နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄၃ -
==ရွှေ့ပြောင်းနေထိုင်ခြင်းမှ ပေါ်ထွက်လာသော စံသဘောထားကွဲလွဲမှု==
 
နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်း၏ အဟန့်အတားများမှာ ဥပဒေကခွင့်မပြုသည်သာမက လာရောက်နေထိုင်ခြင်း၏ ဖြစ်ရိုးဖြစ်စဉ်နှင့် လူမှုရေးအဟန့်အတားများမှာလည်း အလွန် အရေးပါနိုင်သည်။ လာရောက်နေထိုင်သူများမှာ ရင်းနှီးကျွမ်းဝင်သော အရာခပ်သိမ်းဖြစ်သည့် ၎င်းတို့၏မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများ၊ အထောက်အပံ့ပေးသော အသိုင်းအဝိုင်းနှင့် ဓလေ့ထုံးတမ်း အစဉ်အလာ တို့ကိုလည်း ၎င်းတို့၏ တို်င်းပြည်မှ ထွက်ခွါလာသောအချိန်တွင် ထားခဲ့ကြရသည်။ ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း များသောအားဖြင့် အရှုံးခံ၍ ရောင်းချပြီး ပြောင်းရွှေ့စရိတ်အဖြစ် အသုံပြုသည်။ ၎င်းတို့သည် နိုင်ငံအသစ်တခုသို့ ရောက်သောအခါ အလုပ်ရှာဖွေခြင်း၊ နေထိုင်ရန်နေရာ၊ ဥပဒေအသစ်များ၊ ဓလေ့ထုံးစံ စည်းမျဉ်းသစ်များ, ဘာသာစကား သို့မဟုတ် လေယူလေသိမ်းနှင့် ပတ်သက်သော အကြောင်းခြင်းရာများ၊ ဖြစ်နိုင်ဖွယ်ရာရှိသော လူမျိုးရေးပဋ္ဋိပက္ခ နှင့် အခြားသော ၎င်းတို့နှင့် ၎င်းတို့၏မိသားစုများကို ချန်လှပ်ထားခြင်း အပြုအမူ စသည့် များပြားလှသော မရေရာမသေချာမှုများ တို့တွေ့ကြံုရသည်။တို့တွေ့ကြုံရသည်။ ယင်းအတားအဆီးများမှာ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းကို ကန့်သတ်သည့် သဘောဆောင်သည် (အခြားသောတိုက်များသို့ မှီတင်းနေထိုင်ကြသောသူများ အစုအဝေးအလိုက် ရွှေ့ပြောင်းခြင်း၊ ကြီးမားများပြားသောလူဦးရေများ တလိမ့်လိမ့်ဖန်တီးခြင်းနှင့် ၎င်းတို့၏ အခြေခံဖွဲ့စည်းမှုနှင့် ဝန်ဆောင်မှုများအပေါ် ဆက်စပ်နေသော အားထုတ်လုပ်ကိုင်ခြင်းများ၊ ရွှေ့ပြောင်းခြင်းတွင် ၎င်းရှိရင်းစွဲ ကန့်သတ်ချက်များကို လစ်လျူရှုခြင်းတို့ ဖြစ်ပေါ်နေသော နေရာများ)။
 
နိုင်ငံရေးအရ ရွှေ့ပြောင်းနေထိုင်ခြင်းသည် အခြားသောအကြောင်းအရာများ ဖြစ်သော နိုင်ငံတော်လုံခြံုရေး၊နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်ဝါဒနှင့် အထူးသဖြင့် အနောက်ဥရောပတိုက်တွင်အဓိကကိုးကွယ်လျက်
ရှိသော လက်ရှိအစ္စလာမ်ဘာသာနှင့် ပို၍ပို၍ဆက်စပ်ဖြစ်ပေါ်လျက် ရှိသည်။ လုံခြံုရေးနှင့်သက်ဆိုင်သောလုံခြုံရေးနှင့်သက်ဆိုင်သော ထိုအကြောင်းအရာများသည် ဂျီလန်း-ပို့စတန် [[မိုဟာမက်]] ([http://en.wikipedia.org/wiki/Jyllands-Posten_Muhammad_cartoons_controversy Jyllands-Posten Muhammad]) ကာတွန်းများ အငြင်းပွားမှုကို အနောက်ဥရောပတွင် မွတ်စလင်များ ရွှေ့ပြောင်းနေထိုင်ခြင်းမှ ပေါ်ထွက်လာသော စံသဘောထားကွဲလွဲမှု ဥပမာအနေဖြင့် ညွှန်ပြသည့် ၂၀၀၅ခုနှစ် ပြင်သစ်နိုင်ငံ ပြည်တွင်းနိုင်ငံရေး ထကြွလှုပ်ရှားမှု ကို ရည်ညွှန်းကိုးကားသည်။ ထိုစဉ်တွင်၂၀၀၅ခုနှစ် ပြည်တွင်းနိုင်ငံရေး ထကြွလှုပ်ရှားမှုတွင် အများဆုံးပါဝင်သူများမှာ ပြင်သစ်နိုင်ငံသားများ ဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် လာရောက်နေထိုင်သူများမဟုတ်ကြောင်း၊ ၎င်းတို့ ကန့်ကွက်ဆန္ဒပြရခြင်း၏ အနှစ်သာရမှာ တူညီသောအခွင့်အရေးရပိုင်ခွင့်များကို ငြင်းပယ်ခြင်းနှင့် နိုင်ငံ၏ တစ်စိတ်တဒေသတွင် သိသာထင်ရှားသော လူမျိုးခွဲခြားရေးဝါဒတို့ကြောင့်ဖြစ်ကြောင်း၊ စသည့်အချက်များကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ အားလုံးသော ယင်းအသင်းအဖွဲ့များကြောင့် ဥရောပနိုင်ငံ အများအပြားတွင် လာရောက်နေထိုင်ခြင်းသည် စိတ်ခံစားချက်နှင့်သက်ဆိုင်သော နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်တစ်ခု ဖြစ်လာသည်။
 
