ရုရှား တပ်မတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎သမိုင်း
အရေးမကြီး →‎သမိုင်း
စာကြောင်း ၂၈ -
== သမိုင်း ==
 
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ တရားဝင်ပြိုကွဲသွားပြီးနောက် ဆိုဗီယက်တပ်မတော်ကိစ္စရပ်သည် မပြီးပြတ်သေးသော ကိစ္စအဖြစ် ကျန်ရှိခဲ့သည်။ နောက်ထပ် တစ်နှစ်ခွဲခန့်အကြာထိ အမျိုးမျိုးသော ရည်ရွယ်ချက်များနှင့် တပ်မတော်၏ ညီညွတ်မှုကို ထိန်းသိမ်းထားလိုသောကြောင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States(CIS))၏ တပ်မတော်အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ အချိန်ကာလတစ်ခုကုန်လွန်ပြီးသည့်နောက်တွင် စစ်ရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်ထားသည့်အရာများအား လွတ်လပ်လာသော နိုင်ငံသစ်များအကြားတွင် နိုင်ငံအချင်းချင်း သဘောတူစာချုပ်အဆင့်ဆင့်ဖြင့် ခွဲဝေနေစဉ်အတွင်း၌ပင် လွတ်လပ်ရေးရရှိလာသော သမ္မတနိုင်ငံသစ်များတွင် တည်ရှိသော တပ်များသည် ၎င်းတို့၏ အမျိုးသားအစိုးရသစ်များအပေါ်တွင် သစ္စာစောင့်သိ၍ သွားကြသည်။<ref>For an account of this period, see {{cite book |author = [[William Eldridge Odom|Odom, William E.]] |title = The Collapse of the Soviet Military |publisher = Yale University Press |year = 1998 |isbn = 0-300-07469-7 |url = https://archive.org/details/collapseofsoviet00odom }}</ref>
 
အမျိုးသား အစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှုအား ကြေငြာခြင်းအပါအဝင် ၁၉၉၂ ခုနှစ် မတ်လ မတိုင်မီ တစ်ခုတည်းသော လွတ်လပ်သည့် ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ထင်ရသည့် ယခင်ဆိုဗီယက်ပြည်တွင်းတပ်ဖွဲ့များနှင့် ကေဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့များအား ထိန်းချုပ်ခြင်းအား ရုရှားအစိုးသစ်မှ ပြုလုပ်ခဲ့သည်။<ref>For some early discussion on this period, see Richard Woff, "A Russian Army", ''[[Jane's Intelligence Review]]'', May 1992, 198-200. See also ''Voenniy vestnik'' No 12, 1991.</ref> ၁၉၉၅ ခုနှစ် မတိုင်မီထိ အမျိုးသား အစောင့်တပ်ဖွဲ့အား စုစုပေါင်း အင်အား ၁ သိန်းထက်မပိုပဲ အင်အား ၃၀၀၀ မှ ၅၀၀၀ စီရှိသော အနည်းဆုံး တပ်မဟာ ၁၁ ခု တည်ထောင်ရန် ရည်ရွယ်ခဲ့သည်။ အမျိုးသား အစောင့်တပ်ဖွဲ့၏ တပ်အင်အားစုများကို မော်စကိုမြို့အပါအဝင် အရေးပါသော မြို့များနှင့် ဒေသများ စုစုပေါင်း ဒေသ ၁၀ ခုအထိ တပ်ဖြန့်ထားရှိခဲ့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလကုန်အရောက်တွင် ဆိုဗီယက်တပ်မတော်မှ စစ်မှုထမ်းဟောင်းများပါဝင်လာရာ မော်စကိုမြို့တွင် အမျိုးသား အစောင့်တပ်ဖွဲ့သည် အင်အား ၁၅,၀၀၀ ခန့်ထိ ရှိလာခဲ့သည်။ အဆုံး၌ သမ္မတ ယဲ့ဆင်သည် ရုရှားအစောင့်တပ်ဖွဲ့၏ ယာယီဖွဲ့စည်းမိန့်ကို ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ပေ။<ref name="Korotkaya Russian gvardii.">{{cite web|url=http://tsiganok.ru/vpa/reforma/doc/260 |title=Short life of the new Russian Guard |publisher=Tsiganok.ru |date=21 December 2006 |accessdate=၁၅ နိုဝင်ဘာ ၂၀၂၀}}</ref>
၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗျဲလာဗဲ့ရှ် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် ထိုသဘောတူညီချက်မှ ပေါ်ပေါက်၍ လာခဲ့သော ဓနသဟာယနိုင်ငံသစ်၏ နိုင်ငံများသည် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့အပါအဝင် ၎င်းတို့နိုင်ငံပိုက်နက်အတွင်းရှိ တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် မာရှယ် ယဲ့ဗ်ဂဲညီး ရှာပိုးရှနီးကော့ဗ်(Yevgeny Shaposhnikov)အား အကြိုညှိနှိုင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုး၍ ယာယီခန့်ထားခဲ့သည်။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရှာပိုးရှနီးကော့ဗ်သည် ဓနသဟာယနိုင်ငံများ တပ်မတော်၏ ဦးစီးချုပ်အဖြစ်သို့ တရားဝင် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းတပ်မတော်သည် မဟာမိတ်ကွပ်ကဲမှုဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား ထိန်းချုပ်ကွပ်ကဲမှုရနိုင်မည့် အမိန့်ဒီဂရီအား လက်မှတ်ရေးထိုးခဲ့ပြီး ထိုတပ်မတော်၏ အကြီးအကဲမှာ သမ္မတဖြစ်သည်။ အဆုံး၌ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ယဲ့ဆင်သည် ရုရှားတပ်မတော် ထူထောင်သည့်အမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုတပ်မတော်၏ ဦးစီးချုပ်တာဝန်အား သမ္မတမှ တာဝန်ယူခဲ့သည်။<ref>{{cite web|url=http://www.politika.su/prav/minobor.html|script-title=ru:Министерство обороны Российской Федерации|trans-title=Ministry of Defence of the Russian Federation|language=ru|publisher=Politika.su|accessdate=၁၅ နိုဝင်ဘာ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20121221184734/https://www.politika.su/prav/minobor.html|archivedate=21 December 2012|df=dmy-all}}</ref>
စာကြောင်း ၄၀ -
 
၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စစ်ဘက်ဆိုင်ရာ မူဝါဒသစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မပါဝင်ပဲ ယခင်ဆိုဗီယက်တပ်မတော်ဟောင်းအား လျော့ချခြင်းဖြင့် ဒေသတွင်း စွမ်းအားမြင့်သော တပ်မတော်အဖြစ်သို့ အသွင်းပြောင်းရင် အကြွင်းမဲအသိအမှတ်ပြုခဲ့သည်။ ဒေသတွင်း မတည်ငြိမ်မှုများ၏ အန္တရာယ်အား ရည်ရွယ်သော ထိုမူဝါဒကို သေးငယ်၊ ပေါ့ပါး၊ ပိုမိုရွေ့လျားနိုင်သော ရုရှားတပ်မတော်ဟု ခေါ်ပြီး တိုက်စွမ်းအားမြှင့်၍ လျင်မြန်စွာ တပ်ဖြန့်နိုင်စွမ်းရှိသော တပ်မတော်ဖြစ်စေရန် ရည်ရွယ်ခဲ့သည်။ ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုမျိုးသည် အောင်မြင်ရန် အလွန်ခတ်ခဲလှပါသည်။ ပါဗျယ် ဂရာချော့ဗ်(၁၉၉၂ မှ ၁၉၉၆ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ)လက်ထက်တွင် ပို၍ ရွေ့လျားတပ်ဖြန့်နိုင်သော တပ်မတော်အဖြစ် တည်ဆောက်ရန် စီမံကိန်းများ ချထားခဲ့သော်ငြား တပ်တွင်းပြုပြင်ပြောင်းလဲမှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းနောက် တာဝန်ထမ်းဆောင်ခဲ့သော ရာဂျီအိုနော့ဗ်(၁၉၉၆ မှ ၁၉၉၇ ခုနှစ်ထိ)လက်ထက်တွင် ကောင်းမွန်သော အဆင့်အတန်းများရှိခဲ့သော်လည်း အဆုံးသတ်ပြောင်းလဲမှုများကို စတင်ရန် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ ကာကွယ်ရေးဝန်ကြီး အီဂေါ် ဆဲဂီးယဲ့ဗ်(၁၉၉၇ မှ ၂၀၀၁ ခုနှစ်ထိ)လက်ထက်မှသာ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့များ တည်ဆောက်ရေးတွင် အာရုံစိုက်နိုင်ခဲ့သည့်အပြင် တိကျသေချာသော ကန့်သတ်ထားသည့် ပြောင်းလဲမှုအချို့ကို စတင်နိုင်ခဲ့သည်။<ref>{{cite journal|last=Parchomenko|first=Walter|url=http://strategicstudiesinstitute.army.mil/pubs/parameters/Articles/99winter/parchome.htm|title=The State of Russia's Armed Forces and Military Reform|journal=Parameters: The U.S. Army's Senior Professional Journal|date=Winter 1999–2000|pages=98–110|publisher=ssi.armywarcollege.edu|issn=0031-1723|accessdate=၁၆ နိုဝင်ဘာ ၂၀၂၀|archive-url=https://web.archive.org/web/20161210235556/http://strategicstudiesinstitute.army.mil/pubs/parameters/Articles/99winter/parchome.htm|archive-date=10 December 2016|url-status=dead|df=dmy-all}}</ref>
 
