အောင်ဆန်းစုကြည်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး section re-arrange
စာကြောင်း ၁၀၈ -
မိခင်အား ဆေးရုံတွင် ၃ လခန့်ကုသပြီးနောက်၊ ကျန်းမာရေးပိုမိုကောင်းမွန်လာပုံမရှိသည့်နောက်ဆုံး နေအိမ်တွင် ဆက်လက်ပြုစုခဲ့သည်။ အင်္ဂလန်မှ ကျန်ရစ်ခဲ့သည့် ခင်ပွန်း နှင့် ကလေးနှစ်ယောက်သည်လည်း မိခင်နှင့် တွေ့ဆုံရန် နွေရာသီကျောင်းပိတ်ရက် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်နေဝင်းသည် ရာထူးမှ အနားယူခဲ့ရာမှ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပြီး ပြင်းထန်စွာ နှိမ်နင်း အရေးယူခဲ့သည်။ စစ်အာဏာရှင်အသစ် တစ်ဖွဲ့တက်လာသည်။ များမကြာမီ စု၏ နေအိမ်သည်လည်း နိုင်ငံရေးသမားများ ဝင်ထွက်သွားလာ စုဝေးရာ နေရာတစ်ခုဖြစ်လာခဲ့သည်။ စက်တင်ဘာ ၁၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်မှလက်နက်ဖြင့် အကြမ်းဖက် ဖြိုခွင်းပစ်လိုက်ပြီးနောက် စစ်တပ်မှ အာဏာသိမ်းပိုက်ကာ နဝတခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ စက်တင်ဘာလ ၁၄ ရက်တွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့၏ ပြည်သူတရပ်လုံးသို့ ပန်ကြားချက်စာတစောင် ထုတ်ပြန်ကြေညာသည်။
 
====အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်====
{{main|အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်}}
၁၉၈၈ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခြားသော နိုင်ငံရေး ပုဂ္ဂိုလ်များ ၁၁ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေအတွင်းရေးမှူးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ စက်တင်ဘာ ၃၀ရက်နေ့တွင် ပါတီအား ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်ဖြစ်စေရန် မှတ်ပုံတင်ခဲ့ပြီးနောက်၊ အောက်တိုဘာ ၃ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် အတည်ပြုကြေညာခဲ့သည်။ ၁၉၈၈ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိခင် [[မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်]]သည် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
စာကြောင်း ၁၁၄ -
၁၉၈၉ ဖေဖော်ဝါရီ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်း၍ ဦး[[အောင်ကြီး၊ ဦး|အောင်ကြီး]]နှင့်အတူ အခြားဗဟိုဦးစီး အဖွဲ့ဝင် ၁၃ ဦးနုတ်ထွက်ကြောင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည်။ ဇူလိုင်လ ၂၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ တားဆီးလိုက်သည်။ ဒီဇင်ဘာ ၂၂၊ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာသည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။
 
====ပထမဦးဆုံး လူထုအစည်းအဝေး မိန့်ခွန်း====
{{main|၁၉၈၈ ရွှေတိဂုံရင်ပြင် လူထုအစည်းအဝေးပွဲ}}
၂၆ ဩဂုတ်လ ၁၉၈၈ ခုနှစ်၊ ရွှေတီဂုံစေတီတော် အနောက်ဘက်မုဒ်တွင် လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲကြီးတွင် ပထမဦးဆုံး ပြည်သူများသို့မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအစည်းအဝေးပွဲတွင် စုသည် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲကြီကျင်းပပေးရန် နိုင်ငံအာဏာပိုင်များအား အဆိုပြုခဲ့ပြီး၊ ဖခင်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သောကြောင့်၊ သမီးဖြစ်သူမှာ ယခုဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများကို ခေါင်းရှောင်ရန် မသင့်တော်ဟု ပြောဆိုခဲ့သည်။
 
=== နိုင်ငံရေးယုံကြည်မှု ===
မြတ်ဗုဒ္ဓတရားတော် အဆုံးအမများ၊ [[မဟတ္တမ ဂန္ဒီ|မဟတ္တမဂန္ဒီ]]၏ အကြမ်းမဖက် လှုပ်ရှားမှု အယူအဆများအတိုင်း အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားမှု ဆောင်ရွက်နိုင်ရန် နိုင်ငံရေး လောကသို့ ဝင်ရောက်ခဲ့ပြီး၊ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီကို တိုက်ပွဲဝင်သူအဖြစ် ကမ္ဘာတွင် ထင်ပေါ်ကျော်ကြားသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာတွင် ပါဝင်ခဲ့ပြီးနောက်၊ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချူပ် စတင်ကျခံခဲ့ရသည်။ သူ့အား တိုင်းပြည်ကို စွန့်ခွာ၍ မိသားစုရှိရာ ယူနိုက်တက် ကင်းဒမ်း သို့ပြန်ပါက၊ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ မြန်မာပြည်သို့ ပြန်လည်နေထိုင်ခွင့် မရမည်ကို စိုးရိမ်သဖြင့် ငြင်းပယ်ခဲ့သည်။ သူမ၏ နာမည်ကျော်မိန့်ခွန်းဖြစ်သည့် ''ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး'' ၏ အစတွင် "ကြောက်ရွံ့ခြင်းကသာလျှင် ဖောက်ပြန်ပျက်စီးစေတတ်ခြင်းကို ဖြစ်စေသည် အာဏာမဟုတ်၊ အာဏာကို လက်လွှတ်ရန်ကြောက်နေခြင်းက အာဏာရှိသူများကို ပျက်စီးစေသည်။ အာဏာစက်ဒဏ်၏ စက်ဆုတ်ရွံမုန်းဖွယ်က အုပ်ချုပ်ခြင်းခံရသူများကို ကြောက်ရွံ့စေသည်"
 
[[File:Aung San Suu Kyi speaking to supporters at National League for Democracy (NLD) headquarter.jpg|thumb|175px|၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ပြည်သူများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံဟောပြောစဉ်]]
 
