လူသား: တည်းဖြတ်မှု မူကွဲများ

၃၈ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
(vandalism Sa Pa Sar (ဆွေးနွေး) ၏ တည်းဖြတ်မူ 558843 ကို ပြန်လည်ပယ်ဖျက်လိုက်သည်)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
== မနုဿတ္တ ဒုလ္လဘ ==
နှစ်ပေါင်းမည်မျှဟု မခန့်မှန်းနိုင်သော အချိန်အခါ၌ ကမ္ဘာပေါ်တွင် တိရစ္ဆာန်ရိုင်းများ သွားလာကျက်စားနေကြစဉ်က တိရစ္ဆာန်ရိုင်းများ၏ အရိပ်အခြည်ကို ချောင်းမြောင်းကြည့်ရှု၍ ခိုးကြောင်ခိုးဝှက် သွား လာကျက်စားနေရသော သတ္တဝါမျိုးရှိခဲ့၏။ ထိုသတ္တဝါကား နောင်နှစ်ပေါင်းများစွာ ကြာသောအခါ လူဟူ၍ဖြစ်လာသော သတ္တဝါတည်း။
 
== လူ ==ဖင်ခေါင်းပဲလေ
== လူ ==
ကမ္ဘာပေါ်တွင် လူဟူ၍ ပညတ်ခေါ်ဝေါ်ရသော သတ္တဝါသည်မည်သည့်အချိန်ကစ၍
ပေါက်လာခဲ့သည်ကို မည်သူမျှ တပ်အပ်သေချာစွာမပြောနိုင်ပေ။ သိပ္ပံပညာရှင်ကြီးများပင်လျှင် ကမ္ဘာမြေလွှာ အထပ်ထပ်အောက်တွင် နစ်မြုပ်နေသောအရိုးများ၊ ကျောက်သားမှဖဲ့၍ ပြုလုပ်ထားသော လက်နက်အသုံးအဆောင်ကိရိယာများ၊ တိရစ္ဆာန်များ၏ ဦးချိုနှင့် အစွယ်များ ဖြင့်ပြုလုပ်သော အရာဝတ္ထုများနှင့် မြေအောက်လှိုဏ်ဂူနံရံများတွင် ရေးဆွဲထားသည်။ ယခုအခါတွင် တိမ်ကောပပျောက်နေပြီဖြစ်သော တိရိစ္ဆာန်ကြီး များ၏ ရုပ်ပုံများအစရှိသော ရှေးခေတ်၏ အမွေအနှစ်ပစ္စည်းများကို လေ့လာကြည့်ရှုကာ ကမ္ဘာဦးလူများ၏အကြောင်းကို မှန်းဆရုံမျှသာလျှင် မှန်းဆနိုင်ကြလေသည်။ အမှန်အားဖြင့်ကား လူဟူသောသတ္တဝါသည် တွေးထင်သည်ထက် များစွာပိုမို၍ ရှေးကျသောအခါကပင်လျှင် ကမ္ဘာပေါ်၌ ပေါ်ပေါက်ခဲ့လေသည်။ ကမ္ဘာတွင် လူသတ္တဝါဟူ၍ စတင်ပေါ်ပေါက်နေသည်မှာ ကမ္ဘာ့သမိုင်းကို စတင်မရေးသားမီ နှစ်ပေါင်းသိန်းသန်းများစွာကပင် ဖြစ်တန်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့သမိုင်းကို ခရစ်မပေါ်မီ နှစ်ပေါင်း သုံးလေးထောင် လောက်ကမှသာ အက္ခရာစာလုံးများဖြင့် စတင်မှတ်တမ်းတင်ကြသောကြောင့်ဖြစ်၏။ ထို့အပြင် ကျောက်သားဖြင့်ပြုလုပ်သော နှစ်ပေါင်းထောင်သောင်းများစွာကပင် အသုံးပြုခဲ့ကြသော အရာဝတ္ထုများဖြစ်သည်ဟု သိပ္ပံပညာရှင်များက ယူဆကြလေသည်။ ထိုကျောက်ကိရိယာပစ္စည်းများကို လူများသည် နှစ်ပေါင်းမည်မျှကြာမှ လုပ်ကိုင်အသုံးချလာတတ်သည်ကိုလည်း ကျွန်ုပ်တို့ခန့်မှန်းရာတွင် ထည့်တွက်ရပေဦးမည်။
၆၂၄၆

တည်းဖြတ်မှုများ