ထင်လင်း (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၇ -
အသက် (၆) နှစ်အရွယ် ၁၉၂၂ ခုနှစ်၌ စစ်ကိုင်းတိုင်း၊ ထန်းတပင် - ဇီးကုန်းသို့ ပြောင်းရွှေ့နေထိုင်ပြီး ဦးသာဂျမ်း အလယ်တန်းကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၂၉ ခုနှစ်တွင် စတုတ္ထတန်းအောင်မြင်ပြီး၍ ဘရစ်ချ်စကောလားရှစ် ပညာသင်ဆုရရှိပြီး ရေဦးမြို့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူသည်။ ၁၉၃၁ ခုနှစ်တွင် ရွှေဘိုမြို့ အက်စ်ပီဂျီသာသနာပြုကျောင်းတွင် ပဉ္စမတန်းမှစ၍ ပညာသင်ကြားသည်။
 
၁၉၃၈ ခုနှစ်တွင် ထိုကျောင်းမှ (၁၀) တန်းအောင်မြင်ခဲ့ပြီး ထိုနှစ်၌ပင် ရွှေဘိုအရေးပိုင်ရုံး၌ စာရေးအဖြစ် အမှုထမ်းသည်။ ၁၉၄၅ နှင့် ၄၆ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးတွင် ကန့်ဘလူမြို့ပိုင်ရုံးတွင် ဒု-စာရေး၊ ထို့နောက် မြို့ပိုင်ရုံးစာရေးကြီးအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်မှစ၍ စာနယ်ဇင်းများတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆောင်းပါး၊ ဝတ္ထုနှင့် ကဗျာများကို စတင်ရေးခဲ့သည်။ ပထမဆုံးဝတ္ထုမှာ "နယ်ပိုင်ဦးထုပ်" ဖြစ်ပြီး တာရာမဂ္ဂဇင်း၌ ဖော်ပြခံရပြီး ကလောင်အမည်မှာ "သိန်း (အညာ)" ဖြစ်၏။ "ထင်လင်း" အမည်ဖြင့် ၁၉၄၈ ခုနှစ် ပဒေသာမဂ္ဂဇင်း၌ စတင်‌ရေးသားသည်။ ထိုနှစ်၌ပင် ရန်ကုန်မြို့ စာပေဗိမာန်၌ စာပြုအဖြစ်ခန့်ထားခြင်းခံရပြီး ရန်ကုန်တက္ကသိုလ် ပြန်တက်သည်။
၁၉၃၈ - ထိုကျောင်းမှ (၁၀)တန်းအောင်မြင်ခဲ့။ ယင်းနှစ်တွင် ရွှေဘိုအရေးတော်ပုံရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့။
 
၁၉၄၅ - ၄၆ - ဒုတိယကမ္ဘာစစ်အပြီးတွင် ကန့်ဘလူမြို့နယ်ပိုင်ရုံးတွင် ဒု-စာရေး၊ ထို့နောက် ကန့်ဘလူမြို့ပိုင်ရုံး စာရေးကြီးအဖြစ်အမှုထမ်းခဲ့။
 
၁၉၄၇ - ထိုနှစ်မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် စတင်ရေးခဲ့။ ပထမဆုံးဝတ္ထုမှာ ''နယ်ပိုင်ဦးထုပ်'' ဖြစ်ပြီး ၁၉၄၇-ခုနှစ် တာရာမဂ္ဂဇင်း၌ ဖော်ပြခံရသည်။ ''သိန်း(အညာ)'' ကလောင်အမည်ဖြင့်ရေးခဲ့။
 
၁၉၄၈ - ပဒေသာမဂ္ဂဇင်း၌''ထင်လင်း''အမည်ဖြင့် စတင်ရေးခဲ့။ ရန်ကုန်မြို့ စာပေဗိမာန်၌ စာပြုအဖြစ်ခန့်ထား ခြင်းခံရ။ ထို့နောက်-ရန်ကုန်တက္ကသိုလ်ပြန်တက်သည်။
 
၁၉၅၂ - ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့။