ရုရှား တပ်မတော်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၀ -
 
=== ရေတပ်သင်္ဘောစုများ ===
[[File:Map of Northern Fleet bases ENG.svg|thumb|Map of naval bases, shipyards and spent fuel storage sites operated by the Northern Fleet|226x226px]]
ရုရှားနိုင်ငံ၏ ရေတပ်တွင် ရေတပ်သင်္ဘောစု ၄ ခုနှင့် ဗျူဟာရေယာဉ်စု ၁ ခုတို့ ပါဝင်သည်။ ၎င်းတို့မှာ-
 
* မြောက်ပိုင်းရေတပ်သင်္ဘောစု (ဆဲဗျဲရာမော့စ်မြို့၌ ဌာနချုပ်ရှိ)၊ သီခြား မဟာဗျူဟာမြောက်ကွပ်ကဲမှုဌာနချုပ်အဖြစ် ဖွဲ့စည်းထားသည်။
* ဘောလ်တစ်ရေတပ်သင်္ဘောစု (သီးခြားနယ်မြေတစ်ခုဖြစ်သော ကာလင်နင်ဂရက်အောဗလက်ရှိ [[ကာလင်နင်ဂရတ်မြို့]]၌ ဌာနချုပ်ရှိ)၊ အနောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
* ပင်လယ်နက်ရေတပ်သင်္ဘောစု ([[ဆီပတ်စတိုပိုမြို့]]တွင် ဌာနချုပ်၊ ထိုမြို့သည် အငြင်းပွားဖွယ်ရာဒေသဖြစ်သော ခရိုင်းမီးယားကျွန်းဆွယ်၌ တည်ရှိသည်)၊ တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
* ပစိဖိတ်ရေတပ်သင်္ဘောစု (ဗလာဒီဗော့စတော့မြို့တွင် ဌာနချုပ်ရှိ)၊ အရှေ့ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
* ကက်စပီယံဗျူဟာရေယာဉ်စု ([[အက်စထရာကန်မြို့]]တွင် ဌာနချုပ်ရှိ)၊ တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
 
ကာလင်နင်ဂရက်အထူးဒေသသည် မြေပြင်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များပါ ဖွဲ့စည်းထားသော ဘောလ်တစ်ရေတပ်သင်္ဘောစု တပ်မှူး၏ ကွပ်ကဲမှုအောက်၌ တည်ရှိသည်။ ထိုတပ်ဖွဲ့သည် မော်တာရိုင်ဖယ်တပ်မဟာကြီး၊ Sulhoi Su-27 ‘Flanker’ တိုက်ခိုက်ရေးလေတပ်ရင်းနှင့် အခြားတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော ယခင် အမှတ် ၁၁ အစောင့်တပ်တော်ဖြစ်သည်။
 
ထို့အတူ ပျဲ့သရာပါလော့ဗ်-ကမ်ချထ်စကီးတွင် ဌာနချုပ်ရှိသော အရှေ့မြောက် တပ်နှင့်တပ်ဖွဲ့များအုပ်စုသည် ကမ်ချသကာကရိုင်းနှင့် ချူကော့သကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရုရှားတပ်များအားလုံးဖြင့် ဖွဲ့စည်းထားပြီး ဗလာဒီဗော့စတော့တွင် ဌာနချုပ်ရှိသော ပစိဖိတ်ရေတပ်သင်္ဘောစု အုပ်ချုပ်သူတပ်မှူး၏ လက်အောက်တွင် ရှိသည်။
 
== ကိုးကား ==