ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၅၂ -
ဂျပန်မှအပြန် ဦးစောသည် “ကိုယ်တွေ့ဂျပန်ပြည်”စာအုပ်ကိုရေးကာ သူရိယမှ ထုတ်ဝေခဲ့သည်။ ထို့နောက်သူရိယ သတင်းစာရှယ်ယာများ ထပ်မံဝယ်ယူပြီး ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
 
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် သြဇာကြီးမားဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၄င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။
 
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၈၃ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။