ရုရှား တပ်မတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဖွဲ့စည်းပုံ
စာကြောင်း ၁၀၃ -
 
== ဖွဲ့စည်းပုံ ==
ရုရှားတပ်မတော်၏ အုပ်ချုပ်ကွပ်ကဲမှုတာဝန်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံသည်။ ဆိုဗီယက်ခေတ်တွင် စစ်ဦးစီးချုပ်သည် ရုရှားတပ်မတော်အား အမိန်ပေးခြင်းနှင့် အုပ်ချုပ်ကွပ်ကဲခြင်းကို အဓိကပြုလုပ်သူဖြစ်ပြီး ထိုသည်ကို ရုရှားအရေးကျွမ်းကျင်သူ အမေရိကန်ဗိုလ်ချုပ်ကြီး ဝီလျံ အိုဒွန်မှ ကာကွယ်ရေးဝန်ကြီးဌာနမရှိသော ဆိုဗီယက်ဦးစီးချုပ်မှာ ဖြစ်တန်ကောင်းပြီး ကာကွယ်ရေးဝန်ကြီးဌာနသည် ဦးစီးချုပ်မရှိပဲနဲ့တော့ မဖြစ်နိုင်ဟု ၁၉၉၈ ခုနှစ်ပိုင်းလောက်က ပြောဆိုခဲ့ဘူးသည်။ သို့သော်လည်း လက်ရှိ စစ်ဦးစီးချုပ်နေရာမှာ ဝန်ကြီးဌာန၏ မဟာဗျူဟာမြောက်စီမံကိန်းဌာနတစ်ခုကဲ့သို့ပဲ လျော့ချထားပြီး ကာကွယ်ရေးဝန်ကြီးဖြစ်သော ဆီဂရဲရီ ရှိုးအီဂူသည် လက်ရှိတွင် တပ်ဖွဲ့ဝင်များအပေါ်တွင် အုပ်ချုပ်မှု အခွင့်အာဏာအား ရရှိထားသည်။ အခြားသော ညွှန်ကြားရေးမှူးရုံးများအဖြစ် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့၊ ရထားထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့နှင့် ဆောက်လုပ်ရေးတပ်ဖွဲ့တို့ ပါဝင်သည်။ လက်ရှိ စစ်ဦးချုပ်မှာ ဗိုလ်ချုပ်ကြီး ဗာလေရီ ဂရာစီမော့ဗ်ဖြစ်သည်။
 
ရုရှားတပ်မတော်အား ကြည်းတပ်၊ ရေတပ်နှင့် လေတပ်ဟူ၍ ကဏ္ဍ ၃ ခု ခွဲခြားထားသည်။ ထို့ပြင် မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့နှင့် လေကြောင်းချီတပ်ဖွဲ့ဟူ၍ သီးခြားလက်ရုံးတပ်ဖွဲ့ ၂ ခုလည်း ခွဲခြားထားသေးသည်။
 
=== စစ်ဒေသကြီးများ ===
၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစ၍ ကြည်းတပ်များ၊ ထို့အတူ လေတပ်နှင့် ရေတပ်တို့ကို ဖော်ပြပါ စစ်ဒေသကြီးများဖြင့် ခွဲခြားထားသည်။
 
* အနောက်ပိုင်းစစ်ဒေသကြီး
 
* တောင်ပိုင်းစစ်ဒေသကြီး
 
* အလယ်ပိုင်းစစ်ဒေသကြီးနှင့်
 
* အရှေ့ပိုင်းစစ်ဒေသကြီးတို့ဖြစ်သည်။
 
ထိုစစ်ဒေသကြီးများနှင့်အတူ အနောက်၊ တောင်၊ အလယ်နှင့် အရှေ့ဟူ၍ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်(Joint Strategic Command) ၄ ခုဖွဲ့စည်းထားသည်။ ယခင် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကြည်းတပ်အား မော်စကိုစစ်ဒေသကြီး၊ လီနင်ဂရတ်စစ်ဒေသကြီး၊ မြောက်ကော့ကေးရှန်းစစ်ဒေသကြီး၊ ဗော်ဂါ-ယူရယ်စစ်‌ဒေသကြီး၊ ဆိုက်ဘေးရီးယားစစ်ဒေသကြီးနှင့် အရှေ့ဖျားစစ်ဒေသကြီးဟူ၍ စစ်ဒေသ ၆ ခုဖြင့် တပ်ဖြန့်ထားပြီး ကာလင်နင်ဂရတ်စစ်ဒေသအား ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ထိ ဖွင့်လှစ်ခဲ့သည်။ ထိုစစ်ဒေသ ၇ ခုအား စစ်ဒေသ ၄ ခုအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် ထိုစစ်ဒေသတို့၌ လေတပ်နှင့် ရေတပ်တို့ကိုပါ ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ ယခင် ထရန့်ကော့ကေးဆပ် တပ်ပေါင်းစု၏ အာမေးနီးယားနိုင်ငံ၌ ကျန်ရှိခဲ့သော တစ်ခုတည်းသော စစ်စခန်းဖြစ်သည် အမှတ် ၁၀၂ စစ်အခြေစိုက်စခန်းအား တောင်ပိုင်းစစ်ဒေသကြီးအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။
 
၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းတွင် ပိုမိုတောင့်တင်းခိုင်မာမှုရှိစေရန် စစ်ဒေသကြီးများနှင့် ရေတပ်၏ သင်္ဘောစုများနှင့် ပေါင်းစပ်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းမှုအား ကြေငြာခဲ့သည်။<ref>{{cite journal|first=Andrew|last=Wallace|url=http://www.bu.edu/phpbin/news-cms/news/?dept=732&id=56306|title=New military command structure and outsourcing initiatives|journal=THE ISCIP ANALYST (Russian Federation) an Analytical Review|publisher=Boston University|volume=XVI|issue=13|date=27 May 2010|url-status=dead|archiveurl=https://web.archive.org/web/20121021200710/http://www.bu.edu/phpbin/news-cms/news/?dept=732&id=56306|archivedate=21 October 2012}}</ref> ၂၀၁၄ ခုနှစ်တွင် မြောက်ပိုင်းရေတပ်သင်္ဘောစုအား သီးခြား မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပထဝီဝင်ဆိုင်ရာအရာ ခွဲခြားထားသော ကွပ်ကဲမှုဌာနချုပ် ၅ ခုမှာ-
 
* အနောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အနောက်ပိုင်း စစ်ဒေသကြီး([[စိန့်ပီတာစဘတ်မြို့]]၌ ဌာနချုပ်ရှိ)၊ ဘောလ်တစ်ရေတပ်သင်္ဘောစုပါဝင်သည်။
 
* မြောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - မြောက်ပိုင်းဒေသသင်္ဘောစု မဟာဗျူဟာမြောက်ကွပ်ကဲမှုဌာနချုပ် (ဆဲဗျဲရာမော့စ်မြို့၌ ဌာနချုပ်ရှိ)၊ မြောက်ပိုင်းဒေသသင်္ဘောစုပါဝင်သည်။
 
* တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနာချုပ် - တောင်ပိုင်းစစ်ဒေသကြီး([[ရပ်စတော့ဗ် နာ ဒန်နူမြို့]]တွင် ဌာနချုပ်ရှိ)၊ ကက်စပီယံဗျူဟာရေယာဉ်စုပါဝင်သည်။
 
* အလယ်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အလယ်ပိုင်းစစ်ဒေသကြီး ([[ယဲ့ကာကျယ်ရင်ဘုဂ်မြို့]]တွင် ဌာနချုပ်ရှိ)။
 
* အရှေ့ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အရှေ့ပိုင်းစစ်ဒေသကြီး(ဟာဘာရာ့စ်မြို့တွင် ဌာနချုပ်ရှိ)၊ ပစိဖိတ်ရေတပ်သင်္ဘောစုပါဝင်သည်။
 
