ခင်မျိုးချစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
အရေးမကြီးNo edit summary
စာကြောင်း ၂၀ -
| website =
}}
'''ခင်မျိုးချစ်''' (၁ မေ ၁၉၁၅–၂ ဇန်နဝါရီ ၁၉၉၉)သည် မြန်မာ အမျိုးသမီး စာရေးဆရာမတစ်ဦး ဖြစ်ပြီး [[စစ်ကိုင်းမြို့]]၌ အဖ [[ရာဇဝတ်ဝန်ထောက်]] ဦးတော်၊ အမိ ဒေါ်သန်းတင် တို့က ၁၉၁၅ ခု မေ ၁ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်တွင် အကြီးဆုံး ဖြစ်သည်။ အမည်ရင်းမှာ မခင်မြ ဖြစ်သည်။
 
၁၉၂၉ တွင် [[သရက်မြို့]] အစိုးရ အထက်တန်း ကျောင်းမှ သတ္တမတန်း၊ ၁၉၃၂ တွင် [[မိတ္ထီလာမြို့]] အမျိုးသား ကျောင်းမှ ဆယ်တန်း အောင်မြင် ခဲ့သည်။ ၁၉၃၂ တွင် တက္ကသိုလ်သို့ ရောက်သည်။ ၁၉၃၃ တွင် တက္ကသိုလ်မှ ထွက်သည်။ ၁၉၃၉ တွင် ဦးခင်မောင်လတ်နှင့် လက်ထပ်သည်။ ၁၉၅၂ တွင် [[ရန်ကုန်တက္ကသိုလ်]]မှ [[ဝိဇ္ဇာဘွဲ့]] (အင်္ဂလိပ်စာ အဓိက) ရရှိ ခဲ့သည်။
 
တိုးတက်ရေးနှင့် ဘာမား ဂျာနယ် တို့တွင် အယ်ဒီတာ အဖွဲ့ဝင်နှင့် ပင်တိုင် ဆောင်းပါးရှင် (၁၉၃၇)၊ ၁၉၃၈ ကျောင်းသား သပိတ်တွင် တက်ကြွစွာ ပါဝင်သည့် သပိတ်မှောက် ကျောင်းသူ၊ [[ဗမာ့ကာကွယ်ရေးတပ်မတော်|ဘီဒီအေ]] စစ်ရုံး ဘာသာပြန် ဌာန အမှုထမ်း (၁၉၄၁ - ၄၅)၊ အိုးဝေသတင်းစာ အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၇)၊ တိုင်းရင်းသူဂျာနယ် အယ်ဒီတာ အဖွဲ့ဝင် (၁၉၄၈)၊ [[စာပေဗိမာန်]] စာပြု (၁၉၄၉ - ၅၂)၊ [[ရန်ကုန်တက္ကသိုလ်]] အင်္ဂလိပ်စာ ဌာနအင်္ဂလိပ်စာဌာန နည်းပြ (၁၉၅၂ - ၅၃)၊ ဂါးဒီးယန်းသတင်းစာ လက်ထောက် အယ်ဒီတာ (၁၉၅၈ - ၆၂)၊ လုပ်သား ပြည်သူ့လုပ်သားပြည်သူ့ နေ့စဉ် (အင်္ဂလိပ်) သတင်းစာ အယ်ဒီတာ (၁၉၆၃ - ၆၈)၊ မိသားစုတွက် 'ပျော်တော်ဆက်' ဟာသ စာစောင် တွဲဖက် ထုတ်ဝေသူနှင့် တာဝန်ခံ အယ်ဒီတာ (၁၉၇၁)၊ 'သောင်းပြောင်း ထွေလာ ရယ်စရာသောင်းပြောင်းထွေလာရယ်စရာ' စာစောင်တွင် ပင်တိုင် ဆောင်းပါးရှင် (၁၉၈ဝ - ၈၅) စသည် တာဝန် ယူခဲ့သည်။ ၁၉၄၇ တွင် [[အိန္ဒိယနိုင်ငံ]] [[နယူးဒေလီမြို့]]၌ ကျင်းပသည့် အာရှတိုက် ဆိုင်ရာ ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက် ခဲ့သည်။
 
