ဟိန္ဒူဘာသာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →ကိုးကွယ်ရာနတ်များ |
|||
စာကြောင်း ၄၁ -
ဟိန္ဒူအယူဝါဒအရ နတ်၊ လူ၊ တော၊ တောင်၊ ရေ၊ မြေ
စသော ရှိရှိသမျှ အရာဝတ္တုများသည် ပရမတ္တမာ ခေါ် ဘုရား
သခင်၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ထိုပြင်
မသိအပ်သည့်၊ မသိရသည့် ပရမတ္တမာခေါ် ဘုရားသခင်သည်ကား ပြောင်းလဲခြင်းမရှိပဲ နိစ္စထာဝရ တည်မြဲနေသောအရာ ဖြစ်သည်။
ဟိန္ဒူလူမျိုးတို့သည် အတ္တမာ (ဝိဉာဉ်)ကို
အရှိန်အဟုန် မကုန်မချင်း မရမတ္တမာနှင့် သွားရောက် ရောနှောပေါင်းဆုံမှု မဖြစ်မချင်း၊ အသင်္ချေ အနန္တဘဝသံသရာ၌ ထပ်ခါထပ်ခါ ပဋိသန္ဓေ တည်နေရပေလိမ့်မည်။ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို မိမိမြင့်ရာသို့လည်း တက်စေနိုင်သည်။ နိမ့်ရာသို့လည်း ကျစေနိုင်သည်။ လူတစ်ဦးတစ်ယောက်သည်
မကောင်းမှုကို ပြုလုပ်လျှင် ကွယ်လွန်သွားပြီးသည့်နောက်၌
အတိဒုက္ခ ရောက်ရလေသည်။ သို့မဟုတ် ငရဲခံရလေသည်။
ကုသိုလ်ကောင်းမှုကို ပြုလုပ်လျှင်ကား နတ်ရွာသို့လားရလေသည်။ ငရဲပြည်၌ ခံရသည့် ဒုက္ခသည် လည်းကောင်း၊ နတ်ပြည်၌ စံရသည့် သုခသည်လည်းကောင်း အစဉ်ထာဝရ တည်မြဲမနေပေ။ အတ္တမာ (ဝိဉာဉ်)သည် မောက္ခ (လွတ်ငြိမ်းမှု)ကို မရမချင်း၊ မိမိ၏ မူရင်း အိမ်ဂေဟာဖြစ်သည့် ဗြဟ္မနှင့် သွားရောက် မပေါင်းမချင်း ဘဝအသစ် ဖြစ်မြဲ ဖြစ်နေပေလိမ့်မည်။ မောက္ခ (လွတ်ငြိမ်းမှု)သည် ယုံကြည် ကိုးကွယ်မှုဖြင့် ရရှိသည့်အရာမဟုတ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ရရှိနိုင်သည့်အရာ ဖြစ်သည်။
==ကိုးကွယ်ရာနတ်များ==
Line ၇၂ ⟶ ၅၅:
ဟိန္ဒူအယူဝါဒ၌ နတ်ဘုရားများကို ကိုးကွယ်သည့် အလေ့အထ ရှိသည်။ ဝေဒကျမ်းဂန်၏ ဓမ္မဂီတများ၌ ပါရှိသည့် နတ်ကြီးများအနက် ဣန္ဒရ၊ အဂ္ဂနိ၊ သူရိယ စသော နတ်အများအပြားသည် ခေတ်သစ် ဟိန္ဒူအယူ ဝါဒ၌ ခေတ်မစားတော့ပေ။
ဗြဟ္မမှာမူ ခြွင်းချက်ဖြစ်သည်။ ဟိန္ဒူအယူဝါဒသည် ဗြဟ္မဏ
အယူဝါဒမှ ပရမတ္တမာခေါ် ဣဿရအယူဝါဒကို အမွေအနှစ်အဖြစ် လက်ခံရယူထားလေသည်။ ယင်းဣဿရသည် နိစ္စထာဝရ တည်ရှိနေသည်။ အရာဝတ္ထုဟူသမျှ မူလဘူတအကြောင်းတရား ဖြစ်သည်။ အရာဝတ္ထုဟူသမျှ
ဖြစ်သည်။ ပရမတ္တမာခေါ်သည့် ယင်းဣဿရသည်