=== အထိန်းသိမ်းခံရခြင်း နှင့် လွတ်မြောက်ခြင်း ===
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့်၊ လွန်ခဲ့သည့် ၂၁ နှစ်အတွင်း၌ ၁၅ နှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။
<ref name=sk>Moe, Wait (3 August 2009). [http://www.irrawaddy.org/highlight.php?art_id=16470 Suu Kyi Questions Burma’s Judiciary, Constitution]. ''The Irrawaddy''.</ref> ထိုအချိန်အတွင်း သူမ၏ ပါတီအဖွဲ့ဝင်များ နှင့် တွေ့ဆုံခြင်း၊ အစည်းအဝေးတက်ရောက်ခြင်း၊ ပြင်ပနှင့် ဆက်သွယ်ခြင်းများ နှင့် နိုင်ငံတကာမှ လာရောက်တွေ့ဆုံခြင်းများကို ပိတ်ပင်ထားပြီး၊ နေအိမ်အကျယ်ချုပ်ကာလအတွင်း ခင်ပွန်းမှ ပေးပို့သည့် အတတ်ပညာ၊ ဗဟုသုတ စာပေများ၊ နိုင်ငံရေး နှင့် အထုပ္ပတ္တိစာပေများကို လေ့လာဖတ်ရှုခဲ့သည်။<ref>[http://www.youtube.com/watch?v=sZFpURJGv00 &feature=related Aung San Suu Kyi interview (video)]. YouTube.</ref> ထို့နောက် စန္ဒရားတီးခြင်း၊ တရားထိုင်ခြင်းဖြင့် အကျယ်ချုပ်ကျချိန်ကို အသုံးပြုခဲ့ပြီး၊ ရံဖန်ရံခါ စစ်အစိုးရမှ နိုင်ငံတကာမှ သံအမတ်များကို တွေ့ဆုံခွင့်ပေးလေ့ရှိပြီး၊ သူမ၏ မိသားစု ဆရာဝန်နှင့်လည်း တွေ့ခွင့်ပြုသည်။ <ref>Buncombe, Andrew (5 July 2009). [http://www.independent.co.uk/news/world/asia/5000-days-in-captivity-the-worlds-most-famous-political-prisoner-and-a-dismal-landmark-1731998.html 5,000 days in captivity: The world's most famous political prisoner and a dismal landmark]. ''The Independent''.</ref>
စာကြောင်း ၁၂၉ -
နေအိမ်အကျယ်ချုပ်ကာလအတွင်း စစ်အစိုးရထံမှ စားနပ်ရိက္ခာနှင့် အခြားထောက်ပံ့မှုများကို လုံးဝ လက်မခံခဲ့ပေ၊ သို့သော် ဒေါ်စုတွင် ပိုက်ဆံအနည်းငယ်သာ ရှိသောကြောင့် ကိုယ်ပိုင် ပရိဘောဂများကို ရောင်းချ၍ ငွေကြေးအသုံးပြုခဲ့ရသည်။ အစားအသောက်မလုံလောက်သော အချိန်များလည်း ရှိခဲ့ပြီး၊ ဆံပင်များကျွတ်၍ အိပ်ရာမှပင်မထနိုင်ဘဲ အင်အားချို့တဲ့ခဲ့သည့် အချိန်များလည်းရှိခဲ့သည်။ သို့သော် သူသည် ထိုကိစ္စများကို အများသို့အရေးတယူ ပြောပြလေ့မရှိပေ။ ရေဒီယိုသည်လည်း အကျယ်ချုပ်ကျချိန်ကာလအတွင်း သူမအား ပြင်ပလောက နှင့် ချိတ်ဆက်ပေးနိုင်ခဲ့သည်၊ "ဘီဘီစီ ကြောင့် ကမ္ဘာ နှင့် မြန်မာပြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုများ၊ ကျွန်မ၏ မြန်မာနိုင်ငံပြည်သူများနှင့်လည်း လုံးဝထိတွေ့မှု မဆုံးရှုံးခဲ့ပါဘူး"ဟု ပြောကြားခဲ့ဖူးသည်။<ref>[http://www.bbc.co.uk/news/uk-18493008 Aung San Suu Kyi pays tribute to BBC on tour of UK]</ref> ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတွင်းမှ ထွက်ခွာမည်ဆိုပါက အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမည်ဟု စစ်အစိုးရမှ ကမ်းလှမ်းခဲ့သော်လည်း ဒေါ်စုမှ ငြင်းပယ်ခဲ့သည်။
 
====၁၉၈၉ မှ ၁၉၉၅ ပထမအကြိမ်====
၁၉၈၉ခုနှစ် ဇူလိုင်လ ၂၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား န၀တ အစိုးရမှ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပုဒ်မ ၁၀(ခ) အရ နေအိမ်တွင် တားဆီးမိန့်ထုတ်ပြန်၍ နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေစဉ် အတွင်း ဒီဇင်ဘာလ ၂၂ရက်နေ့၌ [[ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀|ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ]]တွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ သို့သော် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား ကိုယ်စားပြု၍ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန် အဆိုပြုထားခြင်းခံရသူ [[ဦးလဘန်ဂရောင်]]မှ ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေး ကော်မရှင်မှ လက်ခံစစ်ဆေး၍ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ (င) ဖြင့် ငြိစွန်းသည်ဟုဆိုကာ အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့သဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ချေ။ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ကိုယ်တိုင်မပါဝင်နိုင်ခဲ့သော်လည်း၊ ၁၉၉၀ခုနှစ် မတ်လ ၂၇ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် ၄၄၇ နယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃၉၂ နယ်၌ အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အဖွဲ့ချုပ်သည် တနိုင်ငံလုံးတွင် မဲဆန္ဒနယ် ၄၈၅ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိသောကြောင့် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။
 
စာကြောင်း ၁၄၁ -
၁၉၉၈ ခုနှစ်တွင် သတင်းထောက် Maurizio Giuliano သည် အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ပြီးချိန်တွင်၊ အခွန်အကောက်ဌာနမှုများ၏ စစ်ဆေးခြင်းကို ခံရပြီးနောက် သူ၏ မှတ်တမ်းတင် ဗီဒီယို အခွေများ၊ အသံတိပ်ခွေများ နှင့် မှတ်သားထားသည့် စာတမ်းများအား သိမ်းဆည်းခြင်း ခံခဲ့ရသည်။<ref>[http://nl.newsbank.com/nl-search/we/Archives?p_product=NewsLibrary&p_multi=BBAB&d_place=BBAB&p_theme=newslibrary2&p_action=search&p_maxdocs=200&p_topdoc=1&p_text_direct-0=0F98E4ECFAA2A5EF&p_field_direct-0=document_id&p_perpage=10&p_sort=YMD_date:D&s_trackval=GooglePM Burma expels Italian reporter for "illegal reporting], TV Myanmar, Rangoon, 18 August 1998.</ref>
 