=== ၂၀၀၈ ခုနှစ် တပ်မတော် ပြုပြင်ပြောင်းလဲမှုများ ===
 
၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သော ရုရှား-‌ဂျော်ဂျီယာစစ်ပွဲတွင် ရုရှားတပ်မ‌တော်တစ်ရပ်လုံး၏ ကျေနပ်ဖွယ်မရှိသော စွမ်းဆောင်ရည်အား ပြုပြင်နိုင်ရေးအတွက် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည်ဟု ကာကွယ်ရေးဝန်ကြီး အနာတိုလီ ဆယ်ဒျူကော့ဗ်မှ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှု၏ အဓိကအချက်များကို ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် ၂၀၁၂ ခုနှစ်တွင် စစ်အင်အား ၁ သန်းထိ လျော့ချရေး (စီမံချက်၏ ပြီးဆုံးမည့်နေ့စွဲမှာ ၂၀၁၆ ခုနှစ်တွင် ဖြစ်သည်)<ref name="personnel cut">{{cite news|url=http://en.rian.ru/mlitary_news/20090902/155996512.html|title=Russia's top brass gather in Moscow to discuss military reform|website=En.rian.ru|date=2 September 2009|accessdate=၁၈ နိုဝင်ဘာ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20090903170648/http://en.rian.ru/mlitary_news/20090902/155996512.html|archivedate=3 September 2009}}</ref> ၊ အရာရှိများအား လေ့ကျင့်သင်ကြားရေးတွင် ပိုမိုကောင်းမွန်စေရန်အတွက် တပ်မတော်ကျောင်း ၆၅ ခုမှ စည်းစနစ်ပြည့်ဝသော တပ်မတော် လေ့ကျင့်ရေးဗဟို ၁၀ ခုအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းရေး၊ ဗဟိုကွပ်ကဲမှုဌာနချုပ်များ၏ အရွယ်အစား လျော့ချရေး၊ အရပ်သားထောက်ပံ့ပို့ဆောင်ရေးနှင့် အကူဝန်ထမ်းများအား စတင်အသုံးပြုရေး၊ အထူးလေ့ကျင့်ထားသော စစ်သည်တို့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုများ ဖျက်သိမ်းရေး၊ အရန်တပ်ဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းရေး၊ တပ်များအား တပ်မဟာစနစ်သို့ ပြန်လည်ဖွဲ့စည်းရေး၊ လေတပ်ဖွဲ့အား လေကြောင်းဆိုင်ရာ တပ်ရင်းကြီးများမှ လေတပ်စခန်းဌာနချုပ်များသို့ ပြန်လည်ဖွဲ့စည်းရေးတို့ ပါဝင်သည်။<ref>Moscow Defence Brief, 20 (2), 2010</ref> ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဒူးမားလွှတ်တော်မှ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူမှ RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့မှုတွင် ရုရှားနိုင်ငံသည် နှစ်စဉ်ကာကွယ်ရေးဘဏ္ဍာငွေအား တိုးမြှင့်သွားရန် စီစဉ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၆၁ ဘီလီယံဒေါ်လာ အသုံးပြုရာမှ ၂၀၁၅ ခုနှစ်တွင် ၈၃.၃ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်ရွယ်ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ဂျီဒီပီ၏ ၂၀၁၃ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်း၊၂၀၁၄ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းထိ သုံးစွဲရန် ရည်ရွယ်ကြောင်း ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဗလာဒီမီယာ ကာဗာရဲဗဒေါ့ဗ်သည် ၂၀၁၃-၂၀၁၅ ခုနှစ် ရန်ပုံငွေမူကြမ်း‌ရေးဆွဲပွဲ၏ အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။<ref>{{cite web|url= http://en.rian.ru/military_news/20121017/176690593.html|title=Russia to Boost Defense Spending 59% by 2015|publisher=RIA Novosti|date=17 October 2012|accessdate=၁၈ နိုဝင်ဘာ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20130101191310/http://en.rian.ru/military_news/20121017/176690593.html|archivedate=1 January 2013|quote='Targeted national defense spending as a percentage of GDP will amount to 3.2 percent in 2013, 3.4 percent in 2014 and 3.7 percent in 2015,' Defense Committee chairman Vladimir Komoedov is quoted as saying in the committee's conclusion on the draft budget for 2013-2015.}}</ref>
 
