ဘုရားဂုဏ်တော်: တည်းဖြတ်မှု မူကွဲများ

No edit summary
ဤတစ်ပိုင်းလုံးကို ဖျက်ခြင်း ( ဤစာသားများသည် ခေါင်းစဉ်အကြောင်းအရာနှင့် အများအားဖြင့်သက်ဆိုင်မှုမရှိခြင်း၊ ဤစာသားများကိုပင် ဆောင်းပါးအချို့၌ တစ်ပုံစံတည်း ထည့်ထားခြင်း၊ ဝီကီပုံစံမကျခြင်း) →‎ရတနာအတွေးများ
စာကြောင်း ၉၀ -
*ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
*ပယတ္တဘုန်းတော် - အတုမရှိသော လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
 
==ရတနာအတွေးများ==
{{copyedit/doc}}
 
“အမြတ်ဆုံးရတနာဖြစ်တဲ့
မြတ်ဗုဒ္ဓရဲ့ အကြောင်း၊ မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေအကြောင်း တွေးတဲ့အတွေးတွေကတော့ ရတနာထိုက်တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့အတွေးတွေပါပဲ။”
 
အာနန္ဒာ--- အစဉ်သနား စောင့်ရှောက်ထိုက်သူ၊ မိမိစကားနားထောင်မည့်သူ၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို ဘုရားမြတ်နိုးရှိခိုးဆည်းကပ်ကြစေ။ အဲဒီလို ဘုရားရှိခိုးဆည်းကပ်သူတို့မှာ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာဘုံများသို့ မရောက်ကြရဘူး။
(အံ-၁၊ ၂၂၃)
 
နှလုံးသားဝယ် ဘုရားတည်
ပညာကြီးလတ် ဘုရားမြတ်၊
ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊
ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊
လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊
ကိုးကွယ်သူလည်း အေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊
တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊
စိတ်ထားကောင်းဖို့ လိုရင်းပါ။
(ယောဆရာတော်ကြီး)
 
အနှိုင်းမဲ့ဘာဝနာ
ကိုယ့်စိတ်ဓာတ်နဲ့ကိုယ့်လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။
 
ဓာတ်ကူးကောင်းရင် ဓာတ်ကောင်းကူးမယ်
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင်းပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲ့ဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တဝါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။
 
နှလုံးသားတောင်ထိပ်က ဂုဏ်တော်စေတီ
ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။
 
 
ဂုဏ်တော်ဟာ ဘဝလမ်းညွှန်
“စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်။” ဆိုတာကို လုံးဝမမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို
အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင်
ပြုပြင်ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓာတ်နဲ့လုပ်ရပ်ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့
အန္တရာယ်ကင်း၊ လာဘ်ရွှင်စတဲ့ ဘေးထွက်အကျိုးတွေကကို
တမင်တောင့်တနေစရာမလိုတော့ပါဘူး။
မလိုချင်အဆုံး ရမှာပါ။
 
ဂုဏ်တော်များကို ချိတ်ဆက်ပွားများခြင်း
 
အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား။
 
(စိတ်အပူအလောင်တွေကင်းစင်တဲ့အတွက် စိတ်အေးချမ်း၊ ရုပ်လည်းအေးချမ်းပါတယ်။)
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
 
(စိတ်အညစ်အကြေးတွေကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ ရုပ်လည်းကြည်လင်ပါတယ်။)
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
 
(စိတ်အအရှုပ်အထွေးတွေကင်းစင်တဲ့အတွက် စိတ်ရွှင်လန်း၊ ရုပ်လည်ရွှင်လန်းပါတယ်။)
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
 
(မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။)
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
 
(စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***)
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
 
(ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဉာဏ်တော်---
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---)
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
 
(အသိ/အကျင့်ဘက်စုံမြင့်---)
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဉာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား
 
(အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။)
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
 
(လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။)
လောကဝိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
 
(လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှို်င်းမဲ့ပင်---)
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
 
(သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်---
ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။ )
ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
 
(ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။)
သတ္ထာဒေဝမနုဿာနံ - နတ်၊ လူ၊ သတ္တဝါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
 
(သစ္စာသိအောင်ညွှန်ပြတော်မူ---)
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသောမြတ်စွာဘုရား။
 
(သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---)
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ - သတ္တဝါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
 
(တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး---- ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။)
မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား
 
(နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်--)
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား
 
(မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ--)
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
 
(မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ---)
ဘဂဝါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား
 
(မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်)
ဘဂဝါ - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
 
(မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။)
ဘဂဝါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
 
(လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ---)
ဘဂဝါ - အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
 
(ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ မေတ္တာကရုဏာဆန္ဒတော်---)
ဘဂဝါ - လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
 
(လုံ့လဝီရိယကြီးမားမှ ဆန္ဒပြည့်ဝ---)
ဘဂဝါ - အတုမရှိသော လုံလဝီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
 
(လုံ့လဝီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--)
ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
 
အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )
ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရား )
 
