ဇိုရော့အက်စတာ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: fram | right |thumb|ဇော်ရော့အက်စတာ(ဘီစီ၆၂၈-ဘီစီ၅၅၁) '''ဇော်ရော့...
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၆ -
 
==ဇော်ရော့အက်စတာဝါဒ အကျဉ်းချုပ်==
ဇော်ရော့အက်စတာ၏ဝါဒတွင် တစ်ဆူတည်းသောဘုရားဝါဒကိုလက်ခံသလို အခြားတစ်ဖက်တွင်လည်း ဘုရားအများအပြားရှိသည်ကိုလည်း လက်ခံသည်။ထို့ကြောင့် အတန်ပင်ရှုပ်ထွေးသည့် ဘာသာဖြစ်သည်ဟုဆိုနိုင်သည်။ သူ့အဆိုအရ တစ်ဆူတည်းသောဘုရားမှာ '''အဟုရ မာဇဒါ'''(Ahura Mazda)(ခေတ်အီရန်ဘာသာဖြင့် '''သြမွဒ်ဩမွဒ်''' (Ormuzd)) ဖြစ်သည်။ဉာဏ်ပညာကြီးရင့်လေးမြတ်သူ ဟုအဓိပ္ပါယ်ရပြီး ထိုဘုရားသည် မှန်ကန်ခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။ မှားယွင်းခြင်း၊သစ္စာမဲ့ခြင်း တို့၏ အဆိုးဘက်မှ ဘုရားအမည်မှာ '''အန်ဂရ မိန်ရု''' (Angra Mainyu)(ခေတ်အီရန်ဘာသာဖြင့် '''အရီမန်'''(Ahriman))ဖြစ်ပြီး အဆိုပါ အကောင်းနှင့် အဆိုးဘုရားနှစ်ပါးတို့ ကမ္ဘာတွင်အားပြိုင်နေကြသည်ဟုဆိုသည်။ လူသားတစ်ဦးအနေဖြင့် မိမိလိုက်လိုသည့်ဘက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။ယခုအခါမှာ ဘုရားနှစ်ပါးအနေဖြင့် အာပြိုင်မှုကို ခေတ္တရပ်နားနေချိန်ဖြစ်သော်လည်း အဆုံးတစ်နေ့တွင် '''အဟုရ မာဇဒါ''' ကသာ အနိုင်ရမည်ဖြစ်သည်။ထို့ပြင် ဤဘာသာယုံကြည်မှုတွင် သေလွန်ပြီးနောက် အခြားဘဝများရှိသေးသည်ကိုလည်း လက်ခံသည်။
 
ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ တရားနည်းလမ်ကျခြင်း၊သစ္စာရှိခြင်းကို အားပေးသည်။တဏှာနည်းရန်ကျင့်စဉ်များကို လမ်းညွှန်သည်။ သို့သော် အိမ်ထောင်သားမွေပြုးခြင်းကို မတားမြစ်ပေ။ ဘုရားရှိခိုးရာတွင် မီးကိုပူဇော်ခြင်းပြုသည်။ထိုမီးမငြိမ်းရန် အဓိကအဖြစ် ဂရုပြုရသည်။ သေလွန်သူ၏ ရုပ်အလောင်းကို သဂြိုင်္လ်ရာတွင် စင်ထိုးပြီး ငှက်စာကျွေးသည်။(ဤအချက်တွင် တိဘက်ဓလေ့နှင့်တူသည်။)