''တရိမုရတိ''ခေါ်သည့် နတ်သုံးပါးအစု၌ တည်ရှိနေသည် ဟူ၍လည်းကောင်း၊ နတ်သုံးပါးအစုမှတစ်ဆင့် ပြုဖွယ်ကိစ္စ ပြုလုပ်သည်ဟူ၍လည်းကောင်း အယူရှိကြသည်။ နတ်သုံးပါးကား လောကကို ဖန်ဆင်းသူ [[ဗြဟ္မာ]]၊ လောကကို ထိန်းသိမ်း စောင့်ရှောက်သူ ဗိရှနု([[ဗိဿနိုးနတ်|ဗိဿနိုး]])၊ လောကကို ဖျက်ဆီးပြီး လောကအသစ် ဘဝအသစ် တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ ([[သိဝ]])တို့ ဖြစ်ကြသည်။ ယင်းနတ်သုံးပါးအနက် ဗြဟ္မကို ပူဇော်ပသသည့် ဓလေ့ထုံးစံ အလွန် နည်းသည်။ အိန္ဒိယတစ်နိုင်ငံလုံး၌ ဗြဟ္မာကို ရည်စူး၍ ဆောက်လုပ်ထားသည့် နတ်ကွန်း အရေအတွက်သည် အလွန်တရာ နည်းပါးသည်။ ဗိဿနိုး နှင့် သိဝကိုမူ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြသည်။ ယင်း အဓိက နတ်ဘုရားများအပြင် အခြားနတ်များ၊ မြင့်မြတ်သည်ဟု ယူဆသည့် အရာများကိုလည်း ကိုးကွယ်ကြ လေသည်။
ဟိန္ဒူလူမျိုးတို့သည် နွားမကိုလည်း အလေးအမြတ် ပြုကြလေသည်။
ဟိန္ဒူ အယူဝါဒလောက၌ သိဝကို ကိုးကွယ်သူ (ရှိုက်ဝ)နှင့်
ဗိဿနိုးကို ကိုးကွယ်သူ (ဗိုက်ရှနဝ)တို့သည် မူဝါဒ အခြေခံအရ
နှစ်ဂိုဏ်းကွဲနေသည်။ သိဝ ကိုးကွယ်သူများကို ရှံကရက
ဦးဆောင်ပြီးလျှင် ဗိဿနိုးကိုးကွယ်သူများကို ရာမနုဇက ဦးဆောင်သည်။ ရှံကရ (အေဒီ ၁၉ ရာစု)သည် ဗြဟ္မဏတို့၏ ရှေး ဟောင်း ဝေဒန္တ ဒဿနကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဓိပ္ပါယ်ဖွင့်လျက် သိဝ ကိုးကွယ်မှု ထွန်းကား ပြန့်ပွားအောင် ပြုလုပ်ခဲ့သည်။ သိဝ ကိုးကွယ်သူများက ရှံကရအား သူတို့နတ်ဘုရား၏
ကိုယ်ပွားဖြစ်သူ လူသားဟု ထင်မှတ်ယူဆကြသည်။ ရှံကရသည် အသိပညာကို အောက်တန်းအသိပညာနှင့် အထက်တန်း
အသိပညာဟူ၍ နှစ်မျိုးခွဲခြား ပြထားသည်။ အောက်တန်းအသိပညာသည် ဤကမ္ဘာလောကအား တကယ်အမှန် (ပရမတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာကမူ ဤကမ္ဘာလောကအား မာယာ(ပညတ်)ဟု ထင်မြင် ယူဆသည်။ အထက်တန်း အသိပညာအဆင့်သို့ ရောက်ရှိရေး အတွက် ဝေဒကို သင်အံလေ့လာခြင်း၊ ဘာဝနာ ပွားများအားထုတ်ခြင်း လိုအပ်သည်ဟု ဆိုထားသည်။ ရှံကရသည်