====၂၀၀၀ မှ ၂၀၀၂ ဒုတိယအကြိမ်====
သူ့အား သူမ၏ပါတီကို ထောက်ခံအားပေးသူများနှင့်လည်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခွင့်ကို ပိတ်ပင်တားမြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ် စက်တင်ဘာလတွင် နောက်တစ်ကြိမ် နေအိမ်အကျယ်ချုပ်ခြင်း ခံရသည်။ ၂၀၀၂ ခုနှစ် မေလ ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ လျှို့ဝှက် ယုံကြည်မှုညှိနှိုင်းခြင်းများ အရ၊ နိုင်ငံတော် အစိုးရမှ သူမအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့်ပေးလိုက်ခြင်းမှာ "ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ယုံကြည်နိုင်လို့ပါ" ဟု အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ "င်ငံအတွက် အရုဏ်ဦး အသစ်တစ်ခု ပေါ်ပေါက်လာပြီ”"ဟု ဆိုခဲ့သည်။
====၂၀၀၃ မှ ၂၀၁၀ တတိယအကြိမ်====
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ သူမ၏ အဖွဲ့ဝင်ယာဉ်တန်းများသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သို့ စည်းရုံးရေးခရီးစဉ်မောင်းနှင်လာရာ ကျီရွာအနီးတွင် စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့ဖြစ်သည့် ကြံ့ခိုင်ဖွံဖြိုးရေး နှင့် စွမ်းအားရှင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပြီးနောက်၊ သူမအားထောက်ခံသည့် အဖွဲ့ဝင်များ သေကြေပျောက်ဆုံးမှုစာရင်းမှာ တရားဝင်မရှိသော်လည်း ၈၀ ကျော်သည်ဟု ပြည်တွင်းနေထိုင်သူများမှ ခန့်မှန်းကြသည်။"အဲဒီ့အရေးအခင်းညက ကျွန်တော့်တပည့်တွေကို သူ့ကို ကယ်တင်ဖို့ လွှတ်လိုက်ပြီးတော့၊ အနီးမှာရှိတဲ့ စစ်တပ်ဌာနမှာ ကယ်တင်ထားခဲ့ရတယ်"ဟုလည်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်မှ နေအိမ်အကျယ်ချုပ်လွတ်မြောက်လာပြီးချိန် ၂၀၁၂တွင် ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာသို့လည်း ထွက်ဆိုခဲ့သည်။ သို့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦး[[တင်ဦး၊ သူရ ဗိုလ်ချုပ်ကြီး|တင်ဦး]]မှ ယင်းပြောဆိုချက်ကို ပြန်လည်ငြင်းဆိုခဲ့သည်။<ref>[http://www.irrawaddy.org/archives/2316 Despite the lack of an official death toll for the Depayin Massacre, Burmese dissidents claim around 70 people perished in the attack.]</ref>
 
စာကြောင်း ၁၅၀ -
၂၀၀၄ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစမေးလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နောက်တစ်နှစ်တွင် အီစမေးလ်သည် ရာထူးမှအနားယူခဲ့သည်။ မြန်မာနိုင်ငံအတွင်းသို့ အကြိမ်များစွာ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းခံရသည်မှာလည်း အနားယူရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ၂၀၀၄ ခုနှစ်မေ ၂၈ ရက်တွင် ကုလသမဂ္ဂ၏ ကြောင်းကျိုးမဲ့ထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းအဖွဲ့မှ သဘောထားမှတ်ချက် (၂၀၀၄ ခုနှစ် မှတ်ချက် အမှတ် ၉) ထုတ်ပြန်ရာ သူမ၏ လွတ်လပ်မှုဆုံးရှုံးခြင်းမှာ ကြောင်းကျိုးမဲ့အရေးယူခြင်း မြောက်ပြီး ကုလသမဂ္ဂ လူ့အခွင့်ရေးပဋိညာဉ်စာချုပ် ၁၉၄၈ နှင့် ဆန့်ကျင်လျက်ရှိပြီး မြန်မာအာဏာပိုင်များမှ ဒေါ်အောင်ဆန်းစုကြည်အားဆက်လက် ထိန်းသိမ်းခြင်း မပြုလုပ်ရန်ပန်ကြားခဲ့သည်။ သို့သော် အာဏာပိုင်များက ဤပန်ကြားချက်ကို မသိကျိုးကျွန် ပြုခဲ့သည်။
 
====သက်တမ်းတိုး ပထမအကြိမ်====
၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားခြင်းကို တစ်နှစ်ထပ်မံ တိုးမြှင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အတည်ပြုခဲ့သည်။ အနောက်တိုင်းနိုင်ငံများနှင့် ကုလသမဂ္ဂတို့မှ အဆိုပါ တိုးမြှင့်မှုကို သဘောမတူကြောင်းပြသခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနမှ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ အီဗရာဟင် ဂန်ဘာရီသည် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခဲ့လေသည်။ ၎င်းတွေ့ဆုံမှုသည် ၂၀၀၄ ခုနှစ်မှ စတင်၍ နိုင်ငံခြားသား အရာရှိ တစ်ဦးနှင့် ပထမဆုံးသော တွေ့ဆုံမှုဖြစ်သည်။
 
====သက်တမ်းတိုး ဒုတိယအကြိမ်====
ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်ချထားခြင်းကို ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်တွင် အဆုံးသတ်စေမည် ဖြစ်သော်လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် [[ကိုဖီအန်နန်|ကိုဖီအာနန်]]မှ ဗိုလ်ချုပ်မှူးကြီး [[သန်းရွှေ]]ထံသို့ တိုက်ရိုက်လျှောက်ထားချက်ကို ပယ်ချပြီး မြန်မာအစိုးရမှ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခဲ့သည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၅ ခုနှစ် နိုင်ငံတော်ကာကွယ်ရေး အက်ဥပဒေပုဒ်မ ၁၀(ခ) အရ ရုံးမတင်ပဲ လူတစ်ယောက်အား ငါးနှစ် အထိချုပ်နှောင်ထားနိုင်သည့် ပုဒ်မဖြင့် ဆက်လက်ထိမ်းသိမ်း ထားခဲ့သည်။
 
စာကြောင်း ၁၆၀ -
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် [[ဘန်ကီမွန်း]]သည် မြန်မာနိုင်ငံခေါင်းဆောင်များသို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ စစ်အစိုးရသည် ထောင်သား ၂၈၃၁ ယောက်ကို လွှတ်ပေးခဲ့ရာတွင်၊ နိုင်ငံရေး အကျဉ်းသား ၄၀ ပါဝင်သည်။၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုဘဲလ်လ်ဆုကြေးငွေများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု၍ အစိုးရပိုင် [[မြန်မာ့အလင်း သတင်းစာ]]မှ စွပ်စွဲလိုက်သည်။ ထိုစွပ်စွဲမှုသည် အမေရိကန်နိုင်ငံမှ ထောက်ပံ့ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာလုံခြုံရေးကို အန္တရာယ်ပေးနိုင်သော နိုင်ငံဖြစ်နေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးချိန်တွင်ဖြစ်သည်။
 
