ပထမ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: mzn:جنگ جهانی اول; cosmetic changes
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၉၃ -
ထိုနှစ်တွင် အနောက်ဘက် စစ်မျက်နှာ၌ မဟာမိတ်တို့သည် စစ်အောင်နိုင်မည့် မျှော်လင့်ချက်ကလေးများပင် ထားရှိလာနိုင်လေသည်။ ထိုနှစ်အတွင်း အရေးပါသော တိုက်ပွဲများ ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်နှင့် ဗဲလဂျီယံနိုင်ငံများတွင် ဖြစ်ပွားခဲ့သည်။ ထိုဒေသများတွင် အဂၤလိပ်၊ ပြင်သစ်၊ ဗဲလဂျီယမ်နှင့် ကနေဒီယန်တပ်များ ပူးပေါင်း၍ ဂျာမန်တပ်များ စိတ်ဓာတ် ပျက်ပြားအောင်ပင် တိုက်ခိုက်ခဲ့သည်။ ထို့ပြင် ထိုနှစ်ဇွန်လတွင်း အကြုံစဖူး ထူးကဲလှစွာ အပြင်းအထန်တိုက်ခိုက်ခဲ့လေရာ ရက်အနည်းငယ်အတွင်း ဂျာမန်တပ်များလေးမိုင်ခန့်မျှ နောက်သို့ ဆုတ်ပေးရလေသည်။ တောင်ဘက်တွင်လည်း ဂျာမန်တို့၏ [[ကျောက်မီးသွေး]]ထွက်ရာ အဖိုးတန်မြို့ကြီးတစ်မြို့ဖြစ်သော လင်းမြို့ဘက်သို့ ကနေဒီယန်တပ်များက အရှေ့ဆောင်ချီတက်တိုက်ခိုက်ခဲ့သဖြင့် ဂျာမန်တို့ တဖြည်းဖြည်း ဆုတ်ပေးရပြန်သည်။ ထိုနှစ် နိုဝင်ဘာလလောက်တွင် မဟာမိတ်တို့သည် ဂျာမန်တို့သိမ်းပိုက်ထားသော ပြင်သစ်မြို့ဖြစ်သော ကမ်းဗရေးကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေသည်။ ထိုအခါ ဗာဗေးရီးယားပြည်၏ ဥပရာဇာမင်းသား ခေါင်းဆောင်သော ဂျာမန်တပ်များမှာ ၅မိုင်ခန့် ဆုတ်ပေးခဲ့ရသည်။သို့သော် ဂျာမန်တပ်များက တန်ပြန်ထိုးစစ်ဆင်သောအခါ မဟာမိတ်တပ်များ သိမ်းပိုက်ရရှိသမျှ နယ်မြေများ ပြန်လည်၍ ဆုံးရှုံးရပြန်သည်။ WTF
ထိုနှစ်မတ်လ ၁၁ ရက်နေ့တွင် ရုရှားပြည်၌ တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်။ နောက်လေးလခန့်အကြာတွင် ဇာဘုရင်မှာ နန်းတော်ကို စွန့်လိုက်ရပြီးနောက် သမ္မတနိုင်ငံအဖြစ်ကျေညာခဲ့ရာ စစ်ပြေငြိမ်းရန် ကြံရွယ်နေသော ဇာဘုရင်ကြောင့် စိတ်ပျက်အားလျော့နေရသော မဟာမိတ်တို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။ သို့သော်လည်း ရုရှားနိုင်ငံမှာ စစ်ကို ဆက်လက်တိုက်ခိုက်ရန် အခြေအနေမျိုး မရှိတော့ချေ။ တပ်တွင်း စည်းကမ်းများ ပျက်ပြားကာ တပ်ပြေးရေမှာလည်း များသည်ထက် များပြားလာသည့်အပြင် နေရာတိုင်းတွင် အရှုံးကြီးရှုံးနေခဲ့သည်။ ထိုအတွင်း လူအချင်းချင်း အရှင်ရှင် နယ်ချဲ့စစ်ပွဲတွင် တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်နေရန် မသင့်ကြောင်း ကြွေးကြော်သံ ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုနှင့် နိုဝင်ဘာလတွင် ဗော်လရှီဗစ်တို့သည် အုပ်ချုပ်ရေးအာဏာကို