ဗုဒ္ဓ၏ နည်းနိသျည်းကို အတုယူပြီးလျှင် ဟိန္ဒူ အယူဝါဒဆိုင်ရာ ဘုန်းကြီးလောကနှင့် ဘုန်းကြီးကျောင်းများကို အိန္ဒိယအနှံ့အပြားတွင် တည်ထောင်ခဲ့သည်။ ရှံကရ၏ဂိုဏ်းသည် သိဝ ကိုးကွယ်သည့် ဂိုဏ်းဖြစ်သည်။
အခြားဂိုဏ်းတစ်ခုကား ဗိဿနိုးကို ကိုးကွယ်ပူဇော်သည့်ဂိုဏ်း ဖြစ်သည်။ လူ့ပြည်လူ့လောကသို့ လူသားအဖြစ် ဆင်းသက်လာသော ဗိဿနိုး၏ ကိုးပွားများအနက် ကရိရှနသည် အထင်ရှားဆုံး ဖြစ်သည်။ ဗိဿနိုးဝါဒကို ဖြန့်ဖြူးသူကား ရာမနုဇ (အေဒီ ၁၃ ရာစု) ဖြစ်သည်။ ရာမနုဇကို ဆက်ခံသူများအနက် မာဓဝ (အေဒီ ၁၃ ရာစု)၊ ရာမနန္ဒ (အေဒီ ၁၄ ရာစု)တို့သည် ထင်ရှားသူများ ဖြစ်ကြသည်။ ယင်းဂိုဏ်းကြီးနှစ်ဂိုဏ်းကား
ဟိန္ဒူ အယူဝါဒ၏ အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်း ဖြစ်လေသည်။
ဟိန္ဒူအယူဝါဒ၌ အခမ်းအနား ကျင်းပမှုနှင့်
ဟိန္ဒူလူမျိုးတို့၏ အယူဝါဒနှင့် ပတ်သက်ဆက်နွှယ်နေသော
အခမ်းအနားများကို ''ဆံဆ ကာရ်''ဟု ခေါ်သည်။ အခမ်း အနားများအနက် အချို့မှာ ဗြဟ္မဏ၊ ခတ္တိယ အမျိုးဇာတ်များနှင့်သာ သက်ဆိုင်ပြီးလျှင် အချို့ကား အားလုံးနှင့်
သက်ဆိုင်သည်။ မမွေးဖွားခင် အမိဝမ်းတွင်း၌ ပဋိသန္ဓေ တည်နေစဉ်က စပြီးလျှင် ကွယ်လွန်ပြီးသည့်နောက်အထိ အခမ်းအနား အမျိုးမျိုးကို ကျင်းပပြုလုပ်ကြသည်။ ယင်းအခမ်း အနားထဲတွင် နာမည်ပေး အခမ်းအနား၊ စလွယ်ချည်ကြိုးသိုင်း အခမ်းအနား၊ လက်ထပ်မင်္ဂလာအခမ်းအနား စသည်တို့ ပါဝင်သည်။ နှစ်စဉ် ကျင်းပသည့် အယူဝါဒရေးရာ ပွဲသဘင်များလည်း ရှိသည်။ ယင်းပွဲသဘင်များအနက် သီတင်းကျွတ်လကွယ်နေ့၌ ကျင်းပသော ဒီဝါလီ(ဒေဝါလီ)၊ သို့မဟုတ်
ဒီပါဝလီခေါ် မီးထွန်းပွဲသည် ထင်ရှားသော ပွဲသဘင်တစ်ခု ဖြစ်သည်။ ဒီဝါလီပွဲသည် လက္ခမီနတ်သမီးကို ပူဇော်သည့် ပွဲသဘင် ဖြစ်သည်။
မြို့ပြများ၌လည်းကောင်း၊ ကျေးရွာများ၌လည်းကောင်း
ဟိန္ဒူဘုရားကျောင်းများ အများအပြား ရှိလေသည်။
ဘုရားကျောင်းဟူသည်မှာ နတ်ရုပ်တုများ ကိုးကွယ်
သစ်သီး၊ သစ်ရွက် စသည်တို့ ဖြစ်ကြသည်။ တစ်ခါတစ်ရံ
တိရစ္ဆာန်သတ်၍လည်း ပူဇော်ကြသည်။ ကာလီနတ်ကွန်း၌
Line ၁၅၀ ⟶ ၈၅:
==ကျမ်းစာများ==
ဟိန္ဒူအယူဝါဒ၌ သက္ကတဘာသာဖြင့် ရေးသားထားသည့်
ဓမ္မကျမ်းဂန်များ ရှိလေသည်။ ဟိန္ဒူလူမျိုးတို့သည်
မုခပါဌ်ဟု ယူဆပြီးလျှင် အထူးသဖြင့် လေးစား မြတ်နိုးကြသည်။ ဝေဒသည် ရိဂ်ဝေဒ၊ ယဇုဝေဒ၊ သာမဝေဒ၊ အထဗ္ဗဝေဒ