====သက်တမ်းတိုး တတိယအကြိမ်====
{{Main|၂၀၀၇ စစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြမှု}}
၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅ နှစ်ဆက်တိုက် ချုပ်နှောင်နိုင်ရန် ထပ်မံ၍ သက်တမ်း တစ်နှစ်တိုးခဲ့သည်။ ၁၉ ရက် ဩဂုတ်လ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးများတက်ခဲ့ပြီးနောက်၊ စစ်အစိုးရမှ ခြေမှုန်းမည်ဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း ဘုန်းကြီးများမှ နေ့စဉ်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်။<ref name="Buddhist monk uprising ">[http://news.yahoo.com/s/ap/myanmar;_ylt=AnrDVYwp644QDxk6HyfqqdSaK8MA Yahoo News on Buddhist monk uprising]. Associated Press. {{Webarchive|url=https://web.archive.org/web/20130818225418/http://news.yahoo.com/s/ap/myanmar;_ylt=AnrDVYwp644QDxk6HyfqqdSaK8MA |date=18 August 2013 }}</ref>
စာကြောင်း ၁၆၈ -
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်၊ ဒေါ်စုသည် အကျဉ်းထောင်တွင် နေရသော ကာလသည် ၁၂ နှစ်ပြည့်ပြီဖြစ်ပြီး၊ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားကြသော အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ပေးရန် မြို့ကြီး ၁၂ ခုတွင် ဆန္ဒပြခဲ့ကြသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်စု နှင့် စကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေး ပုဂ္ဂိလ်အဖြစ် ဝန်ကြီး[[အောင်ကြည်]] ကိုခန့်ခဲ့ပြီး၊ သူသည် စစ်အစိုးရ၏ အာဏာအုပ်စိုးထားသည့် လူကြီးပိုင်းများထဲမှဖြစ်ပြီး၊ စစ်အစိုးရ၏ ရာထူးနံပါတ်စဉ်တွင် အမည်လျာခံထားရသူလည်းဖြစ်သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်စုကြည်သည် ၃ နှစ် အတွင်း ပထမဦးဆုံး သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ နှင့် အစိုးရ ဝန်ကြီးများအကြား တွေ့ဆုံခွင့်ရရှိခဲ့သည်။ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ ဒုတိယအကြိမ် ခရီးအဆုံးနောက်၊ နာရီပိုင်းအကြာတွင် အာဏာပိုင်အစိုးရတို့သည် တီဗီ နှင့် ရေဒီယိုများတွင် ထိုတွေ့ဆုံခဲ့မှုကို တရားဝင် ထုတ်ဖော်ကြေငြာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဖိတ်ကြားမှုများသည် မှန်ကန်သည်ဟု ထုတ်ဖော်ပြောဆိုသည်။
 
====သက်တမ်းတိုး စတုတ္ထအကြိမ်====
၂၀၀၈ ခုနှစ် မေလ တွင် နအဖက နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁ နှစ်ထပ်တိုးခဲ့သည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၆ရက်ကြာခရီးသွားရောက်ခဲ့သည်။ သူသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံခွင့်မရရှိခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။
 
၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ဆိုင်ကလုန်းနာဂစ်ကြောင့် ဒေါ်စု၏နေအိမ်ခေါင်မိုးမှာ ပျက်ဆီးခဲ့ပြီး၊ လျှပ်စစ်မီးပျက်သွားခဲ့ပြီးနောက် လျှပ်စစ်မီးစက်မထောက်ပံ့ထားခြင်းကြောင့် အမှောင်ထဲတွင် ဖယောင်းတိုင်ဖြင့် နေထိုင်ခဲ့ရသည်။ <ref>[https://news.google.com/newspapers?nid=2026&dat=20080508&id=z9syAAAAIBAJ&sjid=RvAFAAAAIBAJ&pg=3424,933927&hl=en UN plane lands in Myanmar with aid after cyclone]</ref>
 
====မဖိတ်ခေါ်သော ဧည့်သည်ကြောင့် ၁၈ လ====
{{main|ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ}}
[[File:Jim Webb with Aung San Suu Kyi.jpg|thumb|200px|၂၀၀၉ ခုနှစ်တွင် အမေရီကန် အောက်လွှတ်တော်အမတ် [[ဂျင်မ်းဝဘ်]] (Jim Webb) မှ ဒေါ်အောင်ဆန်းစုကြည်ထံ အလည်အပါတ်ရောက်ခဲ့သည်။ ဂျွန်ရက်တောအား လွတ်မြောက်စေရန် လာရောက်ဆွေးနွေးခြင်းဖြစ်ပြီး၊ ထိုဖြစ်ရပ်ကြောင့် အောင်ဆန်းစုကြည်မှာ အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံရခြင်းဖြစ်သည်။]]
စာကြောင်း ၁၉၃ -
၂၀၁၀ မေလ ၂၆ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်ကို ရုပ်သိမ်း လိုက်ကြောင်း ရဲအရာရှိ ၂ ဦးမှဖတ်ပြခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချခံထားသည့် ဥပဒေဖြစ်သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ အန္တရာယ်မှ ကာကွယ်သည့်ဥပဒေအား ရဲမှူးချုပ် မြင့်သိန်းမှ ဖတ်ပြခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ကာလသည် လေးနှစ်ခွဲသာ ရှိခဲ့သောကြောင့် ထပ်မံ ၆ လ သက်တမ်းတိုးနိုင်ကြောင်း ပြောဆိုခဲ့သည်။
 
====အထိန်းသိမ်းခံရသည့် ကာလဇယား====
{| border="1" style="font-size:10px"
|-
စာကြောင်း ၂၃၈ -
 
|}<ref>{{cite web|url=http://www.altsean.org/Research/DASSK/Detention.php |title=Daw Suu Watch - Detention - ALTSEAN Burma |publisher=Altsean.org |date=2009-11-27 |accessdate=2014-02-09}}</ref>
 
===၂၀၁၀ ရွေးကောက်ပွဲ နှင့် ပြန်လည်လွတ်မြောက်ခြင်း===
စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူများ အရေးပေါ်ကူညီမှု လိုအပ်နေချိန်အတွင်း စီစဉ်ထားခဲ့သည့် ရွေးကောက်ပွဲကို မရပ်ဆိုင်းပဲ၊ ၂၀၁၀ တွင် ဆက်လက်ကျင်းပခဲသည်။ ထိုရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့် အတန်းနှင့် ကိုက်ညီခြင်းမရှိခြင်း၊ တရား မျှတမှုမရှိဟု ပြောဆိုခဲ့သူများတွင် ဥရောပ သမဂ္ဂ၊ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကယ်ဗင်ရဒ် တို့ပါဝင်ခဲ့သည်။ အိန္ဒိယ နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားမှ အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့်ပါတ်သက်ပြီး ထုတ်ဖော် ပြောဆိုမှုမရှိခဲ့ခြင်းကို ပြစ်တင်ဝေဖန်ခဲ့သည်။အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိအပေါ် တရားဝင် ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့သော်လည်း၊ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino မှ ရွေးကောက်ပွဲသို့ မဲလာပေးသူ နည်းနေခြင်းသည် ဒေါ် အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ရန် တောင်းဆိုခဲ့သည်။ တရုတ် နိုင်ငံ မီဒီယာများတွင် ထိုရွေးကောက်ပွဲသတင်းကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သော်လည်း ဝေဖန်မှုများမရှိခဲ့ချေ။<ref>[http://www.bbc.co.uk/burmese/burma/2010/11/101108_elections_response.shtml ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်]</ref>
 
ရွေးကောက်ပွဲ ဥပဒေသစ်တွင် နိုင်ငံရေးပါတီများနှင့် ချိတ်နွယ်ထားကာ ထောင်ဒဏ်ကျခံနေရသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုခဲ့ခြင်းကြောင့် [[နိုင်ငံရေး အကျဉ်းသား]]၂၀၀၀ ကျော်သည်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပေ၊ ဒေါ်စုသည်လည်း အကျဉ်းသားအဖြစ် ပါဝင်နိုင်သည် (နေအိမ်အကျယ်ချုပ်အား ထောင်ဒဏ်ကျခံသူအဖြစ် သတ်မှတ်ခြင်း မသက်မှတ်ခြင်းအပေါ် မူတည်မည်)။<ref>{{cite news|url=http://news.bbc.co.uk/1/hi/world/asia-pacific/8559048.stm|title= Burma law formally bars Aung San Suu Kyi from election|date=March 10, 2010|publisher=BBC News}}</ref><ref>{{cite news| url=http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/6931974/Burma-announces-elections--but-not-for-Aung-San-Suu-Kyi.html | work=The Daily Telegraph | location=London | title=Burma announces elections ? but not for Aung San Suu Kyi | date=4 January 2010 | accessdate=25 April 2010}}</ref>
 
