ကယ်လီဖိုးနီးယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၃ -
 
===စပိန်တို့အုပ်ချုပ်ခြင်း===
[[File:Coat of arms of Californias.svg|thumb|left|upright|ကယ်လီဖိုးနီးယားနယ်သားများအား နယ်စားကြီး အန်တိုနီယို ဒီ မန်ဒိုဇာမှ ချီးမြှင့်ခဲ့သော စည်းတံဆိပ်]]
၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သော [[မက္ကဆီကိုနိုင်ငံ]]၌ လာရောက် နေထိုင်ကြသည့် စပိန်လူမျိုး တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ် ရှိသည်ဟု စိတ်ကူးယဉ်ယဉ်နှင့်တွေးကာ ပြောဆိုခဲ့ ကြသည်။ ထိုသို့ ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီဂေ့ကားဗရီးဟိုး ဆိုသူ ပေါ်တူဂီလူမျိုး တစ်ဦးသည် စပိန်သင်္ဘောတစ်စင်းဖြင့် ရွှေတွင်းများရှိရာ အရပ်ကို စူးစမ်း ရှာဖွေရန် ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး ပင်လယ်အော်ထဲသို့ ရောက်ရှိခဲ့လေသည်။
[[File:Mission San Diego de Alcala in 1848.jpg|thumb|၁၈၄၈ မစ်ရှစ် စန်ဒီယေးဂိုး ဒီ အယ်လ်ကာလာ စတင်စဉ်။ ၁၇၆၉ ခုနှစ်တွင် စတင်ခဲ့သော ထိုမစ်ရှင်သည် ပထမဆုံး ကယ်လီဖိုးနီးယား မစ်ရှင်တစ်ခု ဖြစ်သည်။]]
 
ကယ်လီဖိုးနီးယားကမ်းရိုးတန်းအား ပထမဆုံး စွန့်စားသွားလာခဲ့ကြသူများမှာ ဟွမ် ရိုဒရီဂေ့ ကာဗရီဟိုး ဆိုသော ပေါ်တူဂီ ရေယာဉ်မှူး တစ်ဦးမှ ဦးဆောင်သော ရွက်လွင့်ခရီးသွားလာသည့် အဖွဲ့ဖြစ်ပြီး သူတို့သည် ၁၅၄၂ ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် စန်ဒီယေးဂိုး ပင်လယ်အော်သို့ ဝင်ရောက်ခဲ့ကာ မြောက်ဘက်တွင် ဆန်မစ်ဂူရယ်ကျွန်းအထိ အနည်းဆံုး ရောက်ရှိခဲ့ကြသည်။{{sfn|Rolle|1987|pp=34–35}} ၁၅၇၉တွင် အင်္ဂလိပ်လူမျိုး ရေတပ်ဗိုလ်နှင့် စူးစမ်းရှာဖွေသူ ဖရန်စစ်ဒရိတ်မှ ကယ်လီဖိုးနီးယားကမ်းရိုးတန်း၏ တစိတ်တဒေသကို သိမ်းပိုက်ကြောင်း ကြေငြာခဲ့ကာ နောက်တွင် ဆန်ဖရန်စစ္စကိုမြို့ဖြစ်လာမည့် နေရာ၏ မြောက်ဘက်တွင် ကမ်းသို့ တက်ရောက်ခဲ့သည်။{{sfn|Rolle|1987|pp=40–41}} အမေရိကန်ပြည်ထောင်စု ဖြစ်လာမည့် နေရာသို့ အာရှသားတို့ ပထမဆုံး ခြေချခြင်းမှာ ၁၅၈၇ခုနှစ်တွင် ဖြစ်ပျက်ခဲ့ပြီး စပိန်သင်္ဘောနှင့် လိုက်ပါလာသော ဖိလစ်ပိုင်သင်္ဘောသားတို့ မော်ရိုပင်လယ်အော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။<ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref><ref>{{cite book |first1=Linda C. |last1=Tillman |first2=James Joseph |last2=Scheurich |title=The Handbook of Research on Educational Leadership for Equity and Diversity|url= {{google books |plainurl=y |id=vSKAAAAAQBAJ|page=202}}|date=August 21, 2013|publisher=Routledge|isbn=978-1-135-12843-2|page=202}}</ref><ref>{{cite book|author=Huping Ling|title=Asian America: Forming New Communities, Expanding Boundaries|url= {{google books |plainurl=y |id=K-DdvbJM_gQC|page=109}}|date=April 29, 2009|publisher=Rutgers University Press|isbn=978-0-8135-4867-8|page=109}}</ref> စီဘက်စတီးယန်း ဗစ်ကိုင်နိုသည် ကယ်လီဖိုးနီးယား ကမ်းရိုးတန်းအား နယူးစပိန်အတွက် ၁၆၀၂ ခုနှစ်တွင် စူးစမ်းသွားလာကာ မြေပုံ​ရေးဆွဲခဲ့ပြီး မြောက်ဘက် မန်ဒိုချီနို အငူအထိ ရွက်လွှင့်သွားလာခဲ့ကြသည်။{{sfn|Rolle|1987|p=44}}
၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကယ်လီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သည်။ ထိုနောက် ပင်လယ်ခရီးတွင် စွန့်စားဝံ့သော အခြားပုဂ္ဂိုလ်များလည်း ကယ်လီဖိုးနီးယား ကမ်းခြေသို့ ရောက်ခဲ့ကြ၏။ သို့သော် နောင်နှစ်ပေါင်း ၂ဝဝ ခန့်ကြာမှ ကာလီဖိုးနီးယားတွင် လူများ အတည်တကျ နေထိုင်စ ပြုခဲ့လေသည်။ ရှေးဦးစွာ လာရောက် နေထိုင်သူများမှာ မက္ကဆီကိုမှ ဖရန်စစ္စကန် ဘုန်းကြီးများ ဖြစ်သည်။ ထိုနောက် ၁၇၆၉ ခုနှစ်နှင့် ၁၇၇ဝ ပြည့်နှစ်များတွင် စပိန်အစိုးရသည် ကယ်လီဖိုးနီးယားပြည်နယ်ကို သိမ်းပိုက်လိုက်၏။ မွန်းထရေးမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမဆုံး မြို့တော်ဖြစ်ခဲ့သည်။
 
စပိန်အစိုးရလက်ထက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသည်။ စပိန်တို့၏ လက်အောက်တွင် နှစ်ပေါင်း ၅ဝ ကျော်မျှ ကျရောက်ခဲ့၏။ ထိုခေတ်မှ ကြွင်းကျန်ခဲ့သော အရာများအနက် ဖရန်စစ္စကန် သာသနာပြုအဖွဲ့များနှင့် ယင်းတို့တည်ဆောက်ခဲ့သော ထူးခြားသည့် အဆောက်အအုံများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။
 
===မက္ကဆီကန်တို့ အုပ်ချုပ်ခြင်း===