ပထမ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၂ -
==စစ်ပွဲ ဖြစ်ရသည့် အကြောင်းများ==
 
ဘကြီးတော်မင်း နန်းတက်သော အခါ မိဖုရားကြီး [[နန်းမတော်မယ်နု|မယ်နု]]နှင့် ၎င်း ဆွေမျိုးသားချင်းများ၊ ၎င်းတို့၏ အလိုတော်ရိများသည် နန်းတွင်း၌ သြဇာဩဇာ ကြီးမား ခဲ့ကြသည်။ ခြုံ၍ ကြည့်လျှင် ၎င်းတို့သည် အရည်အသွေး ရှိသူများ၊ အစွမ်းထက်သူများ ဖြစ်ကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့သည် ပြင်ပ ကမ္ဘာ အကြောင်းကို သတိမမူသူများ ဖြစ်၍ မြန်မာ့ အင်အားကို လွန်စွာ အထင်ကြီးနေသူများ ဖြစ်ကြသည်။ မည်သည့်နိုင်ငံနှင့် မဆို မြန်မာတို့ အလိုကျ ဆက်ဆံနိုင်သည် ဟူ၍လည်း ယူဆကြလေသည်။
 
 
စာကြောင်း ၅၈ -
==မင်းကြီး မဟာဗန္ဓုလ၏ တိုက်စစ်==
 
ဗြိတိသျှတို့ စစ်ကြေညာသော အချိန်၌ မြန်မာတို့၏ တပ်မကြီးသည် စစ်တကောင်းနှင့် ဘင်္ဂလားကို တိုက်ခိုက်ရန် အိန္ဒိယ နယ်စပ်တွင် ရောက်နေလေသည်။ သို့သော် မြန်မာနိုင်ငံ အတွင်း၌ စစ်တပ်များ အလျင်အမြန် ဖွဲ့စည်း၍ သုံးပါး ဝန်ကြီးနှင် ကျည်ဝန်ကြီးတို့ ကွပ်ကဲပြီးလျှင် ဗြိတိသျှ စစ်တပ်ကို ခုခံ တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် ရန်ကုန်ကို သိမ်းပိုက်ပြီးနောက် ရွှေတိဂုံ ကုန်းမြင့်တွင် တပ်စွဲ၍ တြိဂံ ပုံသဏ္ဍာန် ခံတပ် တည်ဆောက်ကြသည်။ တပ်စခန်းထိပ်ဖျားမှာ ရွှေတိဂုံ ဘုရား ဖြစ်၍ တပ်အခြေမှာ ရန်ကုန်မြစ် ဖြစ်သည်။ မြန်မာတို့သည် ကြည့်မြင်တိုင်တွင် တပ်စွဲပြီးနောက် ထိုမှ တဆင့် ဗြိတိသျှ ရေတပ် ဆုတ်ခွာရန် သို့မဟုတ် မီးလောင် ပျက်စီး သွားစေရန် မီးဖောင်များကို ကြည့်မြင်တိုင် ဆိပ်ကမ်းမှ မျှောချကြသည်။ ဤတွင် ဗြိတိသျှ စစ်တပ်သည် ကြည့်မြင်တိုင်ကို တိုက်ခိုက်၍ ပထမ မြန်မာ ခံတပ်ကို သိမ်းယူလေသည်။ မင်းကြီး မဟာ ဗန္ဓုလကို ရခိုင်တိုင်းမှ အမြန်ပြန်လာရန် ဆင့်ခေါ် လိုက်လေသည်။ စစ်သူကြီး ဗန္ဓုလသည် မုတ်သုန်မိုး အပြင်းထန်ဆုံး ရွာသွန်းနေချိန်တွင် တပ်မတော် တခုလုံးနှင့် အမြောက် လက်နက်များပါ သယ်ဆောင်၍ [[ရခိုင်ရိုးမ]]ကို အပြင်းချီတက် ဖြတ်ကျော် ခဲ့လေသည်။ ဤအချက်ဖြင့် မြန်မာတပ်များ၏ တပ်ချီ တပ်ဆုတ် လျင်မြန်မှု အစွမ်းကို ပေါ်လွင်စေခဲ့ရာ ဗြိတိသျှ စစ်ဗိုလ်များပင် အံ့သြအံ့ဩ ခဲ့ကြလေသည်။ ဤသို့သော မြန်မာ့စွမ်းရည်ကို ပြောက်ကျား စနစ် စစ်ဆင်ရေးတွင် အသုံးချ သင့်သော်လည်း ဗန္ဓုလသည် ခေတ်မှီ လက်နက်များ တပ်ဆင်၍၊ အကျအန ပြင်ဆင်ထားသော ရန်သူ စစ်တပ်ကို ရှေ့မှနေ၍ ရင်ဆိုင် တိုက်ခိုက်လေသည်။ ဗန္ဓုလသည် [[ရွှေတိဂုံစေတီတော်|ရွှေတိဂုံ ဘုရား]]နှင့် ကြည့်မြင်တိုင်ကို အဓိက ထား၍ တိုက်ခိုက်ခဲ့သည်။ မြန်မာတို့သည် ဗြိတိသျှတို့ တပ်စွဲဌာနသို့ ခံတပ်များကို တဖြေးဖြေး ရှေ့သို့ တိုး၍ တရွေ့ရွေ့ ချဉ်းကပ် လာကြပြီးနောက် အလုံးအရင်းနှင့် တိုက်ခိုက်ကြသည်။ ဗြိတိသျှ စစ်တပ်သည် ရွေ့လျားနေသော မြန်မာတပ် နီးကပ်လာသော် အဆက်မပြတ် ပစ်ခတ်ကြပြီးလျှင် ပတ်ပတ်လည်ရှိ မြန်မာတို့၏ ခံတပ်များကို ပစ်ခတ် ဖြိုဖျက်လေသည်။
 
