နရပတိစည်သူ(ပုဂံ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
အရေးမကြီး DisamAssist ကို အသုံးပြု၍ နရသူ သို့ သံတူကြောင်းကွဲလင့်ခ်ကို ပြင်ဆင်နေသည်။ (နရသူ (ပုဂံ) သို့ လင့်ခ်ပြောင်းလဲပြီးပြီ)
စာကြောင်း ၁ -
နရပတိစည်သူသည် [[နရသူ (ပုဂံ)|နရသူ]]မင်း၏ သားတော်နှစ်ပါးအနက် အငယ်ဖြစ်သည်။ မြန်မာရာဇဝင်များတွင် ရေးသားထားချက် အရ ညီတော် နရပတိစည်သူ၏ [[ဝေဠုဝတီမိဖုရား]]အား နောင်တော် [[နရသိင်္ခ]]မှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက်သည်။
 
နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်းမှုထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ်မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှု ထမ်းငယ် ကျွန်ရင်း အောင်စွာငယ် ပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။