အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

→‎အလောင်းစည်သူ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၃ -
 
== မိဖုရားများ၊ သားတော်သမီးတော်များနှင့် ဆွေမျိုးအဆက်နွယ်များ ==
မင်းကြီးတွင် ရာဇဘိသိက်ခံ မိဖုရားလေးပါး ရှိသည်။ ရတနာပုံလည်းတစ်ပါး၊[[ရတနာပုံမိဖုရား တိလောကစန္ဒာဒေဝီလည်း(ပုဂံ)|ရတနာပုံ]]လည်းတစ်ပါး၊ [[တိလောက စန္ဒာဒေဝီ]]လည်း တစ်ပါး၊ ရာဇကုမ္မာရီလည်းတစ်ပါး၊ တောင်ပြင်သည်လည်းတစ်ပါးပေါင်းလေးပါးတည်း။ မိဖုရား ရတနာပုံတွင် မြင်သည့် သားတော် [[မင်းရှင်စော]]ကို မင်းကြီးမျက်၍ ပြည်မှ နှင်ထုတ်သောကြောင့် ပုဂံမှ အလုံးအရင်း နှင့် ထွက်သွား၍ ယခု မန္တလေးတည်ရာ အရှေ့ဘက် ထွန်တုံးပုတက်တွင် မြို့ပြတည်ထောင်နေကာ [[အောင်ပင်လယ်ကန်]]၊ တမူဆိုးကန်တို့ကို ဆည်ခဲ့သည်။
 
မိဖုရား တိလောက စန္ဒာဒေဝီကို နောက်ဦးဆောက်ပန်းဟူသော အမည်သမုတ်သည်။ ထိုမိဖုရားမှ ထောက်လှေကားကို မြင်သည်။ ရာဇကုမ္မာရီ မိဖုရားတွင် သားတော်သမီးတော်မရှိ။ မိဖုရားတောင်ပြင်တွင် သမီးတော်နှစ်ပါး မြင်သည်။ အကြီးကို တောင်ဖျားဟူ၍ မှည့်တော်မူ၏။ အငယ်ကို ရွှေချူဟူ၍ မှည့်သည်။ ထီးလှိုင်ရှင် ကျန်စစ်သားမင်းကြီး၏ အမတ် ဓမ္မကျင်သမီးကိုလည်း ကိုယ်လုပ်တော်အဖြစ် ထားသည်။ ထိုကိုယ်လုပ်တော်မှ [[နရသူ (ပုဂံ)]]ကို မြင်သည်။<ref>ဦးကုလား၊ မဟာရာဇဝင်၊ ၁၉၀-၂ဝ၄။</ref>