အင်တာနက်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၈၈ -
== ခေတ်ပေါ်အသုံးများ ==
 
အင်တာနက်သည် အလုပ်လုပ်နေသော နာရီများနှင့်နာရီများ နေရာများနှင့် ပတ်သက်ပြီး ပိုမိုကြီးမားစွာ လိုက်လျောညီထွေမှု ဖြစ်စေသည်။ အထူးသဖြင့် မီတာတတ်မထားသော အမြန်နှုန်းမြင့် ဆက်သွယ်မှုများနှင့် ဝက်(ဘ်) အသုံးချပရိုဂရမ်များ ပျံ့နှံ့မှုအားဖြင့် ဖြစ်သည်။ယခုအခါတွင် နည်းလမ်းပေါင်းများစွာဖြင့်၊ အထူးသဖြင့် မိုဘိုင်း(လ်) အင်တာနက် ကိရိယာများမှ တဆင့် အင်တာနက်ကို မည်သည့်နေရာမှမဆို ဆက်သွယ် ရရှိနိုင်သည်။ မိုဘိုင်း(လ်)ဖုန်း၊ ဒေတာကတ်များ၊ လက်ကိုင်ကစားနည်း စက်များ (handheld game consoles) နှင့် ဆယ်လူလာရောက်တာများသည် ယင်းကိရိယာ နည်းပညာကို ပံ့ပိုးသော ကြိုးမဲ့ကွန်ယက် လွှတ်ထားသည့် မည်သည့်နေရာတွင်မဆို အသုံးပြုသူများကို အင်တာနက်သို့ ဆက်သွယ်ရန် ခွင့်ပြုထားသည်။ သေးငယ်သော ကြည့်ရှုရန် ဖန်သားပြင်က သတ်မှတ်ထားသော ကန့်သတ်ချက်များအတွင်း၊ ထိုအိတ်ဆောင် ကိရိယာများ၏ အခြား ကန့်သတ်ချက်ရှိသော အထောက်အပံ့ပစ္စည်းများ၊ အီးမေး(လ်)နှင့် ဝက်(ဘ်)များအပါအဝင် အင်တာနက် ဝန်ဆောင်မှုများကို ရရှိကောင်း ရရှိနိုင်ပါသည်။ ဝန်ဆောင်မှု ထောက်ပံ့ပေးသူများသည် ကမ်းလှမ်းထားသော ဝန်ဆောင်မှုများကို ကန့်သတ်ကောင်း ကန့်သတ်နိုင်ပြီး၊ ကြိုးမဲ့ဒေတာ ပို့လွှတ်ခြင်းများအတွက် အခကြေးငွေမှာ အခြား ဆက်သွယ်ရရှိနိုင်သော နည်းလမ်းများထက် သိသာစွာ မြင့်မားနိုင်ပါသည်။
 
မူလတန်းကြိုမှ ဘွဲ့လွန်ပါရဂူအထိ အဆင့်များအားလုံးအတွက် ပညာရေးဆိုင်ရာ ပစ္စည်းများမှာ ဝက်(ဘ်)ဆိုဒ်များပေါ်တွင် ရရှိနိုင်ပါသည်။ ဥပမာများမှာ ကျောင်းများနှင့် အထက်တန်းကျောင်းများ၏ ပြန်လှန်သင်ကြားခြင်း လမ်းညွှန်များမှတဆင့် ရရှိနိုင်သော CBeebies မှသည်၊ ဂူးဂဲ(လ်)စကော်လာ၏ အကြိုက်များမှတဆင့် အမြင့်ဆုံးအဆင့် ပညာရှင်သုံး စာပေများကို ဆက်သွယ်ရယူနိုင်သော အကျိုးသက်ရောက်သော တက္ကသိုလ်များ (virtual universities) အထိ အတန်းအစား အမျိုးမျိုး ကွဲပြားပါသည်။ အဝေးသင် ပညာရေးစနစ်တွင် အိမ်စာများနှင့် အခြား သတ်မှတ်ပေးထားသော သင်ခန်းစာများ လုပ်ဆောင်ခြင်း၊ မိမိကိုယ်မိမိ လမ်းညွှန် သင်ယူ ခြင်း၊ အချိန်ပိုများကို ကုန်လွန်စေခြင်း၊ သို့မဟုတ် စိတ်ဝင်စားသော အချက်တစ်ခုအပေါ် အသေးစိတ်အချက်အလက်များ ပိုမိုရှာဖွေခြင်းများတို့တွင် ကူညီသည်။ မည်သည့်နေရာမှမဆို မည်သည့်အဆင့်အတွက်မဆို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်သွယ်ရယူနိုင်ခြင်းသည် လူအများအတွက် ဘယ်သောအခါကမျှ ယခုလောက် မလွယ်ကူခဲ့ပေ။ ယျေဘုယျအားဖြင့် အင်တာနက်နှင့် အထူးသဖြင့် World Wide Web တို့သည် ဖြစ်သည် ပုံမှန်သမားရိုးကျ ပညာရေးအတွက်ရော၊ သမားရိုးကျမဟုတ်သော ပညာရေးအတွက်ပါ အရေးကြီးသည့် စွမ်းဆောင်နိုင်စေသူများ ဖြစ်ကြပါသည်။