ရွှေကျင်ဆရာတော်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==ရွှေကျင်ဆရာတော်== ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထ…
 
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၈ -
၁၈၇၈-ခုနှစ်၌ သီပေါမင်း နန်းတက်လာသောအခါ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုမျှ မယူသော်လဲ သာသနာပိုင်ဆရာတော် နှစ်ပါးတဲက တပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်၊ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၅-ခုနှစ်တွင် အုပ်ချုပ်သူ အင်္ဂလိပ်တို့ကရွှေကျင်ဆရာတော်အား သာသနာပိုင်အဖြစ် အသိအမှတ်မပြုတော့ပေ၊ သို့သော် ဆရာတော်၏ ဂုဏ်သတင်းမှာ ပျံလွန်တော်မူသည့် ၁၈၉၃-ခုနှစ်အထိ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများသို့တိုင်အောင် ကျယ်ပြန့်လျက် ဆက်လက်တိုးတက်ခဲ့သည်။
 
ဆရာတော်၏လှုပ်ရှားမှုနှင့် အဆုံးအမ သြဝါဒများတွင်ဩဝါဒများတွင် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ နူးညံ့သိမ်မွေ့မှုဖြစ်သည့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးကို တုံ့ပြန်မှု တရပ်အနေဖြင့် ဗုဒ္ဓဘာသာရဟန်းဘဝတွင် မြင့်မြတ်ဖြူစင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ဖြစ်ရေးကိုသာ အာရုံစိုက်သည်၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအတွင်း ပြုပြင်လိုသည့် မြန်မာရဟန်းသံဃာတော်များအတွက် လှုံ့ဆော်ပေးသည့် စည်းလုံးညီညွတ်စေသည့် စံပြ ပုဂ္ဂိုလ်တပါးအဖြစ် ဆရာတော်၏ ဘဝတသက်တာလုံး ဆက်လက်ဆောင်ရွက်သွားခဲ့သည်။
 
 
စာကြောင်း ၄၀ -
၄။ ရေထွက်
 
၅။ ရွှေကျင်-ဟူသော လှတောကြီး ၅-ရွာ အဝင်အပါ ရွှေကျင်ရွာတွင် ဇာတိကုလ အာစာရဂုဏ်တို့နှင့် ပြည့်စုံသော ကုန်သည်ကြီး ဦးမောင်-ဇနီးဒေါ်မယ်မိတို့မှ ၁၁၈၄-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂-ရက် ညဥ့်သုံးချက်တီးကျော် ၁၃-ရက် အင်္ဂါနေ့သို့အဝင် ကောင်းမြတ်သောအချိန်တွင် သဂါရဝ, သပတိဿ, ဟိရီ, သြတ္တပ္ပဩတ္တပ္ပ, ဝီရိယ, ပညာ, သဒ္ဓါ-စသောဂုဏ်တို့နှင့် ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူသည်။
 
အမည်မှည့်အံ့သောနေ့၌ ပညာရှိတို့နှင့် တိုင်ပင်၍ အနာဂတ်ကာလ၌ သန့်ရှင်း စင်ကြယ်လှသော သံဃနိကာယကြီးကို ဖြစ်ပေါ်စေမည့် အကြောင်းအချက်နှင့် လိုက်ဖက် ညီညွတ်လှသော မောင်သန့်-ဟူသောအမည်ကို မှည့်ခေါ်ကြကုန်၏။
စာကြောင်း ၈၆ -
၁၂၂၂-ခုနှစ် ဝါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ဝိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။
 
ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မဝလွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်၊ နဖူးတော်ကျယ်သည်၊ နားတော်ကြီး၍ နှာတံပေါ်သည်၊ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်၊ သြဇာရှိသောအသံမျိုးဖြစ်သည်၊ဩဇာရှိသောအသံမျိုးဖြစ်သည်၊ အသားတော်မှာ အသားလတ်ဖြစ်သည်၊ ဝတ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အဝါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်၊ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်၊ သို့သော် အရောင်အသွေးမှာ အဝါရင့် အရောင်မှိန်မှိန်သာဖြစ်သည်၊ ဝတ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတန်း သေသေသပ်သပ် ဝတ်ရုံ သီတင်းသုံးတော်မူသည်၊ နံနက်ပိုင်း ညဥ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၄င်း၊ ညဥ့်အခါ ညဥ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၄င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣန္ဒြေရှိသော အမူအရာတော်ရှိသည်။
 
ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၄င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။