ရုရှား တပ်မတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး →‎သမိုင်း
စာကြောင်း ၃၂ -
အမျိုးသား အစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှုအား ကြေငြာခြင်းအပါအဝင် ၁၉၉၂ ခုနှစ် မတ်လ မတိုင်မီ တစ်ခုတည်းသော လွတ်လပ်သည့် ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ထင်ရသည့် ယခင်ဆိုဗီယက်ပြည်တွင်းတပ်ဖွဲ့များနှင့် ကေဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့များအား ထိန်းချုပ်ခြင်းအား ရုရှားအစိုးသစ်မှ ပြုလုပ်ခဲ့သည်။<ref>For some early discussion on this period, see Richard Woff, "A Russian Army", ''[[Jane's Intelligence Review]]'', May 1992, 198-200. See also ''Voenniy vestnik'' No 12, 1991.</ref> ၁၉၉၅ ခုနှစ် မတိုင်မီထိ အမျိုးသား အစောင့်တပ်ဖွဲ့အား စုစုပေါင်း အင်အား ၁ သိန်းထက်မပိုပဲ အင်အား ၃၀၀၀ မှ ၅၀၀၀ စီရှိသော အနည်းဆုံး တပ်မဟာ ၁၁ ခု တည်ထောင်ရန် ရည်ရွယ်ခဲ့သည်။ အမျိုးသား အစောင့်တပ်ဖွဲ့၏ တပ်အင်အားစုများကို မော်စကိုမြို့အပါအဝင် အရေးပါသော မြို့များနှင့် ဒေသများ စုစုပေါင်း ဒေသ ၁၀ ခုအထိ တပ်ဖြန့်ထားရှိခဲ့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလကုန်အရောက်တွင် ဆိုဗီယက်တပ်မတော်မှ စစ်မှုထမ်းဟောင်းများပါဝင်လာရာ မော်စကိုမြို့တွင် အမျိုးသား အစောင့်တပ်ဖွဲ့သည် အင်အား ၁၅,၀၀၀ ခန့်ထိ ရှိလာခဲ့သည်။ အဆုံး၌ သမ္မတ ယဲ့ဆင်သည် ရုရှားအစောင့်တပ်ဖွဲ့၏ ယာယီဖွဲ့စည်းမိန့်ကို ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ပေ။<ref name="Korotkaya Russian gvardii.">{{cite web|url=http://tsiganok.ru/vpa/reforma/doc/260 |title=Short life of the new Russian Guard |publisher=Tsiganok.ru |date=21 December 2006 |accessdate=၁၅ နိုဝင်ဘာ ၂၀၂၀}}</ref>
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗျဲလာဗဲ့ရှ် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် ထိုသဘောတူညီချက်မှ ပေါ်ပေါက်၍ လာခဲ့သော ဓနသဟာယနိုင်ငံသစ်၏ နိုင်ငံများသည် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့အပါအဝင် ၎င်းတို့နိုင်ငံပိုက်နက်အတွင်းရှိ တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် မာရှယ် ယဲ့ဗ်ဂဲညီး ရှာပိုးရှနီးကော့ဗ်(Yevgeny Shaposhnikov)အား အကြိုညှိနှိုင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုး၍ ယာယီခန့်ထားခဲ့သည်။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရှာပိုးရှနီးကော့ဗ်သည် ဓနသဟာယနိုင်ငံများ တပ်မတော်၏ ဦးစီးချုပ်အဖြစ်သို့ တရားဝင် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းတပ်မတော်သည် မဟာမိတ်ကွပ်ကဲမှုဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား ထိန်းချုပ်ကွပ်ကဲမှုရနိုင်မည့် အမိန့်ဒီဂရီအား လက်မှတ်ရေးထိုးခဲ့ပြီး ထိုတပ်မတော်၏ အကြီးအကဲမှာ သမ္မတဖြစ်သည်။ အဆုံး၌ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ယဲ့ဆင်သည် ရုရှားတပ်မတော် ထူထောင်သည့်အမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုတပ်မတော်၏ ဦးစီးချုပ်တာဝန်အား သမ္မတမှ တာဝန်ယူခဲ့သည်။<ref>{{cite web|url=http://www.politika.su/prav/minobor.html|script-title=ru:Министерство обороны Российской Федерации|trans-title=Ministry of Defence of the Russian Federation|language=ru|publisher=Politika.su|accessdate=၁၅ နိုဝင်ဘာ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20121221184734/https://www.politika.su/prav/minobor.html|archivedate=21 December 2012|df=dmy-all}}</ref>
 
၁၉၉၂ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြီး ပါဗျယ် ဂရာချော့ဗ်သည် ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ထိုတာဝန်ဖြင့် ရုရှားနိုင်ငံ၏ ပထမဆုံးသော စစ်ဦးစီးချုပ်ဖြစ်၍လာခဲ့သည်။ ၁၉၉၃ ခုနှစ်၏ ဩဂုတ် သို့မဟုတ် ဒီဇင်ဘာလလောက်တွင် ဓနသဟာယနိုင်ငံများ တပ်မတော်ဖွဲ့စည်းပုံမှ ဓနသဟာယနိုင်ငံများ ပူးပေါင်းဆောင်ရွက်သော တပ်မတော်ဖွဲ့စည်းပုံအဖြစ်သို့ရောက်ရှိသွားပြီး ထိုဓနသဟာယနိုင်ငံများအပေါ်၌ လွှမ်းမိုးထားနိုင်မှု ကျဆင်းခဲ့ရသည်။<ref>The Staff for Coordinating Military Cooperation was established as the CIS Joint Armed Forces High Command in March 1992 and then reorganised as the Coordinating Staff in August 1993. It quickly became a very weak body as the new states' authorities asserted their control over their own armed forces. (Russia and NIS Mineral Industry Handbook, International Business Publications, 2007.) Army General Vladimir Yakovlev (general) appears to have become Chief of the Staff in June 2001 (DS2002-0819).</ref>
 
