘုရား)သည် ကောင်းကင်ဘုံတွင်နေသည်။ ၎င်းနတ်မင်းကြီး (ဘုရား)သည် ၎င်းတို့အား ကောင်းကျိုး ၊ဆိုးကျိုးကို ပေးစွန်းနိုင်သည်ဟူ၍ ယုံကြ်ကြသည်။<ref>ရှုဒေါင့်ၐျာနယ် စာမျက်နှာ (၃၅)</ref> [[မြိုလူမျိုးဘာသာစကား]]တို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာစကား အနည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို (၆)အုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရိုင်းမာ၊ နောက်ဆာ ၊ဒိုမ်ရောင် ၊ နောက်ကော့၊ ဆုန်မာနှင့် တင်ဆာ ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် နောက်ဆာစကားသည် တင်ဆာ စကားနှင့်အများဆုးံတူညီသည် အပြော များဆုံး ဖြစ်သည်။ မြို တို့တွင် ကြာမာကိုယ်ပိုင်စာပေ ရှိသည်။ လာတင်အက္ခရာနှင့်ဆင်တူသည် သည်။ မြိုလူမျိုး တို့၏ဘာသာစကားနှင့် ရိုးရာဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။
 
== မြိုလူမျိုးတို့ဘာသာစကားဆက်နွယ်မှု ==
၂၀၁၁ ခုနှစ်တွင် LSDO အသင်းမှ ဘာသာဗေဒစစ်တမ်းအဖြစ် စကားလုံးများအားကောက်ယူကာ နှိုင်းယှဉ်ခြင်းကိုပြုလုပ်ခဲ့လေ သည်။ ထို့အပြင်မြိုဘာသာစကားအတွင်းမှ ဒေသိယဘာသာစကား(၆)မျိုးခန့်ကိုလေ့လာကာ အခြားချင်းဘာသာစကားများ နှင့်နှိုင်းယှဉ်လေ့လာခြင်းအားပြုလုပ်လေသည်။ မြို၏ဘာသာဗေဒကုတ်နံပတ်မှာ ISO 639-3 mro ဖြစ်လေသည်။ပညာရှင်များက Mo-roo- ts-a စကားဟူ၍လည်းကောင်း ၊Mro စကားဟူ၍လည်းကောင်း ၊Mru စကားဟူ၍လည်းကောင်း ၊Toung Mru စကားဟူ၍လည်းကောင်း အရေးအသားခြားနားစွာ ဖော်ပြကြသည်။ မြန်မာနိုင်ငံ LDSO မှ ၂၀၁၁ ခုနှစ်တွင် Mrusa (Buthidaung), Mrusa (Ponnagyun), Mrusa(Maungdaw), Mrusa(Dowpreng-bgldsh-Tauk Para), Mrusa (Sungma-bgldsh-Tuktong Para), Mrusa (Anok-bgldsh-Noa Para) ဟု ကောက်ခံခြင်းပြုကြလေသည်။ ထိုဒေသိယ ဘာသာစကားများ အကြားတွင် တူညီ/ကွဲခြားမှု ၈၁%-၉၅% အကြားရှိသည်ဆိုလေသည်။ မြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ Anu(Tuikinalong), Hkongso (Lakinwa) ISO 639-3 anl တို့အကြားတွင် ၆၄%-၇၃% အတွင်းတူညီလေသည်။ ယနေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ ခမီအုပ်စုဝင်ဘာသာစကား(ဘာသာဗေဒပညာရှင်များက Ethnologue Language of the World မှတ်တမ်း အရ Mro-Khimi ဟုမှတ်တမ်း တင်ထားပြီး ဘာသာစကားကုတ်နံပတ်မှာ ISO 639-3 cmr ဖြစ်သည်)များဖြစ်သည့် (Areong, Wakung,Likhy,Xena, Xangtau,Rengsa, Khenlak, Sangtha) ဒေသိယ ဘာသာစကားများနှင့် ၁၃% တူညီမှုရှိသည်။ဤ Mro-Khami သည် ခမီ၊ခူမီး အုပ်စုဝင်များအဖြစ် ပညာရှင်များက ထည့်သွင်းသတ်မှတ်သည်။ မြို,မြူ လူမျိုးဘာသာစကား၊ ခူမီး (ISO 639-3 cnk) တို့နှင့် ၂၂%-၄၂% အထိတူညီပြန်သည်။ အခြားချင်းမျိုးနွယ်များနှင့်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တောင်ဖက်ချင်း အနွယ်ဝင်များအကြားကိုယ်နှိုက်တွင် မြောက်ပိုင်းနှင့်အလယ်ပိုင်းချင်းမျိုးနွယ်စုများထက် ဘာသာစကား ကွာခြားချက်ရာခိုင်နှုန်း မြင့်မားသည်။ (Chin Dialects Lexical Result, 2011,LSDO) အသုံးအနှုန်းများမှာ LSDO ၏အရေးအသားကိုသာတိုက်ရိုက် ဖော်ပြပါသည်။
 
== မြိုအမျိုးကွဲပေါင်း ==
[[ဖိုင်:စစ်တွေဒိစ်စတြိတ်ရှိ မရိုလူမျိုးများဆေးတံသောက်နေပုံ.jpeg|thumb|335x335px|၁၃၀၁-ခုနှစ်၊ စစ်တွေဒိစ်စတြိတ်တွင် ဆေးတံသောက်ပုံကိုတွေ့ရသောမရိုလူများ]]
၄၄၅

တည်းဖြတ်မှုများ