ရွေးကောက်ပွဲ ကျင်းပပြီး ၁၀ ရက်မြောက်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။
 
===၂ဝ၁၂ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ===
၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော လွှတ်တော်အမတ်နေရာအသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ (စုစုပေါင်း ၄၃ ဦး) အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံကြရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းဆုကြည်သည် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
 
=== ၂၀၁၅ အထွေထွေရွေးကောက်ပွဲ == =
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော [[အထွေထွေ ရွေးကောက်ပွဲ ၂၀၁၅|အထွေထွေရွေးကောက်ပွဲ]]တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် [[မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ|၂၀၁၂ ကြားဖြတ်ရွေးကာက်ပွဲ]] ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည်လည်း ရွေးကောက်ပွဲ တစ်ခုလုံးအတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ မဖြစ်နိုင်သောကြောင့် [[ထင်ကျော်၊ ဦး|ဦးထင်ကျော်]]ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းကာ ဒေါ်အောင်ဆန်းစုကြည်သည နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရ အင်္ဂါစဉ်အရ နိုင်ငံတော် သမ္မတပြီးနောက် နိုင်ငံတော်၏ ဒုတိယအကြီးအကဲ နေရာတွင် တည်ရှိသည်။
 
=== ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ===
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ယခင်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်|အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)]] သည် [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀|၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ]]တွင် [[ပြည်သူ့လွှတ်တော်|ပြည့်သူ့လွှတ်တော်]]၌ ၂၅၈ နေရာ၊ [[အမျိုးသားလွှတ်တော်]]၌ ၁၃၈ နေရာ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၏ လွတ်တော်များ၌ ၅၀၁ နေရာအထိ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။ [[ပြည်ထောင်စု လွှတ်တော်|ပြည်ထောင်စုလွှတ်တော်]](အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း) တွင် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်း၏ ၈၃.၂ ရာခိုင်နှုန်းအထိအနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီသည် အစိုးရဖွဲ့ခွင့်ရှိအမတ်ဦးရေ ၃၂၂ ဦးထက် သာလွန်သော အမတ်ဦးရေ ရရှိသည့်အတွက် ဒုတိယအကြိမ် အစိုးရဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။
 
[[File:Secretary Clinton Meets Daw Aung San Suu Kyi for Dinner (6437451337).jpg|right|thumb|175px|ဒေါ်အောင်ဆန်းစုကြည် နှင့် ဟယ်လာရီကလင်တန်တို့ ညစာစားပွဲအပြီးတွင် တွေ့ရစဉ်၊ နှစ် ၅၀ အတွင်း ပထမဦးဆုံး အမေရိကန်နိုင်ငံအကြီးအကဲတစ်ဦးမှ လည်ပါတ်ခြင်းဖြစ်သည်<ref>{{cite web|author=Kim Ghattas |url=http://www.bbc.co.uk/news/world-asia-15997268 |title=BBC News - Hillary Clinton Burma visit: Suu Kyi hopeful on reforms |publisher=Bbc.co.uk |date=2011-12-02 |accessdate=2014-02-09}}</ref>]]
 
===နိုင်ငံများ ===
Line ၂၅၅ ⟶ ၂၇၅:
သူမ ပညာသင်ခဲ့သော စိန့်ဟူးစ်ကောလိပ်၊ အောက်စဖို့တက္ကသိုလ် နှစ်စဉ်ကျင်းပလေ့ရှိသော ကပွဲအခမ်းအနားတွင် မြန်မာနိုင်ငံက ကဏ္ဍတစ်ခုကို ထည့်သွင်းလေ့ရှိသည်။<ref>{{cite news | url =http://www.thefullmoonball.com/ie/ | title =St. Hugh's Full Moon Ball | publisher=The Burma Campaign UK | accessdate =4 July 2006 }}</ref>
 
==၂၀၁၀ ရွေးကောက်ပွဲ နှင့် ပြန်လည်လွတ်မြောက်ခြင်း==
စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီး၊ ပြည်သူများ အရေးပေါ်ကူညီမှု လိုအပ်နေချိန်အတွင်း စီစဉ်ထားခဲ့သည့် ရွေးကောက်ပွဲကို မရပ်ဆိုင်းပဲ၊ ၂၀၁၀ တွင် ဆက်လက်ကျင်းပခဲသည်။ ထိုရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့် အတန်းနှင့် ကိုက်ညီခြင်းမရှိခြင်း၊ တရား မျှတမှုမရှိဟု ပြောဆိုခဲ့သူများတွင် ဥရောပ သမဂ္ဂ၊ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ကယ်ဗင်ရဒ် တို့ပါဝင်ခဲ့သည်။ အိန္ဒိယ နိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားမှ အိန္ဒိယအစိုးရ အနေနှင့် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့်ပါတ်သက်ပြီး ထုတ်ဖော် ပြောဆိုမှုမရှိခဲ့ခြင်းကို ပြစ်တင်ဝေဖန်ခဲ့သည်။အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိအပေါ် တရားဝင် ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့သော်လည်း၊ ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino မှ ရွေးကောက်ပွဲသို့ မဲလာပေးသူ နည်းနေခြင်းသည် ဒေါ် အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် မပေးခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ရန် တောင်းဆိုခဲ့သည်။ တရုတ် နိုင်ငံ မီဒီယာများတွင် ထိုရွေးကောက်ပွဲသတင်းကို ကျယ်ကျယ် ပြန့်ပြန့်ဖော်ပြခဲ့သော်လည်း ဝေဖန်မှုများမရှိခဲ့ချေ။<ref>[http://www.bbc.co.uk/burmese/burma/2010/11/101108_elections_response.shtml ရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်]</ref>
 
ရွေးကောက်ပွဲ ဥပဒေသစ်တွင် နိုင်ငံရေးပါတီများနှင့် ချိတ်နွယ်ထားကာ ထောင်ဒဏ်ကျခံနေရသူများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဟု ဆိုခဲ့ခြင်းကြောင့် [[နိုင်ငံရေး အကျဉ်းသား]]၂၀၀၀ ကျော်သည်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်မဟုတ်ပေ၊ ဒေါ်စုသည်လည်း အကျဉ်းသားအဖြစ် ပါဝင်နိုင်သည် (နေအိမ်အကျယ်ချုပ်အား ထောင်ဒဏ်ကျခံသူအဖြစ် သတ်မှတ်ခြင်း မသက်မှတ်ခြင်းအပေါ် မူတည်မည်)။<ref>{{cite news|url=http://news.bbc.co.uk/1/hi/world/asia-pacific/8559048.stm|title= Burma law formally bars Aung San Suu Kyi from election|date=March 10, 2010|publisher=BBC News}}</ref><ref>{{cite news| url=http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/6931974/Burma-announces-elections--but-not-for-Aung-San-Suu-Kyi.html | work=The Daily Telegraph | location=London | title=Burma announces elections ? but not for Aung San Suu Kyi | date=4 January 2010 | accessdate=25 April 2010}}</ref>
 
