မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၂၆ -
#ယင်းကာလပိုင်းတွင် တော်လှန်ရေး ကောင်စီသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို အကောင်အထည် ဖော်သောအားဖြင့် စီးပွားရေး လုပ်ငန်းရပ်များကို ပြည်သူပိုင် ပြုလုပ်ခဲ့ပါသည်။ ပြည်သူပိုင် လုပ်ငန်းများ အားဖြင့် စီးပွားရေး စီမံကိန်းများကို ချမှတ်ပြီး ဆောင်ရွက်ခဲ့ပါသည်။ အောင်မြင်သည်များလည်း ရှိခဲ့ပါသည်။ မအောင်မြင် သေးသည်များလည်း ရှိခဲ့ပါသည်။
#တပ်မတော် အရာရှိများ ခေါင်းဆောင်သော တော်လှန်ရေး ကောင်စီ အဖွဲ့သည် မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် စီးပွားရေး စနစ်ကို ထူထောင်မှ သာလျှင် ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်လိမ့်မည် ဟူ၍ ယုံကြည် ခဲ့သောကြောင့်ပင် ဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေး ကောင်စီ၏ ရည်ရွယ်ချက်သည် ကောင်းသော ရည်ရွယ်ချက်ပင်ဖြစ်ပေသည်။
#လမ်းစဉ်ပါတီ၏ သက်တမ်း တစ်လျှောက်လုံးတွင် ပါဝင်၍ အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက် ခဲ့ကြသော တပ်မတော်မှ အရာရှိ၊ အကြပ်၊ တပ်သားများ အပါအဝင် တို့သည်လည်းကောင်း၊ အရပ်သား ပြည်သူများမှ ပါတီသို့ ဝင်ရောက်လာပြီး ပါတီက ပေးအပ်သော တာဝန်များကို ဆောင်ရွက်ခဲ့သူ တို့သည် လည်းကောင်း၊ မိမိတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်ကိုင် ဆောင်ရွက် ခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ '''လမ်းစဉ်ပါတီဝင် တို့သည် ပုထုဇဉ် လူသားများ ဖြစ်ကြသည့် အလျောက် အပြောမှား၊ အဆိုမှား၊ လုပ်ကိုင်ဆောင်ရွက်မှုမှား များကို ပြုလုပ် ခဲ့မိကြသည် မှာလည်း အမှန်ပင် ဖြစ်ပါသည်။''' မိမိတို့၏ အမှားများကို ပြင်ဆင်နိုင်သလောက်၊ ပြင်ဆင် ခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ မိမိတို့ ပါတီဝင်များ အကြားတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့် တစ်စု၊ အထင်အမြင် မှားမှုများ၊ အငြင်းပွားမှုများ၊ ယှဉ်ပြိုင်မှုများ ရှိခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ပြည်သူတို့နှင့် ဆက်ဆံရာတွင် မပြေမလည်မှုများလည်း ရှိခဲ့ပါသည်။ ပြည်သူတို့က စိတ်ကွက်ခြင်း၊ မကြည်ညိုခြင်း များလည်း ရှိခဲ့ပါသည်။ဤသို့ ဖြစ်ရသည်မှာ နိုင်ငံရေး ပါတီများ၏ ဖြစ်စဉ် အသီးသီးတွင် တွေ့ကြုံရလေ့ ရှိသော အခြင်းအရာများ ဖြစ်ကြပါသည်။ ထို့ကြောင့် လမ်းစဉ်ပါတီ၏ နောက်ပိုင်း ကာလများတွင် ပါတီ၏ သြဇာဩဇာ အရှိန်အဝါ ကျဆင်းသလောက် ကျဆင်း ခဲ့သည်မှာလည်း အမှန် ဖြစ်ပါသည်။
