မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
အရေးမကြီးNo edit summary
စာကြောင်း ၃၆ -
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ လမ်းစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာဖြစ်ပြီး၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အခြေခံသဘောတရားကတော့ “လူနှင့်ပတ်ဝန်းကျင်တို့၏ [[အညမည သဘောတရား]]” ဆိုတာဖြစ်ပါတယ်။ ‘မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်’ကို ၁၉၆၂၊ ဧပြီ-၃၀ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့ပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အခြေခံလမ်းညွှန် သဘောတရား ဖြစ်တဲ့ (လမ်းစဉ်ပါတီ၏ ‘တွေးခေါ်မြော်မြင်ရေး သဘောတရား’ လို့ခေါ်ဆိုတဲ့) “လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား” ကိုတော့ ၁၉၆၃၊ ဇန်နဝါရီ-၁၇ ရက်နေ့မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီ “အညမည သဘော တရား” ဆိုတာကတော့ “လူ့ဘောင်ဖြစ်ပေါ်မှုသမိုင်းတွင် လူ့ဘောင်၏ရုပ်ပိုင်းဘ၀ ဖွဲ့စည်းဖြစ်ပေါ်မှုများနှင့် စိတ်ပိုင်း ဘ၀ ဖြစ်ပေါ်မှုများ သည် အချင်းချင်းအပြန်အလှန် ကျေးဇူးပြုနေကြသည် ဟူသော အညမည သဘောတရား အတိုင်း ဖြစ်ပျက် ပြောင်းလဲ နေကြပေသည်” လို့ဖော်ပြထားရင်း၊ ရုပ်အဓိကဝါဒလဲမဟုတ်၊ စိတ်အဓိက ဝါဒလည်းမဟုတ်တဲ့ [[နာမရူပဝါဒ]] သဘော တရား တမျိုးဖြစ်ပါတယ်။ အညမည အပြန်အလှန်အကြောင်းပြု ကျေးဇူးပြုနေကြတယ်ဆိုတာကို ကောက်ယူပြီး၊ လက်ဝဲစွန်း-လက်ယာစွန်းဆိုတဲ့ အစွန်းနှစ်ပါးကလွတ်တဲ့ “[[မစ္ဈိမပဋိပဒါ လမ်းစဉ်]]” သဘောတရားအဖြစ်နဲ့ အမွှမ်းတင် အသွင် ဆောင်ယူထားတဲ့ အခြေခံလမ်းညွှန်သဘောတရားဖြစ်ပါတယ်။
 
== အခြေခံဉပဒေအခြေခံဥပဒေ နှင့် တပါတီစနစ်တစ်ပါတီစနစ် ==
ဘယ်ပါတီမှ တည်ရှိခွင့်မပြု၊ ဖျက်သိမ်းပစ်လိုက်ပြီးပြီ ဖြစ်တဲ့ အတွက် တခုတည်းသော မဆလ ပါတီကြီးဟာ ပါတီရဲ့ ဦးဆောင်မှုနဲ့ “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာမှ ၁၉၇၃-ဩဂုတ်လအတွင်း ပထမ မူကြမ်း၊ ဒုတိယ မူကြမ်း၊ တတိယ မူကြမ်း ဆိုတာတွေကို (၃) ကြိမ် (၃) ခါ ရေးဆွဲခဲ့ပြီး ၁၉၇၃၊ ဒီဇင်ဘာ-၁၅ မှ ၃၁ ရက်နေ့ အထိ [[ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ]]ကျင်းပကာ ၁၉၇၄၊ ဇန်နဝါရီ-၃ ရက်နေ့မှာ အတည်ပြု ပြဋ္ဌာန်း ကြေညာခဲ့ပါသည်။ ထို နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ [[၁၉၇၄ အခြေခံဥပဒေ]] အခြေခံပုဒ်မ (၁၁) အရ “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် နိုင်ငံတော် ၏ တခုတည်းသော နိုင်ငံရေးပါတီ ဖြစ်၍ နိုင်ငံတော်အား ဦးဆောင်သည် ဆိုပြီး”အစစအရာရာ “ပါတီရဲ့ဦးဆောင်မှု” ကို ချမှတ် အကောင် အထည်ဖော်ခဲ့ပါသည်။