"ဗထူး၊ ဗိုလ်မှူးကြီး" ၏ တည်းဖြတ်မှု မူကွဲများ

အရေးမကြီး
Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး (Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ)
မြန်မာနိုင်ငံတွင်းမှ ဗြိတိသျှတို့ ထွက်ခွာ သွားပြီးနောက် ၁၉၄၂ ခု၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်းကာ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) ကို ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းသော ဗမာ့ ကာကွယ်ရေး တပ်မတော် တွင် ဗိုလ်ချုပ် အောင်ဆန်း အား ဗိုလ်မှူးကြီး ရာထူးဖြင့် စစ်သေနာပတိ ခန့်အပ်၍၊ ဗိုလ်မှူး အောင် ၊ ဗိုလ်မှူး ရန်နိုင် ၊ ဗိုလ်မှူး ဇေယျ တို့အား တပ်ရင်များကို ဦးစီး စေပြီးလျှင်၊ တပ်ရင်း ၃ ရင်း ဖွဲ့ခဲ့သည်။ ထိုအခါတွင် ဗိုလ်ဗထူးသည် ဗိုလ်မှူး ရန်နိုင် ဦးစီးသည့် ပျဉ်းမနားမြို့ရှိ ခြေလျင် တပ်ရင်း အမှတ် (၂) တပ်ခွဲ (၃) တွင် ဗိုလ်ကြီး ရာထူးဖြင့် တပ်ခွဲမှူး အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရလေသည်။
 
ဗမာ ကာကွယ်ရေး တပ်မတော် ကို တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) ကို ပျဉ်းမနားမြို့တွင် ဖွဲ့ခဲ့သည်။ ဗိုလ်ဗထူးအား ထိုတပ်တွင် ပြောင်းရွေ့ ထမ်းဆောင်စေ၍၊ ၁၉၄၃ ခုနှစ် နှစ်ဦးပိုင်းလောက်တွင် ထိုတပ်မှာပင် တပ်ရင်းမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရပြီးလျှင် ဗိုလ်မှူး အဆင့်အတန်းသို့လည်း တိုးတက် ခန့်ထားခြင်း ခံရသည်။ ကသာနယ်၊ အင်းတော်နယ် တဝိုက် ဗြိတိသျှ လေထီး တပ်သားများ လှုပ်ရှားမှု ရှိသောအခါနှင့် အင်ဖား ချီတက်ရန် လမ်းပန်း အဆက်အသွယ်များ လိုအပ်သော အချိန်တွင် ဗိုလ်မှူး ဗထူး၏ စက်မှု လက်မှု တပ်ရင်း အမှတ် (၁) သည် လမ်းပန်း ဖောက်လုပ်ရန်နှင့် လေထီးတပ်များနှင့် ရင်ဆိုင်ရန် မြောက်ပိုင်း စစ်မြေပြင်သို့ ထွက်လာရသည်။ အနေအထိုင် အစားအသောက် ဆင်းရဲခြင်း၊ ဆေးဝါး ရိက္ခာ ညံ့ဖျင်းခြင်း တို့ကြောင့် ရဲဘော်များ အဖျားအနာ ဖြစ်ပွား၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် ကြရလေသည်။ ဗိုလ်မှူး ဗထူး ကိုယ်တိုင်လည်း ငှက်ဖျားရောဂါ စွဲကပ်ခဲ့လေသည်။ ဆက်သွယ်ရေး မရရှိမှုတို့ကြောင့် ၁၉၄၃ ခု၊ သြဂုတ်လဩဂုတ်လ ၁ ရက်နေ့တွင် ဂျပန်က မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးလိုက်သည် ကိုပင် ဗိုလ်မှူး ဗထူးတို့ မသိလိုက်ဟု ဆိုသည်။
 
၁၉၄၄ ခုနှစ်တွင် ဗမာ့ တပ်မတော် (လွတ်လပ်ရေး ရပြီးနောက် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ပြောင်းထားသော အမည်) ကို စစ်တိုင်းများ ခွဲခြား သက်မှတ်ကာ အုပ်ချုပ်သည်။ ထိုနှစ် မေလ ၅ ရက်နေ့တွင် ဗိုလ်မှူး ဗထူးအား တိုင်းမှူးအဖြစ် ခန့်အပ်ပြီးလျှင် မန္တလေးသို့ ရွှေ့ပြောင်းပေးသည်။ မန္တလေးတိုင်း စစ်နယ်သည် တောင်ဘက်တွင် ပျဉ်းမနား အထိ၊ မြောက်ဘက်တွင် တမူး - ကလေးဝ နယ်အထိ ကျယ်သည်။ တိုင်းအတွင်းတွင် ခြေလျင်တပ်ရင်း အမှတ် ၁၊ ၃၊ ၄ နှင့် ၅၊ စက်မှု လက်မှု တပ်ရင်း (၁)၊ အမြောက်တပ်နှင့် စက်သေနတ်ကြီး တပ်များ ရှိသည်။ ဗိုလ်မှူး ဗထူးသည် မန္တလေး စစ်တိုင်းမှူး အဖြစ် အဆက်ပြတ်နေသာ တပ်ရင်းများသို့ ရိက္ခာ၊ ဆေးဝါးများ ပို့ပေး၏။ အထူးသဖြင့် ဂျပန် တော်လှန်ရေး အတွက် ဦးစားပေးကာ စီစဉ်လေသည်။
ဗမာ တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့က တပ်မြို့နှင့် အဆောက်အအုံ တဝက်ခန့်ကို ဆောက်လုပ်ခဲ့၍ ကျန် အဆောက်အအုံ ဆောက်လုပ်ရေးကို အင်ဂျင်နီယာများ ဖြစ်သော ဦးစိုးခ၊ ဗိုလ်ကြိုင်၊ မစ္စတာ ချောင်ဒရီတို့က ဆောင်ရွက်ကြသည်။
 
ပထမဦးစွာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း အတွက် အဆောက်အအုံများ ပြီးစီး၍၊ ၁၉၄၅ ခု၊ မတ်လ ၁ ရက်နေ့တွင် တိုက်ခိုက်ရေးကျောင်း စတင် စခန်းချသည်။ ဆက်လက်၍ စစ်တက္ကသိုလ်အတွက် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး သဖြင့် ၁၉၅၄ ခုနှစ်၊ သြဂုတ်လဩဂုတ်လ ၁ ရက်နေ့တွင် စတင် စခန်းချသည်။ ၁၉၅၄ ခု၊ မတ် ၂ဝ ရက်နေ့တွင် တိရစ္ဆာန် မွေးမြူရေး တပ်ရင်း တခုကိုလည်း ထားရှိခဲ့သည်။ တပ်မြို့ တခုလုံးကို ၁၉၅၄ ခု၊ စက်တင်ဘာ ၃၁ တွင် ဆောင်လုပ်ပြီးစီး လေသည်။ ပထမ တပ်မြို့၊ မြို့နယ် တပ်မှူးကား သီရိပျံချီ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။
 
၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွေင် စစ်တက္ကသိုလ်နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူး တပ်မြို့ကို နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု ဖွင့်လှစ်ခဲ့သည်။
၃၂၆၀၈

တည်းဖြတ်မှုများ