ရုပ်ရှင်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ရုပ်ရှင်ဟူသည် `သတ္တဝါ၊ ရှုခင်း စသည်တို့၏ လှုပ်ရှားပုံမျ...
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
ရုပ်ရှင်ဟူသည် `သတ္တဝါ၊ ရှုခင်း စသည်တို့၏ လှုပ်ရှားပုံများကို မီးရောင်အားဖြင့် ပိတ်ကားနံရံ စသည်ပေါ်၌ အရိပ်ပုံများ တစ်ဆက်တည်း ပေါ်ထင်အောင် ပြသခြင်း၊ ယင်းလုပ်ငန်း အတတ်ပညာ၊ (ဓာတ်ရှင်၊ အရိပ်ပြပွဲ၊ ဘိုင်စကုပ် ဟူ၍လည်း ခေါ်သည်။)´ဟု [[မြန်မာအဘိဓာန်]] တွင် ဖော်ပြထားပြီး [[မြန်မာစွယ်စုံကျမ်း]] တွင်မူ ရုပ်ရှင် ဟူသည်မှာ `လှုပ်ရှားနေသော လူသတ္တဝါ၊ ၀တ္တု၊ဝတ္တု၊ သဘာဝတို့ကို အစဉ်လိုက် ဓာတ်ပုံကူးယူပြီးနောက် ထိုဓာတ်ပုံ ဖလင်ကော်ပြားကို အလင်းဖြတ်သန်းသွားစေ၍ ဓာတ်ပုံ၏ အရိပ်များကို ပိတ်ကားပေါ်သို့ ကျရောက်စေခြင်းပင် ဖြစ်သည်´ဟု ဖော်ပြထားသည်။ အမှန်အားဖြင့် ရုပ်ရှင်သည် အရုပ်များ လှုပ်ရှားနေသည်ဟု ကြည့်ရှုသူ ပရိသတ် ထင်မှတ်အောင် ပြုလုပ်ထားသည်မှ အပ ရုပ်သေဓာတ်ပုံ ရိုက်ခြင်းနှင့် ရာခိုင်နှုန်းပြည့် နီးနီးတူသည်။
 
ပုံတူရိပ်များကို အဆက်မပြတ် လှုပ်ရှား၍နေအောင် စီမံပေးမှုက ရုပ်ရှင်ဖြစ်လာအောင် ဖန်တီးပေးခြင်း ဖြစ်သည်။ အမှန်မှာ မည်သည့်ရုပ်ပုံမျှ လှုပ်ရှားနေခြင်း မရှိချေ။ လှုပ်ရှားနေသကဲ့သို့ ထင်မှတ်စေရန် ပုံတူရိပ် အသေများကို ပြစက်တွင် တစ်ခုပြီး တစ်ခု အစဉ်ဆွဲချကာ ဆလိုက်ဖြင့် ထိုးပြခြင်းပင် ဖြစ်သည်။ တစ်နာရီလျှင် ငြိမ်သက်နေသော ရုပ်ပုံပေါင်း ၈၆၄၀၀ မျှကို တစ်ခုပြီးတစ်ခု အဆက်မပြတ် မြင်နေရခြင်း ဖြစ်သည်။