အောက်တွင် ဖော်ပြထားသော ဇယားနှင့်အညီ တပ်ဖွဲ့အရေအတွက်အား လျော့ချသွားရန် ရည်ရွယ်ခဲ့သည်<ref name="Reform of the Russian Armed Forces">{{cite web|author= |url= http://en.rian.ru/infographics/20091204/157098191.html |archiveurl= https://web.archive.org/web/20120122183731/http://en.rian.ru/infographics/20091204/157098191.html |archivedate= 22 January 2012 |title= Reform of the Russian Armed Forces |publisher= En.rian.ru |date= |accessdate= ၁၈ နိုဝင်ဘာ ၂၀၂၀}}</ref>
-
 
{|border="0" cellpadding="1" cellspacing="0" ID="Table3" style="text-align:center"
|- style="background:#e0e0e0;"
! style="width:250px;"| တပ်ဖွဲ့များ
! style="text-align:center; width:40px;"| ၂၀၀၈
! style="text-align:center; width:40px;"| ၂၀၁၂
! style="width:40px;"| လျော့ချမည့်နှုန်း
|- style="text-align:center;"
|[[ရုရှား ကြည်းတပ်ဖွဲ့|ကြည်းတပ်]] ||၁,၈၉၀||၁၇၂||-၉၀ %
|- style="text-align:center; background:#f0f0f0;"
|[[ရုရှား လေတပ်ဖွဲ့|လေတပ်]] ||၃၄၀||၁၈၀||-၄၈ %
|- style="text-align:center;"
|[[ရုရှား ရေတပ်ဖွဲ့|ရေတပ်]]||၂၄၀||၁၂၃||-၄၉ %
|- style="text-align:center; background:#f0f0f0;"
|[[မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့ ]]||၁၂ || ၈||-၃၃ %
|- style="text-align:center;"
|[[ရုရှား အာကာသတပ်ဖွဲ့|အာကာသတပ်ဖွဲ့]]||၇||၆||-၁၅ %
|- style="text-align:center; background:#f0f0f0;"
|[[ရုရှား လေကြောင်းချီတပ်ဖွဲ့|လေကြောင်းချီတပ်ဖွဲ့]]||6 ||5||-17 %
|}
[[File:Vostok-2018 military manoeuvres (2018-09-13) 47.jpg|thumb|ဗော့စတော့ခ် ၂၀၁၈ စစ်ရေးလေ့ကျင့်ခန်းတွင် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် (အလယ်)သည် ကာကွယ်ရေးဝန်ကြီး ဆီဂရဲရီ ရှိုးအီဂူနှင့် စစ်ဦးစီးချုပ် ဗာလေရီ ဂရာစီမော့ဗ်တို့နှင့် တွေ့ဆုံစဉ်]]
 
== ကိုးကား ==