ကောဏဂုံဘုရား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာကြောင်း ၄ -
၁။ ကကုသန်မြတ်စွာဘုရား၏ နောက်အဖို့၌ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော လောက၏ အကြီးအမှူးဖြစ်၍ လူတို့ထက် မြတ်တော်မူသော ကောဏာဂုံမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။
 
၂။ ထိုမြတ်စွာဘုရားသည် (ပါရမီ) တရားဆယ်ပါးတို့ကို ဖြည့်ကျင့်၍ ဘဝခရီးခဲကို လွန်မြောက်တော်မူလေ၏၊ (ကိလေသာ) အညစ်အကြေး အားလုံးကို မျှော၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်တော်မူလေ၏။
 
၃။ ကောဏာဂုံမြတ်စွာဘုရားသည် ဓမ္မစကြာကို ဟောတော်မူသည်ရှိသော် ကုဋေသုံးသောင်းသော လူနတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။
စာကြောင်း ၁၂ -
၅။ ထို့နောက် မြတ်စွာဘုရားသည် (တန်ခိုး) အမျိုးမျိုး ဖန်ဆင်းခြင်းကို ပြုပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ကြွသွားတော်မူ၏၊ ထိုနတ်ပြည်တွင် မြတ်စွာဘုရားသည် ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ (သီတင်းသုံး)နေတော်မူ၏။
 
၆။ ထိုမြတ်စွာဘုရားသည် [[အဘိဓမ္မာခုနစ်ကျမ်း|(အဘိဓမ္မာ) ခုနစ်ကျမ်းတို့ကိုခုနစ်ကျမ်]]းတို့ကို ဟောတော်မူလျက် မိုးလပတ် လုံးနေတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သောင်းသော နတ် ဗြဟ္မာတို့၏ [[သစ္စာလေးပါး|(သစ္စာလေးပါးကိုသစ္စာလေးပါး]]ကို) သိခြင်းသည် သုံးကြိမ်မြောက်(သိခြင်း) ဖြစ်လေ၏။
 
၇။ နတ်ထက် နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးသည် တစ်ကြိမ်သာ ဖြစ်လေ၏။