နောင်နှစ်အနည်းငယ်အကြာတွင် ဗဟိုနှင့် အရှေ့ဥရောပ၊ ထို့အတူ လွတ်လပ်လာသော ဆိုဗီယက်ခေတ်လွန် သမ္မတနိုင်ငံအချို့မှ ရုရှားတပ်ဖွဲ့များ ရုတ်သိမ်းခဲ့သည်။ နေရာအများစု၌ တပ်ဖွဲ့များ ရုတ်သိမ်းခြင်းသည် တစုံတရာ ပြဿနာပေါ်ပေါက်ခြင်း မရှိခဲ့သော်လည်း အငြင်းပွားဖွယ်နေရာအချို့ဖြစ်သည့် ခရိုင်းမီးယားဒေသရှိ [[ဆီပတ်စတိုပိုမြို့|စီဗာစတာပိုလ်]] ရေတပ်စခန်းဌာနချုပ်၊ အာဘ်ခါဇီးယား၊ တောင် အာဆက်တီးယားနှင့် ထရန့်စနီစတီးယားဒေသတို့ရှိ စစ်အခြေစိုက်စခန်းများကို ရုတ်သိမ်းခြင်းမပြုပဲ ဆက်လက်ထားရှိခဲ့သည်။ ရုရှားတပ်မတော်တွင် နိုင်ငံရပ်ခြားတိုင်းပြည်များ၌ များစွာသော စစ်အခြေစိုက်စခန်းများ ရှိပြီး အများစုမှာ ယခင်ဆိုဗီယက်နိုင်ငံဟောင်းများတွင် တည်ရှိသည်။
 
 
၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စစ်ဘက်ဆိုင်ရာ မူဝါဒသစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မပါဝင်ပဲ ယခင်ဆိုဗီယက်တပ်မတော်ဟောင်းအား လျော့ချခြင်းဖြင့် ဒေသတွင်း စွမ်းအားမြင့်သော တပ်မတော်အဖြစ်သို့ အသွင်းပြောင်းရင် အကြွင်းမဲအသိအမှတ်ပြုခဲ့သည်။ ဒေသတွင်း မတည်ငြိမ်မှုများ၏ အန္တရာယ်အား ရည်ရွယ်သော ထိုမူဝါဒကို သေးငယ်၊ ပေါ့ပါး၊ ပိုမိုရွေ့လျားနိုင်သော ရုရှားတပ်မတော်ဟု ခေါ်ပြီး တိုက်စွမ်းအားမြှင့်၍ လျင်မြန်စွာ တပ်ဖြန့်နိုင်စွမ်းရှိသော တပ်မတော်ဖြစ်စေရန် ရည်ရွယ်ခဲ့သည်။ ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုမျိုးသည် အောင်မြင်ရန် အလွန်ခတ်ခဲလှပါသည်။ ပါဗျယ် ဂရာချော့ဗ်(၁၉၉၂ မှ ၁၉၉၆ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ)လက်ထက်တွင် ပို၍ ရွေ့လျားတပ်ဖြန့်နိုင်သော တပ်မတော်အဖြစ် တည်ဆောက်ရန် စီမံကိန်းများ ချထားခဲ့သော်ငြား တပ်တွင်းပြုပြင်ပြောင်းလဲမှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းနောက် တာဝန်ထမ်းဆောင်ခဲ့သော ရာဂျီအိုနော့ဗ်(၁၉၉၆ မှ ၁၉၉၇ ခုနှစ်ထိ)လက်ထက်တွင် ကောင်းမွန်သော အဆင့်အတန်းများရှိခဲ့သော်လည်း အဆုံးသတ်ပြောင်းလဲမှုများကို စတင်ရန် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ ကာကွယ်ရေးဝန်ကြီး အီဂေါ် ဆဲဂီးယဲ့ဗ်(၁၉၉၇ မှ ၂၀၀၁ ခုနှစ်ထိ)လက်ထက်မှသာ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့များ တည်ဆောက်ရေးတွင် အာရုံစိုက်နိုင်ခဲ့သည့်အပြင် တိကျသေချာသော ကန့်သတ်ထားသည့် ပြောင်းလဲမှုအချို့ကို စတင်နိုင်ခဲ့သည်။<ref>{{cite journal|last=Parchomenko|first=Walter|url=http://strategicstudiesinstitute.army.mil/pubs/parameters/Articles/99winter/parchome.htm|title=The State of Russia's Armed Forces and Military Reform|journal=Parameters: The U.S. Army's Senior Professional Journal|date=Winter 1999–2000|pages=98–110|publisher=ssi.armywarcollege.edu|issn=0031-1723|accessdate=၁၆ နိုဝင်ဘာ ၂၀၂၀|archive-url=https://web.archive.org/web/20161210235556/http://strategicstudiesinstitute.army.mil/pubs/parameters/Articles/99winter/parchome.htm|archive-date=10 December 2016|url-status=dead|df=dmy-all}}</ref>
 
== ကိုးကား ==