 
မြန်မာတို့၏ သေနတ်မှာ ကျည်တခါ ပစ်ပြီး နောက်တဖန် ကျည်သွင်းရန် နှေးကွေး နေလေရာ ဒုတိယအကြိမ် ကျည်မသွင်းနိုင်မီ ဗြိတိသျှ စစ်သားများသည် မြန်မာတပ်တွင်းသို့ လှံစွပ်များဖြင့် ဝင်ရောက် တိုက်ခိုက် နိုင်လေသည်။ ရှေးယခင်က မြန်မာတို့ အဖို့ စစ်အောင်နိုင်မှုများကို ဖန်တီးခဲ့သော မြန်မာ ခံတပ်များမှာ ယခု အကြိမ်တွင် မြန်မာ့ သေတွင်းသဖွယ် ဖြစ်တော့သည်။ သို့သော် မြန်မာတို့သည် မလျော့သော သတ္တိဖြင့် အသေခံ၍ ခုခံ တိုက်ခိုက်ကြသည်။ မြန်မာတို့သည် လက်နက်ချခြင်း၊ ထွက်ပြေးခြင်း မပြုကြဘဲ ဓား လှံကို စွဲကိုင်၍ ဗြိတိသျှ စစ်သည်တို့၏ သေနတ် လှံစွပ်များ အကြားသို့ တိုးဝင် ထိုးခုတ်ကြရာဗြိတိသျှတို့သည် အံ့သြအံ့ဩ ကြရပြန်သည်။ တိုက်ပွဲမှာ လွန်စွာ ပြင်းထန်လှ သဖြင့် ဗြိတိသျှတို့သည် မြန်မာ့ တပ်မကြီးကို ရုတ်တရက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။ မြန်မာတို့လည်း ကုက္ကိုင်းတွင် တပ်များ ပြန်လည် စုရုံးရန် အချိန်ရလိုက်သည်။ သို့သော် ဤအဖြစ်မှာ ကြာရှည် တည်တံ့ခြင်း မရှိပေ။ ဗြိတိသျှတို့က အပြင်းအထန် တိုက်ခိုက်ပြန် သဖြင့် မြန်မာတပ်သည် ရွေ့လျားရ ပြန်သည်။ စစ်သူကြီး ဗန္ဓုလတွင် စစ်သည် ၇,၀၀ဝ မျှသာ ကျန်ရစ်သော်လည်း ထိုစစ်သည်များနှင့်ပင် ဓနုဖြူခံတပ်သို့ ရွှေ့ပြောင်း ဆုတ်ခွာပြီးလျှင် နေပြည်တော်သို့ ရှေးရှု ချီတက်လာမည့် ဗြိတိသျှ စစ်ကြောင်းကို စောင့်ကြိုနေလေသည်။
 
==မြန်မာ့တပ်များ၏ ခံစစ်==