ဒီပင်္ကရာဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၇၀ -
===ဒီပင်္ကရာဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း===
 
ဒီပင်္ကရာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော် မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်ရန် အချိန်တန်ပြီ ဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေ နေတော်မူပါရန် တောင်းပန်ခဲ့ကြ ကုန်၏။ အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်မှုကို လက်ခံ တော်မူပြီးနောက် တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ရမ္မာဝတီမြို့တော်၊ သုဒေဝမင်းကြီး၏ တောင်ညာစံဒေဝီ အဂ္ဂမဟေသီ သုမေဓာမိဖုရားခေါင် ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်နေတော်မူခဲ့သည်။ ဆယ်လပြည့်မြောက် အချိန်ရောက်သောအခါ မယ်တော်မိဖုရားကြီးမှ သားတော် အလောင်းမင်းသားကို ဖွားမြင်တော်မူခဲ့၏။ အလောင်းတော် မင်းသားကို “ဒီပင်္ကရာမင်းသား”ဟု အမည်မှည့်ခေါ်ခဲ့ကြကုန်၏။ ဒီပင်္ကရာ အလောင်းတော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ၊ ဖွားမြင်တော်မူ သောအခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမှျ တို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အ့ံသြဖွယ်ရာများအ့ံဩဖွယ်ရာများ ဖြစ်ပေါ်ခဲ့ကြကုန်၏။
 
===ထီးနန်းစိုးစံတော်မူခြင်း===
စာကြောင်း ၇၆ -
 
===တောထွက်တော်မူခြင်း===
အလောင်းတော်ဒီပင်္ကရာမင်းသားသည် အေ>ခအရံတို့နှင့်တကွ ရွှေနန်း သုံးဆောင်တွင် မင်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်ကစားရန် ထွက်တော် မူသောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နတ်တမန်နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူ၍ သံဝေဂဖြစ်ခဲ့ပြီး ရမ္မာဝတီမြို့တော်သို့ ပြန်ဝင်တော်မူခဲ့သည်။ တစ်ဖန် အလောင်းတော်မင်းသားသည် ဥယျာဉ် ကစားရန် ထွက်တော်မူလိုပြန်သည်။ ဝိသကြံုနတ်သားသည်ဝိသကြုံနတ်သားသည် ဒီပင်္ကရာ အလောင်းတော်မင်းသားအား အဝတ်တန်ဆာများကို လာရောက်ဆင်ယင် ပေးခဲ့သည်။ အလောင်းတော်မင်းသားသည် ဆင်ပေါင်း ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်၌ တက်စီး၍ များစွားသော စစ်သည်ဗိုလ်ပါ အခြံအရံ နှင့်ဥယျာဉ်တော်သို့ ထွက်ခဲ့ပြန်သည်။ ဥယျာဉ်တော်သို့ ရောက်သောအခါ စီးတော်ဆင်မှ ဆင်းသက်၍ ဥယျာဉ်တော်အတွင်း လှည့်လည်ရှုစားပြီးနောက် အေးမြနှစ်သက်ဖွယ်ကောင်းသော ကျောက်ဖျာထက်၌ ထိုင်တော်မူခဲ့သည်။ အလောင်းတော်မင်းသားသည် ကျောက်ဖျာထက်၌ ထိုင်နေစဉ် ရဟန်းပြုရန် စိတ်အကြံဖြစ်ခဲ့၏။
 