#လမ်းစဉ် ပါတီသည် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် ပြည်သူအလွှာ အသီးသီးနှင့် နှီးနှော ဖလှယ်ပွဲများ လုပ်ခြင်းအားဖြင့် စည်းစည်းရုံးရုံး ရှိခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။ လမ်းစဉ်ပါတီ၏ သက်တမ်း တစ်လျှောက်လုံးကို ခြုံကြည့်လျှင် လမ်းစဉ်ပါတီသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် နိုင်ခဲ့သည်မှာ အမှန်ဖြစ်သည်။ ဆန်၊ဆီ အစရှိသော အခြေခံ စားကုန်များ၊ ကုန်ဈေးနှုန်း မကြီးမားရအောင် ဈေးနှုန်း သက်သာအောင် ထိန်းသိမ်း ပေးခဲ့သည်မှာလည်း အမှန်ပင် ဖြစ်ပါသည်။
#သို့ရာတွင် အထွေထွေ ကုန်ထုတ်လုပ်မှုတွင် ရည်မှန်းသလောက် မအောင်မြင်ခဲ့ပါ။ ပြည်သူပိုင် ဈေးဆိုင်များမှ ကုန်ပစ္စည်းများကို ရောင်းချ ဖြန့်ဝေရာတွင်လည်း မပြေလည်မှုများ ရှိခဲ့ပါသည်။ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာသော မှောင်ခို ပစ္စည်းများကို လမ်းတွင် ဖမ်းဆီး သိမ်းယူရာတွင် ပါတီဝင်များ၏ တာဝန် မကင်းခဲ့ပေ။ ရန်ကုန်မြို့သို့ ရောက်သောအခါ ဖမ်းဆီးခြင်း မရှိဘဲ ကုန်ဈေးနှုန်းများ ကြီးခဲ့ပါသည်။ ပါတီဝင်များက သြဇာညောင်းသောဩဇာညောင်းသော သမဝါယမ အသင်းများသည်လည်း ပါတီကို ပံ့ပိုးပေးရသည့် အဖွဲ့အစည်းများ ကဲ့သို့ ဖြစ်နေခဲ့ပါသည်။ '''လမ်းစဉ်ပါတီ သက်တမ်းတွင် သုံးကြိမ်တိတိ ငွေစက္ကူများကို မတရားပစ္စည်းများ အဖြစ် ကြေညာခဲ့သည့် အတွက် တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးရှိ စားသုံးသူ ပြည်သူ တစ်ရပ်လုံး ထိခိုက်နစ်နာ ခဲ့ပါသည်'''။
#ဤသို့သော အကြောင်းများကြောင့် ပြည်သူလူထုက လမ်းစဉ်ပါတီ အစိုးရအပေါ်တွင် မကျေမနပ် ဖြစ်နေခဲ့ပါသည်။ ဤသို့သော အကြောင်းအရာများကို သိမြင်လာခဲ့သော လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက (၁၉၈၈)ခုနှစ် ဇူလိုင် (၂၃)ရက်တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၌ ကျင်းပခဲ့သော ဗဟိုကော်မတီ အစည်းအဝေး၌ '''ပါတီစုံ ကြိုက်သလား၊ တစ်ပါတီကို ကြိုက်သလား''' ဟူသော ပြဿနာကို ပြည်သူလူထုထံ တင်ပြပြီး ပြည်သူ့ဆန္ဒ ခံယူရမည်ဟူ၍ မိန့်ကြားကာ ပြည်သူလူထုများ လှုပ်ရှားလာအောင် လမ်းခင်း ပေးခဲ့ပါသည်။ ထို့ကြောင့် (၁၉၈၈)ခုနှစ် သြဂုတ်တွင်ဩဂုတ်တွင် အရေးအခင်းကြီး ပေါ်ခဲ့ပါသည်။ ပါတီ ဥက္ကဋ္ဌကြီးကသာ လမ်းဖွင့် မပေးခဲ့လျှင် မည်သည့် အရေးအခင်းမှ ပေါ်ပေါက် ခဲ့လိမ့်မည် မဟုတ်။ လမ်းစဉ် ပါတီကို ဖျက်သိမ်းခဲ့သည် မှာလည်း အရေးအခင်းကြောင့် ဖျက်သိမ်း ခဲ့ရသည် မဟုတ်။ လမ်းစဉ် ပါတီသည် မိမိဘာသာ မိမိ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
#ထို့ကြောင့် လမ်းစဉ်ပါတီသည် မိမိ၏ အမှားများကို ပြင်နိုင်လောက်သော အင်အား ရှိပါလျက် ပြင်နိုင်ခွင့် မရဘဲ ဖျက်သိမ်းမှုနှင့်သာ ကြုံခဲ့ရပေသည်။ လမ်းစဉ်ပါတီ ဝင်အများစုသည် ဖရိုဖရဲ ဖြစ်သွားခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ် လမ်းစဉ်ကို ထူထောင်မည် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှု မရရှိခဲ့ရခြင်း၏ အခြေခံ အကြောင်းမှာ မြန်မာနိုင်ငံ၏ အထွေထွေ ခေတ်နောက်ကျမှုကြီး ဟူသော သမိုင်း ဘဝကြောင့်သာ ဖြစ်ပါသည်။