ထိုစီမံချက်အတိုင်း တပ်များအား ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်ဖြန့်ချထားပြီး ထိုသည်မှာ ယခင် စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ယူရီ ဘာလူယဲ့ဗ်စကီး၏ မပြီးမြောက်ခဲ့သော အရှေ့ပိုင်းဒေသကွပ်ကဲမှုဌာနချုပ်ဖွဲ့စည်းရန် အဆိုပြုချက်အား အကောင်းအထည်ဖော်ခြင်းဖြစ်သည်။<ref>{{cite news|first=Alexsander|last=Golts|url=http://www.themoscowtimes.com/opinion/article/3-heads-are-worse-than-one/410666.html|title=3 Heads are worse than one|newspaper=The Moscow Times|date=20 July 2010|url-status=dead|archiveurl=https://web.archive.org/web/20100722071902/http://www.themoscowtimes.com/opinion/article/3-heads-are-worse-than-one/410666.html|archivedate=22 July 2010}}</ref> ကျန်ကွပ်ကဲမှုဌာနချုပ် ၄ ခုမှ သမ္မတ မစ်ဒဗျဲဂျဲ့၏ အမိန့်ဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။<ref>{{cite news|url=http://en.rian.ru/mlitary_news/20100714/159810197.html|title=Russia sets up four strategic commands|publisher=RIA Novosti|date=14 July 2010|url-status=dead|archiveurl=https://web.archive.org/web/20100716000240/http://en.rian.ru/mlitary_news/20100714/159810197.html|archivedate=16 July 2010}}</ref><ref>{{cite news|url=http://en.rian.ru/infographics/20100924/160713452.html|title=Russia's regional military commands|publisher=RIA Novosti|date=September 2010|url-status=dead|archiveurl=https://web.archive.org/web/20111206232032/http://en.rian.ru/infographics/20100924/160713452.html|archivedate=6 December 2011}}</ref> ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရုရှားလေတပ်၏ ယခင်အထူးစစ်ဆင်ရေးဌာနချုပ်အား အခြေတည်၍ ဒုံးနှင့် အာကာသရန်ကာကွယ်ရေး မဟာဗျူဟာမြောက် စစ်ဆင်ရေးဌာနချုပ်အား တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ၏ အမိန့်အာဏာဖြင့် ထိုအသစ်ဖွဲ့စည်းခဲ့သော ဌာနချုပ်များအတွက် တပ်မှူးများအား ခန့်အပ်ခဲ့သည်။<ref>{{cite web|url=http://news.kremlin.ru/acts/10032|script-title=ru:Кадровые изменения в Вооружённых Силах|trans-title=Staffing changes in the Armed Forces|language=ru|publisher=Presidential Administration of Russia|date=9 January 2011|accessdate=၁၉ နိုဝင်ဘာ ၂၀၂၀|url-status=dead|archiveurl=https://web.archive.org/web/20110112174311/http://news.kremlin.ru/acts/10032|archivedate=12 January 2011}}</ref>
 
Globalsecurity.org ၏ စာရင်းများအရ ရုရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များမှာ သမ္မတနှင့် စစ်ဦးစီးချုပ်အတွက် [[မော်စကိုမြို့]]တောင်ဘက် ၈၀ ကီလိုမီတာ(၅၀ မိုင်)အကွာရှိ ချက်ကော့/ရှာရာပိုဗာဒေသ၊ ပန်ဇာမြို့အနီးရှိ ချာအာဒါယဲ့ဗ်ကာဒေသ၊ မော်စကိုမြို့အနီးရှိ ဘာရိုနာဗာဒေသ၊ နိုင်ငံတော်ခေါင်းဆောင်းကြီးများအားလုံးအတွက် လီပျဲ့စ်မြို့ရှိ ဌာန၊ ယူရယ်ဒေသရှိ ယာမန်တာအူတောင်နှင့် မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့အတွက် ကွပ်ကဲမှုဌာနချုပ်များအဖြစ် မော်စကိုမြို့တွင် ကုဆယ်ဗာခရိုင်(ပင်မ)နှင့် ယူရယ်ဒေသတွင် ကော့စ်ဗင်းစကီးတောင်(‌ရွေ့လျား)တို့တွင် ထားရှိသည်ဟု ဆိုထားသည်။<ref>{{cite web|url=http://www.globalsecurity.org/wmd/world/russia/c3i_fac.htm|title=Strategic C3I Facilities|publisher=globalsecurity.org|date=2000|url-status=dead|archiveurl=https://web.archive.org/web/20030112015553/http://www.globalsecurity.org/wmd/world/russia/c3i_fac.htm|archivedate=12 January 2003}}</ref> ထို့ပြင် မော်စကိုမြို့ရှိ ဘန်ကာအများစုကို အမှတ် ၂ အထူး မော်စကို မီသရိုလိုင်းဖြင့် ချိတ်ဆက်ထားနိုင်သည်ဟု မှန်းဆချက်များလည်း ရှိနေသည်။
 
ရုရှားနိုင်ငံ လုံခြုံရေးနှင့်ဆိုင်သော အဖွဲ့အစည်းများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထဲရေးတပ်ဖွဲ့ (နိုင်ငံတော်အစောင့်တပ်ဖွဲ့ဌာနချုပ်၏ ရုရှားအမျိုးသား အစောင့်တပ်ဖွဲ့)၊ ရုရှားနိုင်ငံ နယ်ခြားစောင့်ဌာန(ဖက်ဒရယ်လုံခြုံရေးဌာန၏ အစိတ်အပိုင်း)၊ ကရင်မလင်နန်းစောင့်တပ်ရင်းနှင့် ဖက်ဒရယ်ကာကွယ်ရေးဌာန၏ အစိတ်အပိုင်းများနှင့် အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၁၉၉၅ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ အရပ်ဖက်ကာကွယ်ရေးဌာနများနှင့် ယခင်တည်ရှိခဲ့သော အရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့မှ ပေါ်ပေါက်လာသော အဖွဲ့အစည်းများသည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် မပါဝင်ပေ။
 
=== ရေတပ်သင်္ဘောစုများ ===
 
== ကိုးကား ==