အညံ - အခြားသောတရားစကားကို
အဘာသမာနော - ပြောဟောတော်မမူဘဲ
ဗုဒ္ဓေါပိ - ဘုရားတစ်ဆူသည်
ဗုဒ္ဓဿ - ဘုရားတစ်ဆူ၏၊
ဝဏ္ဏံ - ဂုဏ်တော်ကို၊
ကပ္ပံပိ -အာယုကပ်ပတ်လုံး (အသက်တမ်းကုန်အောင်လည်း)
စေဘဏေယျ - အကယ်၍ မိန့်တော်မူအံ့။
(ဧဝံသတိပိ - ဤသို့မိန့်တော်မူပါသော်လည်း)
စိရံ - ကြာမြင့်စွာသောကာလ၌
ကပ္ပေါ - အာယုကပ်(သက်တမ်း)သည်
ခီယေထ - ကုန်ရာ၏။
ဒီဃမန္တရေ - ရှည်စွာသောကာလအတွင်း၌
တထာဂတဿ - မြတ်စွာဘုရား၏
ဝဏ္ဏော - ဂုဏ်တော်သည်
န ခီယေထ - မကုန်ခန်းနိုင်ရာ။
(သီလက္ခန်-ဘာဋီ၊ ၃ဝ ၄၉၉)
 
အေးမြရိပ်သာ ရဟန်းတို့ ပွားများအပ်သော၊ အဖန်ဖန်အလေ့အလာပြုအပ်သော တစ်ခုသောတရားသည် စင်စစ်အားဖြင့် -
(ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှာ၊ တပ်မက်မှုကင်းခြင်းငှာ၊ ရာဂ စသည်တို့ ချုပ်ခြင်းငှာ၊ ကိလေသာတို့ ငြိမ်းအေးခြင်းငှာ၊ (လက္ခဏာယာဉ်သို့တင်၍) အထူးသိခြင်းငှာ၊ (သစ္စာလေးပါးကို)ထိုးထွင်း၍ သိခြင်းငှာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်းဟူမူ - မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။
(အံ၊ ၁၊ ဧကဓမ္မပါဠိ၊ ပထမဝဂ်)
 
အမြတ်ဆုံး
မြတ်စွာဘုရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏။ အမြတ်ဆုံး၌ ကြည်ညိုသောသူတို့အား အမြတ်ဆုံးအကျိုးသည် ဖြစ်၏။
(အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ပသာဒသုတ်)
 
လောကကြီးမှာ “ဗုဒ္ဓဘုရား---ဗုဒ္ဓဘုရား”ဆိုတဲ့ အသံကိုကြားရဖို့တောင် အလွန်အင်မတန်မှ ခက်ခဲလှပါ တယ်။ ဗုဒ္ဓဘုရားရှင်ဖြစ်ဖို့ဆိုရင် ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ မပြောပြနိုင်အောင်ပါပဲ။
လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ အကျိုးစီးပွားအဖြာဖြာ ရရာ၊ ရကြောင်း နည်းကောင်း လမ်းမှန်တွေကို ညွှန်ကြားပြသပြီး ချမ်းသာသုခ အဝဝကို ရွက်ဆောင်ပေးတော်မူတတ်သော၊
လူနတ်ဗြဟ္မာတို့ ပူဇော်မြတ်နိုးအပ်သော၊
အလှူကောင်း အလှူမှန်ဟူသမျှကို ခံယူတော်မူထိုက်သော၊
ဖူးမြင်ဆည်းကပ်သူတို့ကို ကြောက်ရွံ့ခြင်းဘေးရန်မှ ဖယ်ရှားပေးတော်မူတတ်သော၊
ဖူးမြင်ဆည်းကပ်သူတို့ သန္တာန်မှာ စိတ်ကြည်နူးဝမ်းမြောက်မှု၊ အသိဉာဏ်ရရှိမှု စတဲ့ ကုသိုလ်ပန်း၊ ပီတီပန်းတို့ကို ပွင့်လန်းတိုးပွားစေတတ်သော၊
ကိုယ်တော်အား (၁၀)ပါး၊ ဉာဏ်တော်အား (၁၀)ပါးနှင့်လည်း ပြည့်စုံတော်မူသော၊
အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့်လည်း ပြည့်စုံတော်မူသော
ထို ရှင်တော်မြတ်ဘုရားအား
လောကီ၊ လောကုတ္တရာချမ်းသာသုခအဝဝကို လိုလားကြကုန်သော ပညာရှိသူတော်ကောင်းတို့သည် အမြဲမပြတ် ခပ်သိမ်းသောအချိန်ကာလတို့၌ ကြည်ညိုမြတ်နိုး ရှိခိုးဦးညွတ်နိုင်ကြပါစေကုန်သတည်း။ (မဟာနမက္ကာရာ-၂၆)
 
<ref>
ရွှေပါရမီဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရေးသားပြုစုသော လိုတရနှလုံးသား၊ အနှိုင်းမဲ့ရနံ့၊ နိုးနှစ်လုံးဖိုးလုံးကျေပါတယ်၊ ဘဝအဓိဋ္ဌာန်၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော၊ စိတ်အားဖြည့်ဓမ္မသံစဉ် ---- စသော စာအုပ်များထဲမှ အဓိက ပါဝင်ပါသည်</ref>
 
== ကိုးကားချက် ==