ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၇၇ -
[[မြိုရိုးရာ]] တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ်ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။'' ''ပလုံ''ကို ပြုလုပ်ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိပါသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိပါသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပလေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ''ဆင်ရုမ်ကောမ်'' ''တွေကောကောမ် ပါမ်'' ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို ၊မင်းကျွန်များက တီးမှုတ်ပြီး'' မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်းကောင်း ၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း ၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက ၊ ချာချတ်အက ၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။''<ref>Bangladesh RITUAL MOUTH-ORGANS OF THE MURUNG </ref>
 
== ရိုးရာနွားထိုးပွဲ ==
== ရိုးရာနွားထိုးပွဲြ ==
[[ဖိုင်:မြိုရိုးရာပွဲတော်.jpg|thumb|259x259px|မြိုရိုးရာနွားထိုးပွဲတွင် အပျို လူပျိုများကခုန်ကြပုံ(စစ်တကောင်း, ၁၉၉၀)]]
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန်အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြသည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ယခုအခါခေါင်ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုကျစီစိုက်ထူထားသည်။တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာမူရသည်။နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိကြသည်။နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ယဇ်ကောင်နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကိုထပ်မံစိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည်နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွားရောက်ယူလာသည့် ကျောက်ကို အလှုရှင်အားပေးကြသည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။နတ်ကျောက်ကိုသယ်ဆောင်လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်‌ကျေက်ကိုယူခြင်း ၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာမရှိသောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ဖိတ်ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့်အခါနွားကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည်ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။