ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

တမ်းပလစ်အားပယ်ဖျက်သည်။
စာကြောင်း ၃၀ -
 
== မြိုလူမျိုးတို့ဘာသာစကားဆက်နွယ်မှု ==
၂၀၁၁ ခုနှစ်တွင် LSDO အသင်းမှ ဘာသာဗေဒစစ်တမ်းအဖြစ် စကားလုံးများအားကောက်ယူကာ နှိုင်းယှဉ်ခြင်းကိုပြုလုပ်ခဲ့လေ သည်။ ထို့အပြင်မြိုဘာသာစကားအတွင်းမှ ဒေသိယဘာသာစကား(၆)မျိုးခန့်ကိုလေ့လာကာ အခြားချင်းဘာသာစကားများ နှင့်နှိုင်းယှဉ်လေ့လာခြင်းအားပြုလုပ်လေသည်။ မြို၏ဘာသာဗေဒကုတ်နံပတ်မှာ ISO 639-3 mro ဖြစ်လေသည်။ပညာရှင်များက Mo-roo- sa စကားဟူ၍လည်းကောင်း<ref>Francis Buchanan in Southeast Bengal,1798 . Edited by Willem Van Schendel, 1992. p.65,67..</ref> ၊Mro စကားဟူ၍လည်းကောင်း ၊Mru စကားဟူ၍လည်းကောင်း<ref>Ethnology of India .,R.G.Latham, 1997, P,88..</ref> ၊Toung Mru စကားဟူ၍လည်းကောင်း အရေးအသားခြားနားစွာ ဖော်ပြကြသည်။ မြန်မာနိုင်ငံ LDSO မှ ၂၀၁၁ ခုနှစ်တွင် Mrusa (Buthidaung), Mrusa (Ponnagyun), Mrusa(Maungdaw), Mrusa(Dowpreng-bgldsh-Tauk Para), Mrusa (Sungma-bgldsh-Tuktong Para), Mrusa (Anok-bgldsh-Noa Para) ဟု ကောက်ခံခြင်းပြုကြလေသည်။ ထိုဒေသိယ ဘာသာစကားများ အကြားတွင် တူညီ/ကွဲခြားမှု ၈၁%-၉၅% အကြားရှိသည်ဆိုလေသည်။ မြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ Anu(Tuikinalong), Hkongso (Lakinwa) ISO 639-3 anl တို့အကြားတွင် ၆၄%-၇၃% အတွင်းတူညီလေသည်။ ယနေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ ခမီအုပ်စုဝင်ဘာသာစကား(ဘာသာဗေဒပညာရှင်များက Ethnologue Language of the World မှတ်တမ်း အရ Mro-Khimi ဟုမှတ်တမ်း တင်ထားပြီး ဘာသာစကားကုတ်နံပတ်မှာ ISO 639-3 cmr ဖြစ်သည်)များဖြစ်သည့် (Areong, Wakung,Likhy,Xena, Xangtau,Rengsa, Khenlak, Sangtha) ဒေသိယ ဘာသာစကားများနှင့် ၁၃% တူညီမှုရှိသည်။ဤ Mro-Khami သည် ခမီ၊ခူမီး အုပ်စုဝင်များအဖြစ် ပညာရှင်များက ထည့်သွင်းသတ်မှတ်သည်။ မြို,မြူ လူမျိုးဘာသာစကား၊ ခူမီး (ISO 639-3 cnk) တို့နှင့် ၂၂%-၄၂% အထိတူညီပြန်သည်။ လက်၊ အိမ်၊ဆင်၊ ရေ၊ လေ ၊လေး ၊ခေါင်း၊ ကျောက် စသည့် ဝေါဟာရ စကားလုံးသည် ချင်း ၊ မြို ၊ ခမွီး( ခမီ၊ ခူမီး) ၊ သက် တို့ ဘာသာ စကား ဆင်တူကြောင့် (Dr.E. Forchhammer, 1882) သူ၏ မှတ်တမ်း Notes on the Languages and Dialects spoken in British Burma ,PP,9 တွင်ဖော်ပြထားပါသည်။ <ref>Notes on the Early History ,The Geography,The Languages & Dialects, The Brahman & Sanskrit Literature, of British Burma, ( Em.Forchhammer,Ph.D,1883-85).</ref>အခြားချင်းမျိုးနွယ်များနှင့်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တောင်ဖက်ချင်း အနွယ်ဝင်များအကြားကိုယ်နှိုက်တွင် မြောက်ပိုင်းနှင့်အလယ်ပိုင်းချင်းမျိုးနွယ်စုများထက် ဘာသာစကား ကွာခြားချက်ရာခိုင်နှုန်း မြင့်မားသည်။ (Chin Dialects Lexical Result, 2011,LSDO) အသုံးအနှုန်းများမှာ LSDO ၏အရေးအသားကိုသာတိုက်ရိုက် ဖော်ပြပါသည်။
 
== မြိုအမျိုးကွဲပေါင်း ==