ရုရှား တပ်မတော်: တည်းဖြတ်မှု မူကွဲများ

"File:Moscow Victory Day Parade 2013-05-0..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၇:၅၇၊ ၁၄ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်(ရုရှား: Вооружённые Си́лы Росси́йской Федера́ции, tr. Vooruzhonnije Síly Rossíyskoj Federátsii)အား များသောအားဖြင့် ရုရှား တပ်မတော်ဟု ဆိုကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်အင်အားစုအဖြစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

Russian President Vladimir Putin and Defence Minister Sergey Shoygu at the Moscow Victory Day Parade, 9 May 2013
Ratnik infantry combat system in recon variant and AFV crew individual protection kit Ratnik-ZK

၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ဘော့ရစ် ယဲ့ဆင်သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအား တည်ထောင်သည့် သမ္မတအမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှား၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရုရှား ဆိုဗီယက် ဖက်ဒရယ်ဆိုရှယ်လစ် သမ္မနိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ဆိုဗီယက်တပ်မတော်အားလုံးနေရာတွင် အစားထိုးချထားခဲ့သည်။[၁] ရုရှားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်မှာ ရုရှားသမ္မတဖြစ်သည်။ ရုရှားတပ်မတော်အား ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ရုရှားတပ်မတော်သည် ဥရောပတွင် အင်အားအကြီးမားဆုံးသော တပ်မတော်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးတပ်မတော်များထဲမှ တစ်ခုလည်း ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Credit Suisse ဘဏ်လုပ်ငန်း၏ လေ့လာချက်များအရ ရုရှားသည် ကမ္ဘာ‌ပေါ်ရှိ ဒုတိယမြောက် အင်အားအကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။[၂] ရုရှားတပ်မတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များ အများဆုံးပိုင်ဆိုင်သော တပ်မတော်လည်း ဖြစ်သည်။[၃]

ရုရှားဖက်ဒရယ်ဥပဒေ၏ အောက်၌ ရုရှားတပ်မတော်သည် ဖက်ဒရယ်လုံခြုံရေးဌာန(Federal Security Service (FSB))၏ နယ်ခြားစောင့် တပ်ဖွဲ့များ၊ အမျိုးသား အစောင့်တပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ကာကွယ်ရေးဌာန(Federal Protective Service (FSO))၊ နိုင်ငံရပ်ခြား ထောက်လှမ်းရေးတာဝန်(Foreign Intelligence Service (SVR))နှင့် လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်များအား ရှင်းလင်းရေးဝန်ကြီးဌာန( Ministry for Civil Defence, Emergencies and Elimination of Consequences of Natural Disasters) တို့နှင့်အတူ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် စစ်ဖက်တာဝန်များအား ထမ်းဆောင်သည်။

တပ်ဖွဲ့ခွဲများ

ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရုရှားတပ်မတော်ကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။

  • ရုရှားတပ်မတော်၏ တပ်မတော်အခွဲ ၃ ခု(вида вооружённых сил)ဖြစ်သည့် ကြည်းတပ်မတော်(Ground Forces)၊ လေကြောင်းနှင့် အာကာသတပ်မတော်(Aerospace Forces)၊ ရေတပ်မတော်(Navy)
  • သီးခြား တပ်ဖွဲ့ခွဲ(Отдельные рода войск) နှစ်ခုဖြစ်သော မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့(Strategic Missile Forces)၊ လေကြောင်းချီတပ်ဖွဲ့(Airborne Forces)
  • အထူးတပ်မတော်(Спецназ вооружённых сил)ဖြစ်သော အထူးစစ်ဆင်ရေးအဖွဲ့(Special Operations Forces)
  • သီးခြားတာဝန်ဖြင့် တည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့(Logistical Support) တို့ဖြစ်ပါသည်။