၁၉၃၂ - ၃၃ တက္ကသိုလ်မဂ္ဂဇင်း ဝသန္တစာစောင်တွင် ဆာဝါ (လ) တာစကော့၏ ကဗျာ The Lay of The Last Minstrel ကို မှီးထားသော "ဇာတိမာန်"နှင့် "တို့ပြည်၊ တို့မြေတို့ပြည်တို့မြေ" တေးထပ် နှစ်ပုဒ် ရေးခဲ့ရာ မဂ္ဂဇင်း အယ်ဒီတာကမဂ္ဂဇင်းအယ်ဒီတာက 'ခင်မျိုးချစ်' ဟူသော ကလောင် အမည်ကလောင်အမည် ပေးခဲ့ရာမှ အစပြုပြီး ခင်မျိုးချစ် အမည် တွင်ခဲ့သည်။အမည်တွင်ခဲ့သည်။ ထို့နောက် ဒဂုန်မဂ္ဂဇင်း၊ [[သူရိယသတင်းစာ]]၊ ဘားမားဂျာနယ် တို့တွင် ဆောင်းပါးများ ရေးခဲ့သည်။ သူရိယ သတင်းစာတွင်သူရိယသတင်းစာတွင် ''ကောလိပ် ကျောင်းသူကောလိပ်ကျောင်းသူ'' အခန်းဆက် ဝတ္ထုရှည် ရေးခဲ့သည်။
 
၁၉၅၆ ခု မေလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းတွင် ပါဝင်သော The 13 Carat Diamond သည် ပထမဆုံး ဖော်ပြ ခံရသော ဝတ္ထုတို ဖြစ်သည်။ အင်္ဂလိပ် ဘာသာဖြင့်အင်္ဂလိပ်ဘာသာဖြင့် ပြုစု ခဲ့သော စာအုပ် အချို့မှာစာအုပ်အချို့မှာ Three Years Under The JpasJapan (၁၉၅၄), AnwrahtaAnawrahta of BurmBurma (Myanmar) [King Among Men] (1970), Burmese (Myanmar) Scenes and Sketches (1977), Flowers and Festivals Round the Burmese (Myanmar) Year (1980), Colourful Burma (Myanmar) (1978), The 13 Carat Diamond and Other Stories (1969), A Wonderland of Pagoda Legends (1981), Gift of Laughter (1995) တို့ ဖြစ်ကြသည်။ The 13 Carat Diamond ဝတ္ထုတိုကို ဂျာမန်၊ အူရဒူ၊ ယူဂိုဆလပ်၊ အီတာလျံ ဘာသာများသို့ ပြန်ဆို ခဲ့ကြသည်။ပြန်ဆိုခဲ့ကြသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ကျင်းပသည့် အရှေ့တောင်အာရှ စာရေး ဆရာများစာရေးဆရာများ အတွက် အင်္ဂလိပ် ဘာသာအင်္ဂလိပ်ဘာသာ ဝတ္ထုတို ပြိုင်ပွဲတွင် Her Infinite Variety ဖြင့် ပထမဆု ရရှိ ခဲ့သည်။ရရှိခဲ့သည်။ ၁၉၈၃ တွင် လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ချီးမြှင့် ခံရသည်။
 
၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် [[ရန်ကုန်မြို့]]၌ ကွယ်လွန်သည်။
စာကြောင်း ၅၀ -
 
=== အင်္ဂလိပ်ဘာသာစာအုပ်များ ===
#''Three Years under the JpasJapan'' (1945)
#''Anawrahta of Burma [King Among Men]'' (1970)
#''Burmese Scenes and Sketches'' (1977)