၂၀၀၇: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၆ -
::*[[ရွှေတိဂုံစေတီတော်]] အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးတွင် ကံဆောင်သပိတ်မှောက်သံဃာတော်များနှင့် ဝန်းရံကြသောကျောင်းသားပြည်သူများ စုဝေးနေစဥ် လာရောက်တားဆီးသည့်ရဲတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားခဲ့သည်။နှစ်ဦးနှစ်ဖက်ညှိိနှုိင်းသော်လည်းမအောင်မြင်ဘဲ ရှေ့ဆုံးမှချီတက်သူ သက်တော်(၂၆)နှစ်ရှိ ဦးဃောသိတ၏ ဦးခေါင်းတော်အား နံပါတ်တုတ်ဖြင့်ရ​ိုက်လိုက်ရာမှစကာ ရိုက်နှက်ဖြိုခွင်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။ရဲတပ်ဖွဲ့များဘက်မှ မျက်ရည်ယိုဗုံးများအသုံးပြုခဲ့သည်။ဖမ်းဆီးရမိသူများကို ဒိုင်နာကားများပေါ်သို့တင်ဆောင်ကြပြီး အဖမ်းမခံနိုင်သူတချို့က ရဲများအလစ်တွင် ကားပေါ်မှဆင်း၍ထွက်ပြေးကြသည်။တချို့သောသံဃာတော်များနှင့်ပြည်သူများက ရဲများ​ကို ခဲများဖြင့်ပစ်ပေါက်၍ ခုခံခဲ့ကြသည်။လွတ်မြောက်လာသောသံဃာတော်တချို့နှ​င့်ကျောင်းသားပြည်သူများက [[ဗဟန်းမြို့နယ်]]၊ရွှေဂုံတိုင်လမ်းမတွင် ပြန်လည်စုဝေးကာ [[ဆူးလေဘုရားလမ်း]]သို့ချီတက်သပိတ်မှောက်ခဲ့ကြသည်။ဆန္ဒ​ပြသံဃာထုများနှင့်လူအုပ်ကြီးများ မရောက်ရှိသေးခင်မှာပင် [[ဆူးလေဘုရားလမ်း]]ကိုပိတ်ဆို့ထာ​းကြသော စစ်သားများက မိုးပေါ်သို့သေနတ်ပစ်ဖောက်ခဲ့ကြသည်။ယင်းနေ့ ညပုိင်းတွင် အစုိးရဘက်မှ ည ၉ နာရီမှ မနက် ၅ နာရီအထိ လမ်းပေါ်မထွက်ရ(ညမထွက်ရ)အမိန့်ထုတ်ပြန်ခဲ့သည်။
(၂၇) ရက်။
::*မနက် ၁၂ နာရီ ၁၀မိနစ်အချိန်တွင် စစ်သားများ၊စွမ်းအားရှင်များ၊ရဲတပ်​ဖွဲ့ဝင်များက [[တောင်ဥက္ကလာပမြို့နယ်]]ရှိ ငွေကြာရံကျောင်းတိုက်ကို ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့သည်။သံဃာတော်အပါး ၁၅၀ ဖမ်းဆီးခံခဲ့ရသည်။ယင်းနေ့ နေ့လယ်ပိုင်းတွင် ထောင်နှ​​င့်သောင်းနှင့်ချီသောလူအုပ်ကြီးက [[ဆူးလေဘုရားလမ်း]]တွင်စုဝေး၍ဆန္ဒပြကြသည်။ထိုဆန္ဒပြမှုကြီးကို စစ်တပ်၊ရဲနှင့်စွမ်းအားရှင် သုံးဖွဲ့ပေါင်း၍ ပစ်ခတ်ဖြိုခွင်းခဲ့ရာ ဂျပန်လူမျိုးသတင်းထောက် ခန်ဂျီနာဂါအိ(Kenji Nagai) အပါအဝင် လူ ၄၀ ကျော်သေဆုံးခဲ့သည်။ထိုအချိန်တွင် [[တာမွေမြို့နယ်]] အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စုဝေးလာကြသော ဆန္ဒပြကျောင်းသားပြည်သူများကို စစ်ထရပ်ကားများကပိတ်ဆို့က​ာပစ်ခ​တ်ဖြိုခွင်းဖမ်းဆီးမှုဖြစ်ပွားခဲ့သည်။ပန်းဆိုးတန်းခုံးကျော်တံတားပေါ်မှဆန္ဒပြလူအုပ်ကြီးသည်လည်း ပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသည်။ဆူး​ေလဖြိုခွင်းမှုနှင့်တာမွေဖြိုခွင်းမှုတို့မှဖမ်းဆီးရမိသူများကိုပစ်ခတ်ဖြိုခွင်းခြင်းခံခဲ့ရသည်။ဆူး​ေလဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကို ညပုိင်းတွင်ကျိုက္ကဆံကွင်း၌ထိန်းသိမ်းထားရှိခဲ့သည်။မြို့တော်ခန်းမ၌ထိန်းသိမ်းထားရှိပြီး တာမွေဖြိုခွင်းမှုတွင်ဖမ်းဆီးရမိသူများကိုကျိုက္ကဆံကွင်း၌ထိန်းသိမ်းထားရှိခဲ့သည်။
(၂၈) ရက်။
::*ဆန္ဒပြမှုများ အနည်းငယ်ကျဲသွားသည်။အနော်ရထာလမ်းမပေါ်မှဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွင်းခံရသည်။ပန်းဆိုးတန်းလမ်းမပေါ်တွင် လူ ၂၀၀ ကျော်က စစ်တပ်၊ရဲ၊စွမ်းအားရှင်များကို လှောင်ပြောင်သရော်ကာဆန္ဒပြခဲ့ကြသည်။(၂၇)ရက်နေ့ဖြိုခွင်းမှုတွင် ဖမ်းဆီးရမိသူများကို ကျုိက္ကဆံကွင်းမှတစ်ဆင့် [[အင်းစိန်မြို့နယ်]]ရှိ အစုိးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် ထိန်းသိမ်းထားရှိခဲ့သည်။သို့​ေပြာင်းရွှေ့ထိန်းသိမ်းထားရှိခဲ့သည်။
(၂၉) ရက်။
::*ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ​ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။[[ဆူးလေဘုရားလမ်း]]ရှိ ကုန်သည်ကြီးများဟိုတယ်ရှေ့တွင် ဆန္ဒပြမှုအနည်းင​ယ်ဖြစ်ပွားခဲ့သော်လည်း အကြမ်းဖက်ဖြိုခွင်းခံရမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
"https://my.wikipedia.org/wiki/၂၀၀၇" မှ ရယူရန်