သိမ်းပိုက်ခဲ့လေသည်။ ဗော်လရှီဗစ် အစိုးရသည် ဒီဇင်ဘာလထဲတွင် ဂျာမန်တို့နှင့် စစ်ပြေငြိမ်းရန် ကြိုးပမ်းခဲ့ရာ ၁၉၁၈ ခု မတ်လထဲတွင် ဗရက် စ-လီတော့ စာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ထို့ကြောင့် ဂျာမန်တို့သည် အရှေ့ဘက်စစ်မျက်နှာမှ စစ်သား ထောင်ပေါင်းများစွာကို အနောက်ဘက်စစ်မျာက်နှာသို့ ရွှေ့ပြောင်းနိုင်ခဲ့သာ ပြင်သစ်နှင့် အဂၤလိပ်တို့အား ယခင်ကထက်ပိုမို ဖိတိုက်နိုင်ခဲ့သည်။
အီတာလျံစစ်မျက်နှာတွင် အီတလီတို့သည် မူလကြံရွယ်ချက်အတိုင်း ထရီ:ယက်မြို့ဆီသို့ တဖြည်းဖြည်းချီတက်ခဲ့ရာ မြို့နှင့် ဆယ်မိုင်ခန့်အကွာနေရာသို့ပင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မကြာမီ ဂျာမန်စစ်ကူးများ ရောက်ရှိလာ၍ သြစတြီးယားစစ်တပ်များနှင့်ဩစတြီးယားစစ်တပ်များနှင့် ပူးပေါင်းကာ အောက်တိုဘာလကုန်လောက်၌ ကားပိုရပ်တို တွင် အီတာလျံတပ်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ အီတာလျတို့ တပ်ပျက်ကာ ဆုတ်ခွာခဲ့ရသည်။ ပီယားဗေမြစ်သို့ ရောက်မှ ဂျာမန်တို့၏ ချီတက်မှုကို တန့်အောင် ပြုလုပ်နိုင်ပေတော့သည်။ ထိုသို့ တန့်အောင် ခံနိုင်ခဲ့သည်မှာလည်း မဟာမိတ်များသည် အီတာလျံတို့အား ကူညီရန် ထိနှစ် ဒီဇင်ဘာမတိုင်မီ အနောက်ဘက်စစ်မျက်နှာမှ စစ်ကူတပ်များပို့ပေးသောကြောင့် ဖြစ်လေသည်။
 
ထိုနှစ်အတွင်း ဂရိနိုင်ငံ၏ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ဖြစ်လာခဲ့သည်။ ဂရိဘုရင် ကွန်စတန်တင်းသည် ဇွန် ၂ရက်နေ့တွင် နန်းမှ ဆင်းသက်ကာ မဟာမိတ်တို့အား လိုလားသူ ဒုတိယသားတော် အလက်ဇန္ဒာအား နန်းအပ်ခဲ့ရလေသည်။ အလက်ဇန္ဒာသည် ဂရိမျိုးချစ်တပ်များကို ခေါင်းဆောင်ခဲ့သူ ဗဲနီဇေလော့ကို ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ မဟာမိတ်တို့ဖက်မှ ကူညီတိုက်ခိုက်လေသည်။
စာကြောင်း ၁၂၂ -
 
ဗြိတိသျှ ကရူဇာစစ်သင်္ဘော သုံးစင်းမှာ မြောက်ပင်လယ်တွင် ဂျာမန်[[ရေငုပ်သင်္ဘော]]များက တိုက်ခိုက်သဖြင့် နစ်မြှုပ်သွားရလေသည်။ ၁၉၁၄ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့တွင် ချီလီ ကမ်းခြေ ကိုရိုနဲအငူအနီး၌ ဂျာမန်ကရူဇာစစ်သင်္ဘောငါးစင်းပါဝင်သော ရေတပ်စုသည် ဗြိတိသျှရေတပ်စုကို တိုက်ခိုက်နှိမ်နှင်းလိုက်လေသည်။ သို့သော် ယင်းဂျာမန် ရေတပ်စုမှာ ဒီဇင်ဘာလ ၈ရက်နေ့တွင် ဖော့ကလန်းကျွန်းစုအနီး၌ အခြားဗြိတိသျှ စစ်သင်္ဘောတပ်စု၏ တိုက်ခိုက်ခြင်းခံရသဖြင့် ဒရက်ဇဒန်အမည်ရှိစစ်သင်္ဘောမှတပါး အခြားသင်္ဘောများနှစ်မြှုပ်ခြင်းခံရသည်။ ဒရက်ဇဒန်မှာမူ လွတ်မြောက်သွားခဲ့လေသည်။[[File:Hochseeflotte 2.jpg|thumb|150px|ဗြိတိသျှ ရေတပ်ကြီး]]
