ငွေမိုးမှို၊ ငွေနှင်းမှိုမျိုးစု: တည်းဖြတ်မှု မူကွဲများ

"ငွေမိုးမှို၊ င..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၈:၂၈၊ ၂၂ နိုဝင်ဘာ ၂၀၂၀ ရက်နေ့က မူ

ငွေမိုးမှို၊ ငွေနှင်းမှိုဟူ၍ ရောထွေးခေါ်ဝေါ်နေကြသော်လည်း ၎င်းမှိုနှစ်မျိုးသည် မျိုးစုတူ (genus)၊ မျိုးစိတ်ကွဲ (species) ဖြစ်သည်။ ပေါက်ရောက်ပုံနှင့် ပုံသဏ္ဍာန်ဆင်တူသဖြင့် သာမာန်အားဖြင့် အရောင်ကိုသာ ခွဲခြားကြပါသည်။ အဖြူရောင်ရှိသောမှိုကို ငွေမိုးမှို (Pueurotus ostreatus) ဟုလည်းကောင်း၊ မီးခိုးရောင်ပါသောမှိုကို ငွေနှင်းမှို (Pleurotus sajor-caju) ဟုလည်းကောင်း အစဉ်အဆက် သတ်မှတ်ခေါ်ခဲ့ကြသည်။

ဤမှိုနှစ်မျိုးသည် ၁၉၇၉-၈၀ ခန့်တွင် ထိုင်းနိုင်ငံမှ တင်သွင်းခဲ့သော မျိုးများဖြစ်သည်။ ထိုင်းနိုင်ငံတွင် ငွေမိုးမှိုကို နမ်လုမ်မှို (Namrom) ဟုခေါ်၍ ငွေနှင်းမှိုကို နမ်ဖမှို (Nampha) ဟု ခေါ်သည်။

ငွေနှင်းမှို၊ ငွေမိုးမှို၊ ပြည်သာယာမှို တို့သည် မျိုးစုတူကြပြီး မျိုးစုအမည်မှာ Pleurotus ဖြစ်သည်။ မျိုးစုကို အစွဲပြုပြီး ၎င်းအုပ်စုဝင်မှိုများအားလုံးကို Pleurotus Mushroom ဟုခ ခေါ်ဝေါ်သုံးစွဲကြသည်။ အင်္ဂလိပ်ါအမည်မှာ Oyster Mushroom ဖြစ်ပြီး သာမန်အားဖြင့် ဤအမည်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ မျိုးစုအမည် Pleurotus ဟူသောစကားလုံးသည် ဂရိစကား Pleuron မှ ဆင်းသက်လာပြီး ဘေးဘက် (သို့မဟုတ်) နားရွက်ဟု အဓိပ္ပာယ်ရသည်။ ဤမှိုများသည် သဘာဝတွင် သစ်တုံးဆွေးများ၌ ပေါက်ရောက်တတ်သဖြင့် သစ်တုံးများ၏ ဘေးတွင် နားရွက်နှင့်တူသော ဤမှိုမားပေါက်လာပုံကို မူတည်၍ ခေါ်ဝေါ်သုံးခဲ့ခဲ့ဟန်တူသည်။


ငွေမိုးမှို၊ ငွေနှင်းမှို၊ မှိုရွှေညို စီးပွားဖြစ် မျိုးထုတ်နည်း၊ စီးပွားဖြစ်စိုက်ပျိုးနည်း။ စောထိန်လင်း။ ပဉ္စမအကြိမ်၊ မေ ၂၀၁၇၊ ဖြူသဇင်စာပေ၊ ရန်ကုန်။