ဝင်းမြမြ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fix infobox
No edit summary
စာကြောင်း ၃၁ -
 
ဒေါ်ဝင်းမြမြသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းဖြစ်သည်။ မဲဆန္ဒနယ်မှာ စဉ့်ကိုင်မြို့နယ်ဖြစ်သည်။
ဒေါ်ဝင်းမြမြသည် မန္တလေးမြို့တွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုလူထုအရေးတော်ပုံတွင်ပါတင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထူထောင်သည့် ၁၉၈၉ ခုနှစ်ကတည်းက ပါတီဝင်အဖြစ်ပါဝင်ခဲ့သည်။
 
ဒေါဝင်းမြမြငယ်စဉ်ကလည်း မိဘများ၏ ကိုယ်ပိုင်အထည်အလိပ်လုပ်ငန်းကို ပြည်သူပိုင်အသိမ်းခံခဲ့ရသည်။ မန္တလေးဈေးချိုအတွင်းရှိ 'စန်းရောင်ရှင်' အမည်ရှိ မိသားစုပိုင်လက်ကျန်ဆိုင်သည်လည်း ဒေါ်ဝင်းမြမြတို့ ညီအစ်မကိုမောင်နှမများ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ပိတ်သိမ်းခံခဲ့ရသည်။
 
၂၀၀၃ ဒီပဲယင်းအရေးအခင်း၌ လူအုပ်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ရိုက်နှက်ခံခဲ့ရ၍ လက်နှစ်ဘက်တွင် သေရာပါဒဏ်ရာဒဏ်ချက်များရရှိခဲ့သည်။
 
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုချိန်က ဒေါ်ဝင်းမြမြသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်မှုဖြင့် မန္တလေးမြို့ အိုးဘိုထောင်တွင် အချုပ်သားအဖြစ်ရှိနေခဲ့သည်။ ထိုစဉ်က အကျဉ်းထောင်တွင်းမှာနေ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပြီး ကချင်ပြည်နယ် ပူတာအိုထောင်သို့ အပို့ခံခဲ့ရသည်။<ref>https://myanmar-now.org/mm/news/4178</ref>
 
==အကိုးအကား==
{{reflist}}