ပန့်ခ် ဂီတ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
ပန့်ခ်ရော့ သည် ၁၉၇၄ နှင့် ၁၉၇၆ ကြားတွင် [[အမေရိကန်]]၊ [[ဗြိတိန်]] နှင့် [[သြစတေးလျဩစတေးလျ]] တို့တွင် ဖွံ့ဖြိုးလာသည့် ရော့ခ်ဂီတအမျိုးအစားဖြစ်သည်။ ပင်ရင်းဇစ်မြစ်ဖြစ်သော ဂါးရေ့ချ် ရော့ခ်(garage rock) နှင့် တခြားအမျိုးအစားဖြစ်သော ပရိုတိုပန့် (protopunk) တို့မှပေါက်ဖွားလာပြီး၊ ပန့်ခ်ဂီတဝိုင်းများသည် (?) လောက်မှ စတင်ကာ ပင်မရော့ခ်ရေစီးကြောင်းမှ သိသိသာသာခွဲထွက်လာခဲ့သည်။ ထိုဂီတအဖွဲ့သားများသည် မြန်သော၊ ကြမ်းသော ဂီတရိုက်ချက်၊ ခတ်ချက်များ၊ အများအားဖြင့် တိုတောင်းသော တေးစာသားများနှင့် ရိုးရှင်းသော ဂီတ[[တူရိယာ]]များကို သုံးစွဲခဲ့ကြသည်။ သီချင်းစာသားများမှာ အများအားဖြင့် လူမှုရေး၊ [[နိုင်ငံရေး]] နှင့် လူ့စရိုက်ကို လှောင်ပြောင်ဆန့်ကျင်သော အကြောင်းများဖြစ်သည်။ ပန့်ခ်သမားများ ဆွဲကိုင်ထားသောအမြင်မှာ သင်ကိုယ်တိုင်လုပ် (DOI, Do it yourself) ဟုဖြစ်သောကြောင့် သူတို့သည် ကိုယ်ပိုင်ဂီတဝိုင်းများမှ ကိုယ်တိုင်ထုတ်လုပ်ခြင်း ပုံစံတကျမဟုတ်သော ဖြန့်ချိခြင်းများကိုပါ ပြုလုပ်ကြသည်။
 
၁၉၇၆ ခုနှစ်နှောင်းပိုင်းတွင် [[နယူးယော့ခ်မြို့]]မှ ရေမွန်စ်(Ramones) ဂီတအဖွဲ့ နှင့် [[လန်ဒန်မြို့]]မှ [[ဆက်ပစ်စတို (Sex pistols)]] နှင့် [[သယ်ကလက်ရှ် (The Clash)]] ဂီတအဖွဲ့များသည် ထိုပန့်ခ်ဂီတသစ်ကို စတင်လှုပ်ရှားခဲ့သူများအဖြစ် မှတ်တမ်းတင်နိုင်သည်။ ထိုနောက်ပိုင်းမှ စတင်ကာ ပန့်ခ်ဂီတသည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ပန့်ခ်ဂီတသည် လျင်မြန်စွာ ထွန်းကားခဲ့ပြီး အဓိက ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပါဝင်လာခဲ့သည်။ အချို့နေရာများတွင် ပန့်ခ်ဂီတအား ရိုင်းစိုင်းသောဂီတ၊ လူ့အဖွဲ့အစည်းမှ ကင်းလွတ်နေသည့် ဂီတဟုဆိုကာ ငြင်းဆန်ခဲ့ကြသည်။ ပန့်ခ်ဂီတ၏ ဖွဲ့စည်းပုံတွင် သီးသန့်မှတ်မိလွယ်သော ဝတ်စားဆင်ယင်ပုံ၊ လူငယ်များ၏ အကြမ်းဖက်နိုင်ငံရေးအမြင်နှင့် အာဏာပိုင်ဆန့်ကျင်ရေး အိုင်ဒီယာများ ထွန်ကားလာခြင်းတို့လည်း ပါဝင်သည်။