ရွေးကောက်ပွဲ ကျင်းပပြီး ၁၀ ရက်မြောက်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးခဲ့သည်။
 
==၂ဝ၁၂ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ==
၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လစ်လပ်နေသော လွှတ်တော်အမတ်နေရာအသီးသီးအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ (စုစုပေါင်း ၄၃ ဦး) အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံကြရသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းဆုကြည်သည် ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
 
== ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ==
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော [[အထွေထွေ ရွေးကောက်ပွဲ ၂၀၁၅|အထွေထွေရွေးကောက်ပွဲ]]တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် [[မြန်မာနိုင်ငံ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ|၂၀၁၂ ကြားဖြတ်ရွေးကာက်ပွဲ]] ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည်လည်း ရွေးကောက်ပွဲ တစ်ခုလုံးအတိုင်းအတာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ မဖြစ်နိုင်သောကြောင့် [[ထင်ကျော်၊ ဦး|ဦးထင်ကျော်]]ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းကာ ဒေါ်အောင်ဆန်းစုကြည်သည နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရ အင်္ဂါစဉ်အရ နိုင်ငံတော် သမ္မတပြီးနောက် နိုင်ငံတော်၏ ဒုတိယအကြီးအကဲ နေရာတွင် တည်ရှိသည်။
 
== ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ==
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည် ယခင်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်|အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)]] သည် [[အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၂၀|၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ]]တွင် [[ပြည်သူ့လွှတ်တော်|ပြည့်သူ့လွှတ်တော်]]၌ ၂၅၈ နေရာ၊ [[အမျိုးသားလွှတ်တော်]]၌ ၁၃၈ နေရာ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၏ လွတ်တော်များ၌ ၅၀၁ နေရာအထိ တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ပါသည်။ [[ပြည်ထောင်စု လွှတ်တော်|ပြည်ထောင်စုလွှတ်တော်]](အမျိုးသားလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်နှစ်ရပ်ပေါင်း) တွင် ရွေးကောက်ခံကိုယ်စားလှယ်စုစုပေါင်း၏ ၈၃.၂ ရာခိုင်နှုန်းအထိအနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ပါတီသည် အစိုးရဖွဲ့ခွင့်ရှိအမတ်ဦးရေ ၃၂၂ ဦးထက် သာလွန်သော အမတ်ဦးရေ ရရှိသည့်အတွက် ဒုတိယအကြိမ် အစိုးရဖွဲ့စည်းခွင့်ရရှိမည်ဖြစ်သည်။
 
[[File:Secretary Clinton Meets Daw Aung San Suu Kyi for Dinner (6437451337).jpg|right|thumb|175px|ဒေါ်အောင်ဆန်းစုကြည် နှင့် ဟယ်လာရီကလင်တန်တို့ ညစာစားပွဲအပြီးတွင် တွေ့ရစဉ်၊ နှစ် ၅၀ အတွင်း ပထမဦးဆုံး အမေရိကန်နိုင်ငံအကြီးအကဲတစ်ဦးမှ လည်ပါတ်ခြင်းဖြစ်သည်<ref>{{cite web|author=Kim Ghattas |url=http://www.bbc.co.uk/news/world-asia-15997268 |title=BBC News - Hillary Clinton Burma visit: Suu Kyi hopeful on reforms |publisher=Bbc.co.uk |date=2011-12-02 |accessdate=2014-02-09}}</ref>]]
 
===၂၄ နှစ်အတွင်း ကနဦး ပြည်ပခရီးစဉ်များ===
==မြန်မာ့ခေါင်းဆောင်မှ ကမ္ဘာ့ခေါင်းဆောင်အဖြစ်သို့==
===၂၄ နှစ်အတွင်း ကနဦး ပြည်ပခရီးစဉ်များ===
ဒေါ်အောင်ဆန်းစုကြသည် ၂၄နှစ်အတွင်း နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသည့် အချိန်များတွင်၊ သူ လွတ်မြောက်လာပါက ပထမဦးဆုံးသွားလိုသည့် ခရီးစဉ်သည် နော်ဝေနိုင်ငံဖြစ်ကြောင်း အမြဲပြောဆိုခဲ့သော်လည်း၊ သူ၏ ပထမဦးဆုံးခရီးစဉ်သည် ထိုင်းနိုင်ငံသို့ဖြစ်ခဲ့သည်။
====ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေး နှီးနောဖလှယ်ပွဲ====
၂၄ နှစ်အတွင်း ပထမဦးဆုံး ပြည်ပခရီးအစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး နှီးနောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်။ ထိုင်းနိုင်ငံသို့ လာရောက်မည်ကို ထိုင်းအစိုးရ နှင့် နိုင်ငံခြာရေးဝန်ကြီးဌာနသို့သတင်းမပေးခဲ့ဘဲ စီးပွားရေး နှီးနှောဖလှယ်ပွဲသို့ သာမန် တက်ရောက်လာသည့် ပုဂ္ဂိုလ်အဖြစ် ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှလည်း ထိုနှီးနောဖလှယ်ပွဲသို့ တက်ရောက်ရန် ရှိခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု သတင်းထွက်ခဲ့သည့်နောက်ပိုင်း၊ အကြောင်းပြချက် မရှိဘဲ မတက်ရောက်နိုင်ဟုဆိုကာ ထုတ်ပြန်ခဲ့သည်။ ဦးသိန်းစိန်သည် သွားရောက်ရန် အချိန်မပေးနိုင်ခဲ့ခြင်းကြောင့်ဟု ဆိုကာ၊ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် [[ဦးနေဇင်လတ်]]မှ နယူးယောက်တိုင်းမ် သို့ အီးမေးလ်ဖြစ် ပြောဆိုခဲ့သည်။<ref>[http://www.nytimes.com/2012/05/30/world/asia/uncertainty-hangs-over-aung-san-suu-kyis-visit-to-thailand.html For example, no one from her office contacted the Thai Foreign Ministry, which normally coordinates such high-profile visits. “As far as I know, we have not been approached by her team,” Mr. Thani said a few hours before she was to land. U Nay Zin Latt, an adviser to Mr. Thein Sein, said the president could not make time to go.“He is extremely busy with his work, and taking great care of transitioning and transformation,” Mr. Nay Zin Latt said in an e-mail. Thai officials said the president’s visit had been rescheduled for next week. ]</ref>
ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်းသို့လည်း သွားရောက်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့သည်။
 
