မိုးကုတ်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၀၇ -
 
၁၃၆၂-ခုနှစ်၊ ဝါဆိုလဆန်း(၇)ရက်၊ (၈.၇.၁၉၆၂)နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တော်လှန်ရေးကောင်စီ အစိုးရ၏ သာသနာရေးဦးစီးဋ္ဌာနမှ လှူဒါန်းဆက်ကပ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူသည်။
ဒုတိယကမ္ဘာစစ် မဖြစ်ပွားမှီ ၁၉၃၆-ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၉၈-ခုနှစ်)တွင် သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)၊ အနုရာဓမြို့ရှိ မဟာစေတီတော် ဂေါပကအဖွဲ့မှနေ၍ မေတ္တာရပ်ခံ အကူအညီတောင်းခံချက်အရ ဆရာတော်မှ ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမအပေါင်းတို့ လှူဒါန်းသော အဖိုးတန်ပတ္တမြားအပါအဝင် ကျောက်လုံးရေ (၄၃၅၀)၊ ရွှေချိန် (၃)ပိဿာ၊ ဘော်ချိန် (၄၁)ပိဿာခွဲဖြင့် မွမ်းမံပြုလုပ်ထားသည့် ဥာဏ်တော်အမြင့်ဉာဏ်တော်အမြင့် (၁၈)လက်မရှိသော စိန်ဖူးတော်ကြီးကို ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘောဖြင့် သီရိလင်္ကာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့ပါသည်။
တဖန် သီဟိုဠ်ကျွန်း မဟာစေတီတော်ကြီး၏ စိန်ဖူးတော်အတွက် မိုးကုတ်မြို့မှနေ၍ ပေးပို့လှူဒါန်းလိုက်ကြောင်းကို ကြားသိရသော ရန်ကုန်မြို့ရှိ ဗိုလ်တစ်ထောင်စေတီတော် ဂေါပကအဖွဲ့ကလည်း ဗိုလ်တစ်ထောင်စေတီတော်တွင် လိုအပ်လျှက်ရှိသော စိန်ဖူးတော်ကို ထပ်မံအလှူခံပြန်ရာ ဆရာတော်မှပင် ဦးဆောင်၍ မိုးကုတ်မြို့မှ ဒကာ၊ ဒကာမများ စုပေါင်းကာ ဝိုင်းဝန်းလှူဒါန်းကြပြီး ၁၉၃၇-ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်)တွင် မန္တလေးမှ ရန်ကုန်မြို့သို့ လေယာဉ် စင်းလုံးငှားဖြင့် ပေးပို့လှူဒါန်းခဲ့ပါသည်။