ဟူ၍ လေးမျိုး ပြားသည်။ ယင်းလေးမျိုးအနက် ရိဂ်ဝေဒသည်
ရှေးအကျဆုံးလည်း ဖြစ်သည်။ အရေးအကြီးဆုံးလည်း
ဥပနိသျှဒ်ဟူ၍လည်း အပိုင်းလေးပိုင်း ခွဲခြားထားသည်။ ဝေဒကျမ်းများအပြင် ပုရာဏ်ကျမ်းများ၊ မဟာကဗျာကျမ်းများလည်း
ရှိသည်။ ရာမယဏနှင့် မဟာဘာရတသည် ဟိန္ဒူအယူဝါဒနှင့်
စာပေလောက၌ ထင်ရှားကျော်ကြားသော
ရေးသားထားပြီးလျှင် မဟာဘာရတကို ဗျာသရသေ့ ရေးသားသည်။ ရာမာယဏ၌ အယုဒ္ဓယပြည့်ရှင် ဘုရင်ဒသရထ၏
သားတော် ရာမအကြောင်းကို သက္ကတဘာသာ ကဗျာအဖွဲ့ဖြင့် ရေးသားထားသည်။ မဟာဘာရတ၌ကား ဓတရဋ္ဌ၏ သားတော်တစ်ရာနှင့် ပဏ္ဍု၏သားတော် ငါးပါးတို့၏ စစ်ပွဲအကြောင်းကို
ရေးသားဖွဲ့ဆိုထားလေသည်။ မဟာဘာရတ၌ ဟိန္ဒူအယူဝါဒ၏
အမြင့်မြတ်ဆုံး ပိဋကတ်တစ်ခုအနေဖြင့်
==ရိုးရာအစဉ်အလာ==
ရှေးဟောင်းစဉ်လာအရ ဟိန္ဒူလူမျိုးတို့သည် မိမိတို့၏
ဘဝကို လေးပိုင်း
''အာရှရမ်''ဟု ခေါ်သည်။ ပထမပိုင်းမှာ ''ဗြဟ္မကျရယ''ဟု
ခေါ်ပြီးလျှင် သူငယ်ဘဝကစသည်။ ယင်းအရွယ်အတွင်း
သူငယ်သည် ဗြဟ္မစာရီဂုရု၏
ဟိန္ဒူလူမျိုးတို့၏ အတွင်း၌ အဓိကအားဖြင့် ဗြဟ္မဏ၊
ခတ္တိယ၊ ဝေဿ၊ သုဒ္ဒဟူ၍ ဇာတ်လေးမျိုး ကွဲပြား ခြားနား နေသည်။ ယင်းလေးမျိုးအနက် ဗြဟ္မဏ အမျိုးဇာတ်ကို
အမြတ်ဆုံးဟု ယူဆပြီးလျှင် သုဒ္ဒရာကို အနိမ့်ဆုံးဟု ယူဆကြသည်။ ဗြဟ္မဏ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ ယဇ်ပူဇော်မှုကို ဦးဆောင်ရန်နှင့် တရားဓမ္မကို ဟောကြားရန် ဖြစ်သည်။
ခတ္တိယ အမျိုးဇာတ်၏ အလုပ်တာဝန်မှာ တိုင်းပြည်ကို
အုပ်ချုပ်ရန် ဖြစ်သည်။ ဝေဿအမျိုးဇာတ်၏ အလုပ်တာဝန်မှာ
ကုန်သွယ်မှု၊ လယ်ယာ စိုက်ပျိုးမှု ဖြစ်သည်။ သုဒ္ဒ၏
လုပ်ကိုင် ဆောင်ရွက်ရန် ဖြစ်သည်။ ဟိန္ဒူ လူမျိုးတို့၏ အတွင်း၌ အမြစ်တွယ်လာခဲ့သော ယင်းဇာတ်စံနစ်၊ ဇာတ်ထုံးစံသည် နောက်ပိုင်းတွင် [[မဟတ္တမ ဂန္ဒီ|မဟတ္တမဂန္ဓီ]] စသော အယူဝါဒရေး၊ လူမှုရေး၊ နိုင်ငံရေး ခေါင်းဆောင်တို့၏ ကြိုးပမ်းမှုကြောင့် အထိုက်အလျောက် လျော့ပါးအားနည်းသွားခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
Line ၁၉၆ ⟶ ၁၁၆:
== အခြေခံ ယုံကြည်ချက်များ ==