====ဥရောပ နှင့် နိုဘဲလ်ဆု====
ဒေါ်အောင်ဆန်းစုကြည်မှ ဇွန်လ ၁၃ ရက်နေ့ ၂၀၁၂ ခုနှစ်တွင်၊ ဥရောပ ၅ နိုင်ငံကို သွားရောက်လည်ပါတ်ရန် ခရီးစဉ်စတင်ခဲ့သည်။
=====ဆွစ်ဇာလန် ခရီးစဉ်=====
[[File:E18969.jpg|thumb|200px|ဂျီနီဗာမြို့တွင်ကျင်းပခဲ့သည့် [[အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့]] ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်]]
[[ဆွစ်ဇာလန်နိုင်ငံ]] ဂျနီဗာမြို့သို့ ဥရောပ၏ ပထမဦးဆုံးခရီးစဉ် နိုင်ငံအဖြစ် ဇွန်လ ၁၄ ရက် ဗုဒ္ဓဟူးနေ့ ညနက်ပိုင်းတွင်စတင်ရောက်ရှိခဲ့သည်။ နောက်တနေ့၌ [[အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့]]ချုပ် ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဆွဇ်ဇာလန် နိုင်ငံမြို့တော် ဘာ့န်၌ နိုင်ငံခြားရေး ဝန်ကြီး Didier Burkhalter နှင့်တွေဆုံခဲ့သည်။<ref>[http://www.bbc.co.uk/burmese/world/2012/06/120614_aung_san_suu_kyi_ilo.shtml ဒေါ်အောင်ဆန်းစုကြည် ဂျီနီဗာ ရောက်ပြီ]</ref> အချိန်ကွာခြားမှုများနှင့် ခရီးဝေးပျံသန်းမှုများကြောင့် ပင်ပန်းနွမ်းနယ်နေသည့် ဒေါ်စုသည် ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အော့အံခဲ့ပြီး၊ သတင်းစာရှင်းလင်းပွဲ အစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်။<ref>[http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/9332707/Aung-San-Suu-Kyi-cuts-short-news-conference-after-vomiting.html# Aung San Suu Kyi cuts short news conference after vomiting]</ref> ဆွစ်သမ္မတ၏ ဖိတ်ကြားချက် တက်ရောက်သူများ ၈၀ နှင့်အတူ ဧည့်ကြိုပွဲသို့ ခဏတာ တက်ရောက်ခဲ့ပြီး၊ သူမအတွက် အထူးစီစဉ်ထားသည့် ညစာစားပွဲအား ခရီးပန်းမှုများကြောင့် ဖျက်သိမ်းခဲ့ရသည်။ သောကြာနေ့တွင် ပါလီမန်သို့ သွားရောက်ခဲ့ပြီးနောက် နော်ဝေးသို့ ခရီးဆက်တင်ခဲ့သည်။
 
=====နော်ဝေ ခရီးစဉ်=====
[[Image:Kyi diploma.jpg|left|thumb|၁၉၉၁ ခုနှစ်တွင် ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆု ဒီပလိုမာ လက်မှတ်အား တွေ့ရစဉ်<ref>MLA style: "Aung San Suu Kyi - Nobel Diploma". Nobelprize.org.13 Oct 2012
http://www.nobelprize.org/nobel_prizes/peace/laureates/1991/kyi-diploma.html.</ref>]] ၁၉၉၁ ခုနှစ်တွင် နိုဘဲလ် ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့ချိန်တွင် သားနှစ်ဦးနှင့် ခင်ပွန်းတို့မှ ဒေါ်စုကိုယ်စား လက်ခံရယူခဲ့ပြီးနောက်ပိုင်း၊ ၂၁ နှစ်ကြာခဲ့သည့်အချိန်မှသာ ပထဦးဆုံး သူကိုယ်တိုင် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဆုပေးပွဲတွင် နော်ဝေနိုဘဲလ်ကော်မတီမှ အော်စလိုမြို့တော်ခန်းမတွင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက် လက်မှတ်ပေးအပ်နိုင်ခဲ့သည်။
စာကြောင်း ၂၉၄ -
၁၇ရက်နေ့တွင် နော်ဝေနိုင်ငံရှိ ရဖ်တို လူ့အခွင့်အရေး အဖွဲ့တည်ရှိသည့် ဘာဂန်မြို့တော်တွင် တွေ့ဆုံခဲ့သည်။ ၁၈ရက်နေ့တွင် အော်စလိုဖိုရမ်၌ ဒေါ်အောင်ဆန်းစုကြည်၊ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere နဲ့ U2 တေးဂီတအဖွဲ့ ခေါင်းဆောင် အဆိုတော် ဘိုနို တို့မှ အဓိက ဦးဆောင်ဆွေးနွေးကြသူများအဖြစ် ပါဝင်ခဲ့သည်။
 
=====အိုင်ယာလန် ခရီးစဉ်=====
၁၈ရက်နေ့တွင်ပင် အိုင်ယာလန်သို့ ခရီးဆက်တင်ခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား ချီမြှင့်ခဲ့သည့်ချီးမြှင့်ခဲ့သည့် [[Ambassador of Conscience|ယုံကြည်မှုဆိုင်ရာ သံတမန်]] ဆိုသည့်ဆုကြီးကို ယူတူးတေးဂီတ အဖွဲ့မှအဆိုတော် ဘိုနိုမှ ချီးမြှင့်ခဲ့သည်။ ထို့နေ့ ညနေတွင် ယူနိုက်တက်ကင်းဒမ်းသို့ ခရီးဆက်တင်ခဲ့သည်။
 
=====ယူနိုက်တက် ကင်းဒမ်း ခရီးစဉ်=====
၁၉ရက်နေ့ မနက်ပိုင်းတွင် လန်ဒန်စီးပွားရေး နှင့် နိုင်ငံရေးသိပ္ပံ တက္ကသိုလ်၌ တရားဥပဒေစိုးမိုးရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးနောက်၊ ဘီဘီစီ မြန်မာပိုင်းဌာနနှင့် ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့် ဌာန တည်ရှိရာ အသံလွှင့်ရုံးသစ် ကြီးဆီသို့ လည်ပါတ်ခဲ့သည်။ ထိုနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ဖြစ်သောကြောင့် ရောက်ရှိခဲ့သည့် နေရာတိုင်းတွင် သူမအတွက် မွေးနေ့ပွဲများ ကျင်းပပေးခဲ့ကြသည်။ ထို့နေ့ ညနေပိုင်းတွင် သူမနေထိုင်ခဲ့ဘူးသည့် အောက်စ်ဖို့ဒ်၌ မိသားစုဝင်များနှင့်အတူ မွေးနေ့ပွဲ ကျင်းပခဲ့သည်။
 