==လူ့ကျင့်ဝတ်==
စာကြောင်း ၅၇ -
==တန်းတူညီမျှမှု အခွင့်အရေးများ==
 
နိုင်ငံတစ်နိုင်ငံသို့ လာရောက်နေထိုင်ခြင်းကို ခွင့်ပြုပါက ၎င်းသည် ထုံးစံအတိုင်း ရွေးချယ်ခွင့် ရှိသည်။ လူဖြူ [[ဩစတြေးလျနိုင်ငံ|သြစတြေးလျဩစတြေးလျ]] ပေါ်လစီကဲ့သို့ လူမျိုးရေးဆိုင်ရာ ရွေးချယ်ခြင်းသည် တစ်ဖြည်းဖြည်း ကွယ်ပျောက်လာသည်။ သို့သော် များသောအားဖြင့် ပညာတတ်သော၊ တတ်ကျွမ်းသော ကြွယ်ဝသော သူများကို ဦးစားပေးသည်။ ဝင်ငွေနည်းပါးသော နိုင်ငံများမှ ဆင်းရဲသော လူများအပါအဝင် အခွင့်အရေးနည်းသောသူများမှာ ချမ်းသာသော နိုင်ငံများက ပေးသော တရားဝင်ဖြစ်ပြီး အကာအကွယ်လည်းပေးသည့် လာရောက်နေထိုင်ရာ အခွင့်အရေးများကို မရရှိနိုင်ပါ။ ဤတန်းတူညီမျှမှု မရှိခြင်းကိုလည်း ဒီမိုကရေစီစနစ်(အနည်းဆုံး အယူအဆဆိုင်ရာတွင်) ကျင့်သုံးသော နိုင်ငံများတွင် အသုံးပြုသည့် တန်းတူညီမျှမှု အခွင့်အရေးများဆိုင်ရာ စည်းမျဉ်းများနှင့် ကွဲလွဲမှုအဖြစ် အဝေဖန်ခံရသည်။ ကျွမ်းကျင်မှုမရှိသော သူများအတွက် တံခါးပိတ်ရခြင်းအကြောင်းရင်းမှာ မှတ်တမ်းမရှိဘဲ နိုင်ငံတွင်း လာရောက်နေထိုင်ကြခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်။ ဤပေါ်လစီ၏ ဆန့်ကျင်ဖက်သဘာဝသည်လည်း - ကျွမ်းကျင်မှုမရှိသော လာရောက်နေထိုင်သူများ၏ လုပ်အားကို ခေါင်းပုံဖြတ်ခံရပြီး ဆိုးကျိုးများ ဖြစ်စေသည့် အတွက် - လူမျိုးစုဆိုင်ရာ အငြင်းပွားချက်များအရ ဝေဖန်ခြင်း ခံနေရသည်။
 
လွတ်လပ်စွာ ရွှေ့ပြောင်းခွင့်ကို ရည်ရွယ်သူ တစ်ဦးချင်းအား ရွေးချယ်ပေးအပ်သော နိုင်ငံတွင်းလာရောက်နေထိုင်မှု ပေါ်လစီများသည် အိမ်ရှင်နိုင်ငံအတွက် စီးပွားရေးတိုးတက်မှု ရှိစေရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဦးနှောက်ဖောက်စားခံရခြင်းဖြစ်သည့် ပညာတတ်လူနည်းစုကို ဆုံးရှုံးရသည့်အတွက် ဆင်းရဲသော နိုင်ငံ၏ အသားတင် အရှုံးကိုလည်း ဆိုလိုနိုင်သည်။ ဤသည်မှာ အစဦးပိုင်းတွင် လူများကို ရွှေ့ပြောင်းအခြေချရန် လှုံ့ဆော်ပေးသော လူနေမှုအဆင့်အတန်းဆိုင်ရာ တစ်ကမ္ဘာလုံး တန်းတူညီမျှမှုရှိရေးကို ပိုမိုဆိုးရွားစေနိုင်သည်။ ‘ကျွမ်းကျင်အလုပ်သမား ပြိုင်ဆိုင်မှု’ ဥပမာတစ်ခုမှာ ပထမ[[ကမ္ဘာ]]နိုင်ငံများခေါ် ဖွံ့ဖြိုးပြီးနိုင်ငံများက တတိယ[[ကမ္ဘာ]]နိုင်ငံများခေါ် ဖွံ့ဖြိုးဆဲနိုင်ငံများမှ [[ကျန်းမာရေး]]လုပ်သားများကို အမြဲ ခေါ်ယူအလုပ်အကိုင်ပေးခြင်းဖြစ်သည်။