အင်ဒမင်အမည်ရှိ ဂျာမန်ကရူဇာစစ်သင်္ဘောတစ်စင်းသည်လည်း သမုဒ္ဒရာ ပင်လယ်ပြင်တစ်လျောက် လှည့်လည်သွားလာကာ ဒေါ်လာ တစ်ကုဋေခန့် တန်ဖိုးရှိသော သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီးခဲ့၏။ သို့သော် နောက်ဆုံး၌ အိန္ဒိယ သမုဒ္ဒရာရှိ ကိုကိုကျွန်းတွင် သြစတြီးလီးယားစစ်သင်္ဘောတစ်စင်း၏ဩစတြီးလီးယားစစ်သင်္ဘောတစ်စင်း၏ တိုက်ခိုက်ဖြတ်ဆီးခြင်းကို ခံရလေသည်။
၁၉၁၅ ခုနှစ်နှင့် ၁၉၁၆ ခုနှစ်များတွင်လည်း ဒရက်ဇဒန်၊ ဖရီးဒရက်၊ ကွန်းနစ္စဗတ် စသော ဂျာမန်သင်္ဘောများသည် ပင်လယ်ပြင် အရပ်ရပ်တွင် မဟာမိတ်တို့၏ သင်္ဘောများကို နှစ်မြှုပ် ဖျက်ဆီး၍ ကူးသန်းသွားလာရေးကို အနှေင့်အယှက်ပေးခဲ့လေသည်။ ပထမကမ္ဘာစစ်အတွင်း အကြီးကျယ်ဆုံးသော ရေကြောင်းတိုက်ပွဲမှာ ၁၉၁၆ ခု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားသော ဂျတ်တလန် တိုက်ပွဲဖြစ်ပေသည်။ ထိုတိုက်ပွဲတွင် ဂျာမန်ရေတပ်ရေကြောင်းဗိုလ်ချုပ်ရှေးက ကွပ်ကဲ၍ အင်္ဂလိပ်ရေတပ် တိုက်သင်္ဘောများကို ရေကြောင်းဗိုလ်ချုပ် ဗီးတီးက ဦးစီးအုပ်ချုပ်ခဲ့လေသည်။ နှစ်ဖက်စလုံးမှ သင်္ဘောများသည် [[ဒိန်းမတ်နိုင်ငံ]]ကမ်းခြေတွင် တစ်နေ့လုံး တိုက်ခိုက်ကြရာ ညနေဘက်တွင် ရေကြောင်းဗိုလ်ချုပ်မှူးဂျယ်လီကို ဦးစီးသော အင်္ဂလိပ်ရေတပ်စုတစ်စုသည် အကူရောက်လာသဖြင့် ဂျာမန်ရေတပ်သည် ယင်း၏ စခန်းများသို့ နောက်ပြန်ဆုတ်သွားလေတော့သည်။ ထိုတိုက်ပွဲတွင် ဂျာမန်တို့က အနိုင်ရသည်ဟု ကျေညာခဲ့သည်။ အင်္ဂလိပ်တို့ဘက်မှ အပျက်အစီး အဆုံးအရှုံးမှာ ဂျာမန်တို့နှင့် နှိုင်းယှဉ်သော် အလွန်ပင် များပြားသောကြောင့် တစ်နည်းအားဖြင့် ထိုကျေညာချက်မှာ မှန်သည်ဟု ဆိုနိုင်ပေသည်။ သို့သော် ထိုနောက်တွင် ကိုင်ဇာဘုရင်သည် ငွေကိုရေလိုသုံးကာ တည်ဆောက်ခဲ့သည့်ပြင် သူတို့ ဂုဏ်ယူခဲ့သော ဂျာမန်ရေတပ်ကြီးမှာ ကီးတူးမြောင်း စခန်းများတွင် ပိတ်မိတော့သည်။ ထို့အပြင် ဂျာမန်တို့ထက် အဆုံးအရှုံးများသော်လည်း အင်္ဂလိပ်ရေတပ်သည် ပင်လယ်ပြင်တွင် ကြီးစိုးမြဲကြီးစိုးနေခဲ့လေသည်။ ဂျာမန်တို့သည် ရေတပ်ကြီးကို အသုံးမပြုနိုင်သောကြောင့် ရေငုပ်သင်္ဘောများကို တွင်ကျယ်စွာ အသုံးပြုခဲ့ကာ အင်္ဂလိပ်ရေတပ်ကို ကြီးစွာ နှောင့်ယှက်နိုင်ခဲ့သည်။ စစ်ကြီးဖြစ်စ ပထမသုံးနှစ်အတွင်းဂျာမန်ရေငုပ်သင်္ဘောများ၏ ရန်ကို ထိရောက်စွာ ကာကွယ်ရန် မကြံစည်နိုင်ခဲ့သဖြင့် ဂျာမန်တို့[[ရေငုပ်သင်္ဘော]]ဖြင့် တိုက်ခိုက်ခြင်းသည် စစ်အရှုံးအနိုင်ကို ဆုံးဖြတ်တော့မည်လောဟုတွေးတောကြလေသည်။[[File:HMS Dreadnought 1906 H61017.jpg|thumb|150px|ဗြိတိသျှရေတပ် သင်္ဘောတစ်စင်း]]