ကမ္ဘာလောကနှင့် သတ္တဝါများကို [[ဗြဟ္မာ]]က ဖန်ဆင်းသည်။ [[ဗိဿနိုးနတ်|ဗိဿနိုး]]က ကာကွယ်စောင့်ရှောက်သည်။ [[သိဝ]]က ဖျက်ဆီးသည်။ ဗြဟ္မကြီး၏ ကြင်ယာတော်က [[သူရဿတီ]]၊ ဗိဿနိုး၏ ကြင်ယာတော်က [[လက္ချမီ]]၊ သိဝ၏ ကြင်ယာတော်က [[ပဗ္ဗတီ]] အသီးသီးတို့ဖြစ်ကြသည်။
ဗြဟ္မာ ဆိုသည်မှာ
အတ္တသည် အမြတ်ဆုံး ဖြစ်၏။ မပျက်မစီး အမြဲ တည်၏။ သတ္တဝါ သေသော်လည်း အတ္တက မပျက်စီးဘဲ သေသောသတ္တဝါ၏ ခန္ဓာကိုယ်မှ ထွက်ခွာ၍ နောက်ခန္ဓာကိုယ် တစ်ခုထဲသို့ ကူးပြောင်း တည်နေကာ နောက်တစ်ဘဝ စခန်းသွား၏။ ဤနည်းဖြင့် တစ်ဘဝပြီး တစ်ဘဝ ကူးပြောင်းကာ အတ္တသည် သံသရာ လည်နေ၏။ ယင်းသို့ သံသရာလည်နေခြင်းမှာ အတ္တကို လောဘ စသော ကိလေသာ အညစ်အကြေးတွေ ကပ်ငြိနေ၍ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပြုနေသောကြောင့် ဖြစ်၏။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးကို နောက်ဘဝ၌ အတ္တကပင် ခံစား၏။
အတ္တမှ ကိလေသာ အညစ်အကြေးတွေ စင်ကြယ်သွားစေရန် ဂင်္ဂါမြစ် အတွင်း၌ ရေချိုးရ၏။ ဂင်္ဂါမြစ်သည် ဟိမဝန္တာကေလာသ တောင်ထိပ်တွင် တရားထိုင်နေသာ သိဝနတ်မင်းကြီး၏ ဆံထုံးမှစ၍ စီးဆင်းလာသောကြောင့် မြတ်သောမြစ် ဖြစ်၏။ ထိုကြောင့် ဂင်္ဂါမြစ်၌ ရေချိုးလျှင် ကိလေသာ စင်ကြယ်၏။
ယောဂ
== ရှေးကနှင့်မတူတော့ ==
Line ၂၁၇ ⟶ ၁၃၇:
ဝေဒကျမ်းများ၌ လူကို ဗြဟ္မဏ၊ ခတ္တိယ၊ ဝေဿ၊ သုဒ္ဒ ဟု အမျိုးဇာတ် လေးပါး ခွဲခြားထား၏။ ဗြဟ္မဏ=ပုဏ္ဏားမျိုးသည် ဗြဟ္မာ၏ ခံတွင်းမှ ဖွား၍ အမြတ်ဆုံး ဖြစ်သည်ဟုဆို၏။ ခတ္တိယ=မင်းမျိုးသည် လက်မောင်းမှ ဖွား၏။ ဝေဿ=ကုန်သည် လယ်လုပ်မျိုးသည် ပေါင်မှ ဖွား၏။ သုဒ္ဒ=အမှိုက်သိမ်းသမား ဖိနပ်ချုပ်သမား စသော လူဆင်းရဲမျိုးသည် ဗြဟ္မာ၏ ခြေဖဝါးမှ ဖွားသောကြောင့် အနိမ့်ဆုံး အယုတ်ဆုံး ဇာတ် ဖြစ်သည်ဟု ဆို၏။
ဇာတ်မြင့်သူက နိမ့်သူကို နှိမ်၏။ အထင်သေး၏။ လူမှုဆက်ဆံရေး ဘာတစ်ခုမှ မလုပ်။ ဇာတ်နိမ့်သူကို မြင်တွေ့နေရတာသည်ပင် အမင်္ဂလာကြီး ဖြစ်နေ၏။ သူတောင်းစား မာတင်္ဂကို မြင်ရ၍ ဒိဌမင်္ဂလိကာ အမင်္ဂလာ ဖြစ်သွားသဖြင့် ခေါင်းလျှော်ပစ်၊ ရေချိုးပစ်ကာ မင်္ဂလာသစ် တင်လိုက်ရ၏။
ယခုခေတ်တွင်မူ ဇာတ် ၄ မျိုး မကတော့ဘဲ အမျိုးဇာတ်ပေါင်း ၂၀၀၀ခန့် ရှိနေပြီဟု သိရသည်။
== ကိုးကား ==
|