===ဘုရားဖြစ်တော်မူခြင်း===
စာကြောင်း ၁၀၂ -
===သာဝက (သနိ္နပါတ) အစည်းအဝေးကြီးများ===
ဒီပင်္ကရာ ဘုရားရှင် လက်ထက်တော်၌ တပည့်သာဝက အစည်းအဝေးကြီး သုံးကြိမ်ဖြစ်ခဲ့သည်။ သုနန္ဒာရာမအရပ်၌ အရပ်ထက်ဝန်းကျင်မှ ကုဋေ တစ်သိန်းသော ရဟန္တာအရှင်မြတ်ကြီးများ အထူးလာရောက် စည်းဝေးခဲ့ကြသည်။ ထိုအစည်းအဝေးသည် ရှေးဦးစွာသော တပည့်သာဝက (သန္နိပါတ) အစည်း အဝေးကြီးပင် ဖြစ်ခဲ့သည်။
ဒီပင်္ကရာ ဘုရားရှင်သည် လေးသိန်းသော ရဟန်းတို့ ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူခဲ့ရာ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော နာရဒကူဋ တောင်သို့ ရောက်တော်မူခဲ့၏။ ထိုတောင်ကို နရဒေဝနတ်ဘီလူးသည် အပိုင်စား ရထား၍ ထိုတောင်၌နေ၏။ ထိုတောင်ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ဗလိနတ်စာအလို့ငှာ လူကိုပင်ဆောင်ယူ၍ ထိုနတ်ဘီလူးကို နှစ်စဉ် မပြတ် ပူဇော်ခဲ့ကြရ၏။ ဒီပင်္ကရာဘုရားရှင်သည် ထိုလူအပေါင်းတို့၏ ရှေးကောင်းမှုကို မြင်တော်မူ၍ ကယ်တင်စောင့်ရှောက်ရန်အတွက် ရဟန်းသံဃာတို့ကို ခေါ်ဆောင်တော်မမူဘဲ တစ်ပါးတည်းသာ နာရဒကူဋတောင်ထိပ်သို့ တက်တော်မူခဲ့၏။ ထိုအခါ ဘီလူးသည် ပြင်းစွာအမျက်ထွက်၍ တောင်ကြီးကို တုန်လှုပ်စေကာ ဘုရားရှင်ကို ခြောက်လှန့်ထွက်ပြေးစေခဲ့သည်။ သို့သော် ဘုရားရှင်က လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ ပကတိကြည်လင်စွာ သီတင်းသုံး နေတော်မူသည်ကို ဘီလူးကြီးမြင်ရသည်ရှိသော် “ဤရဟန်းကြီးကား အံ့သြဖွယ်ရှိပေစွ။အံ့ဩဖွယ်ရှိပေစွ။ တန်ခိုးအာနုဘော် ကြီးပေစွ။ ငါပြုခဲ့သောအမှုသည် ငါ့အပေါ်သာ ကျရောက်ခဲ့ပေပြီ။ ဤရဟန်းကြီးမှတစ်ပါး ငါ့အား ကိုးကွယ်ရာ မရှိပြီ။ ဤရဟန်းကြီးကိုပင် ကိုးကွယ်ဆည်းကပ်တော့အံ့”ဟု အကြံဖြစ်ခဲ့ လေသည်။ နရဒေဝနတ်ဘီလူးသည် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်ဆာဆင် တင့်တယ်တော်မူသော ဘုရားရှင်၏ ခြေတော်အစုံ၌ ဦးတိုက်ကာ လွန်ကျူးခဲ့သော အပြစ်ကို ဝန်ချတောင်းပန်၍ ဘုရားရှင်အား ဆည်းကပ် ကိုးကွယ်ခဲ့လေသည်။
ဒီပင်္ကရာဘုရားရှင်သည် နတ်ဘီလူးအား တရားဟောတော်မူခဲ့ရာ တရားတော်၏အဆုံး၌ အခြံအရံ နတ်ဘီလူးတစ်သောင်းနှင့်တကွ နတ်ဘီလူး ကြီးသည် သောတာပတ္တိဖိုလ်၌ တည်ခဲ့၏။ ထိုနရဒေဝနတ်ဘီလူး သောတာပန် တည်သော နေ့၌ကား ဇမ္ဗူဒိပ်ကွျန်းအလုံး၌ နေကုန်သော လူတို့သည် နရဒေဝနတ်ဘီလူးအား ပူဇော်ပွဲပြုလုပ်ရန် တစ်ရွာ တစ်ရွာမှ တစ်ယောက် တစ်ယောက်သော လူကိုလည်းကောင်း၊ ပူဇော်ဖွယ်ပစ္စည်း ဝတ္ထုတို့ကို လည်းကောင်း ဆောင်ယူခဲ့ကြကုန်၏။ နရဒေဝနတ်ဘီလူးသည် ထိုလူတို့ို ယူဆောင်ခဲ့သော ပူဇော်ဖွယ်ဝတ္ထုပစ္စည်းတို့ကို လူတို့အား ပြန်ပေးကာ ဗလိနတ်စာပြုရန် ဆောင်ယူခဲ့သော လူတို့ကိုကား ဘုရားရှင်အား အပ်နှင်း တော်မူခဲ့လေသည်။ ဘုရားရှင်သည် ထိုုလူတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ ရဟန်းပြုပေးခဲ့၏။ ထိုရဟန်းတို့ကား ခုနစ်ရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြကုန်၏။ ဒီပင်္ကရာ ဘုရားရှင်သည် နာရဒကူဋတောင်၌ပင် ရဟန္တာကုဋေတစ်ရာတို့၏ အလယ်၌ နေတော်မူကာ တပို့တွဲလပြည့်နေ့၌ အင်္ဂါလေးပါးနှင့်ပြည့်စုံသော သာဝက အစည်းအဝေးကြီးတွင် သြဝါဒဩဝါဒ ပါတိမောက်ကို ပြတော်မူခဲ့သည်။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ နှစ်ကြိမ်မြောက် သာဝက(သန္နိပါတ)အစည်းအဝေးပင် ဖြစ်ခဲ့သည်။
 
အခါတစ်ပါး၌ ဒီပင်္ကရာ မြတ်စွာဘုရားသည် သုဒဿနတောင်ထိပ်၌ ဝါကပ်တော်မူခဲ့၏။ ထိုအခါ ဇမ္ဗူဒိပ်ကွျန်းနေကုန်သော လူတို့သည် နှစ်စဉ် နှစ်တိုင်း သီတင်းကွျတ်လ၌ တောင်ထိပ်ပွဲသဘင် ဆင်ယင်ကျင်းပမြဲဖြစ်ရာ သုဒဿနတောင်ထိပ်သို့ ရောက်လာခဲ့ကြကုန်၏။ ထိုလူတို့ကို တရားဟောတော်မူခဲ့၏။ ထိုလူတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ရဟန်းပြုခဲ့ကြလေသည်။ ဘုရားရှင်သည် (မဟာပဝါရဏာနေ့)သီတင်းကွျတ် လပြည့်နေ့၌ ထိုရဟန်းတို့အား တရားဟောပြန်ရာ တရားတော်၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေသည်။ ထိုအခါ ဒီပင်္ကရာ ဘုရားရှင်သည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာ ပြုတော်မူခဲ့၏။ ထိုအစည်းအဝေးကြီးကား ဒီပင်္ကရာ ဘုရားရှင်၏ သုံးကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးပင် ဖြစ်ခဲ့သည်။