ထို့ပြင် အမျိုးသား အစောင့်တပ်ဖွဲ့(National Guard)နှင့် နယ်ခြားစောင့်တပ်ဖွဲ့(Border Service)ဟူ၍ သီးခြားတပ်ဖွဲ့ခွဲ ၂ ခုရှိသေးသည်။ ထိုတပ်ဖွဲ့တို့သည် “တပ်မတော်”ဟုသော အမည်နာမအောက်တွင် တရားဝင်တည်ရှိသော်ငြား ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် ၏ တရားစီရင်ပိုင်ခွင့်၏ ပြင်ပ၌ တည်ရှိနေသည်။ အမျိုးသား အစောင့်တပ်ဖွဲ့သည် ယခင် ရုရှားနိုင်ငံ ပြည်ထဲရေးတပ်ဖွဲ့အား အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တပ်ဖွဲ့သစ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးတာဝန်ဖြင့် ခွဲထုတ်၍ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသမ္မတ၏ လက်အောက်တွင် တိုက်ရိုက်အမိန့်အား လိုက်နာဆောင်ရွက်သည်။ နယ်ခြားစောင့်တပ်ဖွဲ့သည် နိုင်ငံတွင် စုံစမ်းထောက်လှမ်းရေးအဖွဲ့ဖြစ်သော ဖက်ဒရယ်လုံခြုံရေးဌာနလက်အောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းနှစ်ခုလုံးသည် ၎င်းတို့၏ အဓိက ငြိမ်းချမ်းစဉ် လှုပ်ရှားဆောင်ရွက်မှုများအပြင် သိသာထင်ရှားသော စစ်ဆင်ရေးအတွေ့အကြုံများလည်း ရှိထားပြီး ၎င်းတို့၏ သီးခြား ကြည်းတပ်၊ လေတပ်နှင့် ရေတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။


စစ်မှုထမ်းအရေအတွက်သည် ရုရှားနိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စစ်သည် ၁,၁၃၄,၈၀၀ ဦးအပါအဝင် စစ်မှုထမ်း ၂,၀၁၉,၆၂၉ ဦးရှိသည်။[၄] ၂၀၁၀ ခုနှစ်တွင် International Institute for Strategic Studies (IISS) ၏ ခန့်မှန်းချက်များအရ ရုရှားတပ်မတော်တွင် လက်ရှိထမ်းဆောင်ဆဲ ၁,၀၂၇,၀၀၀ ဦးခန့် ရှိနိုင်ပြီး အရန်တပ်ဖွဲ့မှာ ၂,၀၃၅,၀၀၀ ဦး(အများစုမှ စစ်မှုမထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ခဲ့ကြခြင်း)ခန့်ရှိနိုင်သည်။[၅] အမိန့်ဥပဒေဖြင့် စစ်မှုထမ်း‌အရေအတွက် သတ်မှတ်မှုအပြင် ရုရှားနိုင်ငံ စာရင်းစစ်ဌာနမှ ထုတ်ပြန်သော ဝန်ထမ်းလစာစာရင်းအရ အမှန်တကယ် စစ်မှုထမ်းဆောင်သူအရေအတွက်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ၇၆၆,၀၀၀ ဦးရှိသည်။[၆][၇]


ကိုးကား

  1. Greg Austin & Alexey Muraviev, The Armed Forces of Russia in Asia, Tauris, 2000, p.130
  2. O’Sullivan၊ Michael; Subramanian၊ Krithika (2015-10-17)။ The End of Globalization or a more Multipolar World? (အစီရင်ခံစာ)။ Credit Suisse AG။ 15 February 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
  3. Status of World Nuclear Forces – Federation Of American Scientists။ Fas.org။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ru)။ Garant.ru (6 February 2008)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. IISS Military Balance 2010, p. 222
  6. "766,055"၊ 31 October 2013။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး 
  7. You must specify title = and url = when using {{cite web}}. (in ru)။ RIA Novosti (24 October 2013)။ 14 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။