စာကြောင်း ၃၀၄ -
၂၁ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အမှတ် ၁၀ [[ဒေါင်းနင်းလမ်း]] နေအိမ်၌ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့် တွေ့ဆုံကာ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ထို့နောက် ဗြိတိသျှပါလီမန် နှစ်ရပ်စလုံး၌ မိန့်ခွန်းပြောကြားရန် Westminster ပါလီမန် ခန်းမကြီးထဲ၌ ပုံမှန်အားဖြင့် နိုင်ငံခေါင်းဆောင်တွေကိုသာ မိန့်ခွန်းပြောကြားခွင့်ရှိသော်လည်း၊ နိုင်ငံတော် သမ္မတ မဟုတ်သေးသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဦးဆုံး အထူး ဂုဏ်ပြုသည့်အနေနှင့် ထိုခန်းမကြီး၌ မိန့်ခွန်းပြောကြားခွင့် ပေးခဲ့ခြင်းဖြစ်သည်။ ထိုဂုဏ်ထူးဆောင်ခန်းမကြီးတွင် မိန့်ခွန်းပြောခွင့်ရသူများတွင် [[ချားလ်စ်ဒီဂေါ]]၊ [[နဲလ်ဆန်မန်ဒဲလား]]၊ [[၁၆ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီး]] နှင့် [[ဘာရက် အိုဘားမား]]တို့ ဖြစ်ကြသည်။ဒေါ်စုသည် ပထမဦးဆုံး အာရှနိုင်ငံသား နှင့် ၊ ပြည်ပမှ ပထမဦးဆုံး အမျိုးသမီး၊ နိုင်ငံခေါင်းဆောင်မဟုတ်သေးသူတစ်ယောက်ကို ဤနေရာ၌ ဂုဏ်ပြုမိန့်ခွန်းပြောကြားခွင့်ပေးခြင်းဖြစ်သည်ဟု ဂျွန်ဘာကောင်း မှ အဖွင့်အမှာစကားပြောကြာခဲ့သည်။ ဇွန်လ ၂၂ရက်နေ့တွင် ဗြိတိန်ရောက် မြန်မာများနှင့်လည်း လန်ဒန်တွင် တွေ့ဆုံခဲ့သည်။
 
=====ပြင်သစ် ခရီးစဉ်=====
ပြင်သစ် သမ္မတ ဖိတ်ကြား ချက်အရ၊ ဗြိတိန်ခရီးစဉ်မှ ပြင်သစ် ပါရီမြို့သို့ ရထားဖြင့် ဇွန်လ်၂၆ရက် အင်္ဂါနေ့၌ ရောက်ရှိခဲ့သည်။ ထိုနေ့ညနေပိုင်းတွင် ပြင်သစ်သမ္မတနှင့် တွေ့ဆုံခဲ့သည်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း၌ ၂ဝဝ၄ ခုနှစ်တွင် ပါရီမြို့မှ ပေးအပ်ခဲ့သည့် [[ပါရီ ဂုဏ်ထူးဆောင် မြို့သူဆု|ဂုဏ်ထူးဆောင် မြို့သူ]] ဆုကို မြို့တော်ဝန် ဆီမှ လက်ခံ ရယူခဲ့သည်။ ၂၇ရက် မနက်ပိုင်းတွင် ဥရောပရောက် မြန်မာနိုင်ငံသားများနှင့်လည်း တွေ့ဆုံပြီး မေးခွန်းများ အမေးအဖြေပြုလုပ်ခဲ့သည်။ မိုနာလီဇာ ပန်းချီကား နှင့် အခြားအနုပညာလက်ရာများတည်ရှိရာ ပါရီပြတိုက်များသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ၂၉ ရက်နေ့၌ ဥရောပခရီးစဉ် ပြီးဆုံးကာ မြန်မာနိုင်ငံသို့ ပြန်လည် ခရီးထွက်ခွာခဲ့သည်။ <ref>{{cite web|url=http://www.bbc.co.uk/burmese/world/2012/06/120626_dassk_paris.shtml |title=BBC Burmese - နိုင်ငံတကာ - ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ကို ရောက်ပြီ |publisher=Bbc.co.uk |date=1970-01-01 |accessdate=2014-02-09}}</ref>
 
====မြန်မာဟု အသုံးပြုရန်====
၂၉ ရက် ဇွန်လ ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များတွင် မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာစကားဖြင့် ဘားမား ဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည့်အပေါ် မြန်မာလို့သာ သုံးနှုန်း ပြောဆိုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတိပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လို မြန်မာလို့ မခေါ်ဆိုခြင်းသည် စကားလုံးကို ဆန့်ကျင်ကန့်ကွက်ခြင်းမဟုတ်ဘဲ စစ်အစိုးရမှ လူထု၏ဆန္ဒကို မရယူခဲ့ဘဲ ကိုယ့်သဘောနှင့်ကိုယ် အမည်ပြောင်းလည်းခဲ့ခြင်းကို မကြိုက်ခြင်းကြောင့် အသုံးမပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။<ref>[http://www.bbc.co.uk/burmese/burma/2012/06/120629_dassk_burma.shtml Myanmar လို့ မခေါ်လို့ ဒေါ်အောင်ဆန်းစုကြည် ကို သတိပေး]</ref>
 
====အမေရိကန်ပြည်ထောင်စု နှင့် ကွန်ဂရက်ရွှေတံဆိပ်====
[[Image:Barack Obama meets with Aung San Suu Kyi Sept. 19, 2012.jpg|thumb|အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်]]ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သူမ၏အမေရိကန်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပြီး [[ဝါရှင်တန်ဒီစီ]]၊ [[နယူးယောက်]]၊ [[ဖို့ဝိန်း]]၊ [[လူးဝစ်ဗီးလ်]]၊ [[ဆန်ဖရန်စစ္စကိုမြို့|ဆန်ဖရန်စစ္စကို]]နှင့် [[လော့စ်အိန်ဂျယ်လိစ်မြို့]]ကြီးများသို့ ရောက်ရှိခဲ့သည်။ ၂ဝဝ၈ ခုနှစ်၌ ချီးမြှင့်သော အမေရိကန်ပြည်ထောင်စု အမြင့်ဆုံးဆုဖြစ်သည့် [[ကွန်ဂရက်ရွှေတံဆိပ်]] ဆု၊ Atlantic Council မှပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု၊ Asia Society မှပေးအပ်သည့် Global Vission ဆု၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်ကပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် National Endowment For Democracy (NED) မှ ၂ဝဝဝ ပြည့်နှစ်ကတည်းက ပေးအပ်ထားသည့် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဆယ်နှစ်ပြည့် ဂုဏ်ပြုရုပ်ထုကို ကိုယ်တိုင်လက်ခံရယူခဲ့သည်။<ref>ဒီလှိုင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈)၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မှ</ref> ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ဆုံခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကိုလည်း နယူးယောက်မြို့၌ တွေ့ဆုံခဲ့သည်<ref>[http://www.bbc.co.uk/burmese/burma/2012/09/120921_dassk_bankimoon.shtml အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။]</ref>။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်း၊ သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ သမ္မတဦးသိန်းစိန်တည်းခိုရာသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများ ဖယ်ရှားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူပွဲတွင် မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းတက်ရောက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံရောက် မြန်မာများ တွေ့ဆုံခြင်း၊ သမိုင်းဝင်မိန့်ခွန်းများပြောကြားခြင်း စသည့် အပြုသဘောဆောင်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေခဲ့သည်။<ref>[http://www.bbc.co.uk/burmese/burma/2012/09/120925_asskfortwayne.shtml ဖို့ဝိန်း မြန်မာတွေနဲ့ ဒေါ်စုတွေ့]</ref>