ကနောင်မင်းသား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Robot: Cosmetic changes
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃၀ -
[[File:kaN2.jpg|thumb|ကနောင်မင်းသား၏ အုတ်ဂူတော် ကျောက်စာ]]
== သဂြိုလ်ပုံ ==
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် ကနောင်မင်းသား လုပ်ကြံခံရပြီး မင်းတုန်းမင်းတရားကြီးမှာလည်း လက်မတင်လေး လွတ်မြောက်ခဲ့သည်။ ကနောင်မင်းသားနှင့်အတူ မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသား သုံးပါးလည်း အသက်ဆုံးပါးရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားများ လုပ်ကြံခံရသည်မှာ သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်နေ့၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ဖြစ်သည်။ သင်္ဂြိုဟ်သည်မှာ သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် ဖြစ်ရာ (၁၁)လကြာမှ သင်္ဂြိုဟ်ခြင်း ဖြစ်သည်။ ကြားတွင် [[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]နှင့် [[ပန်းထိမ်းမင်းသား အရေးအခင်း]]တို့ ဖြစ်ပေါ်နေ၍ အလောင်းများကို ခေါင်းသွင်းပြီး နန်းမြေဘုံသာ စံနန်းတော် ဆောင်မဘုံတွင် ခင်းကျင်းထားပုံရသည်။
 
သက္ကရာဇ်၁၂၂၉-ခုနှစ်၊ နယုန်လဆန်း(၅)ရက်နေ့တွင် နန်းမြေဘုံသာ စံနန်းတော် ဆောင်တော်မကို ဖျက်သိမ်း၍ အိမ်ရှေ့မင်းသင်္ဂြိုဟ်ရန် အုတ်ဂူ၊ ၎င်းအနီးတွင် မလွန်မင်းသား၊ စကုမင်းသား၊ ပြင်စည်မင်းသားတို့ကို သင်္ဂြိုဟ်ရန် အသီးသီး တန်းစီ၍ အုတ်ဂူတည်ပြီးလျှင်၊ ၎င်းဂူအရှေ့နှစ်တောင်အကွာတွင် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ကိန်းဝပ်ပူဇော်ရန် အုတ်ပြသာဒ် ပြုလုပ်ထားသည်။ အနောက်ဘက်မှ စေတီကြီးကိုလည်း စန္ဒာမုနိ ရုပ်ပွားတော် ကိုစွဲ၍ စန္ဒာမုနိ ဘုရားဟုခေါ်လေသည်။ စေတီနှင့် ရုပ်ပွားထားရာ အုတ်ပြသာဒ်အကြားကား အိမ်ရှေ့မင်းနှင့် မင်းသားများ၏ အလောင်းများကို အုတ်ခုံပေါ်တွင် မြုတ်နှံထားသည်။ အိမ်ရှေ့မင်း၏ အုတ်ဂူကို အုတ်ပြသာဒ်ငယ် လုပ်ထားသည်။ ၎င်းအုတ်ပြသာဒ်ငယ်ကို စေတီနှင့် စန္ဒာမုနိ ရုပ်ပွားတော်မြတ် ဂန္ဓကုဋိတိုက်နှင့် အုတ်ရိုးသွယ်ဆက်ထားသေးသည်။ <ref>ရွှေကိုင်းသား၏ နှစ်(၁၀၀)ပြည့် မန္တလေး</ref>